


မြန်မာအမည် – ထင်းရှူး
အင်္ဂလိပ်အမည် – Pine
ရုက္ခဗေဒအမည် – Pinus sylvestris L.
မျိုးရင်း – Pinaceae
ပြန်နှံ့ပေါက်ရောက်ပုံ – မူရင်းဒေသအဖြစ် အာရှတိုက်၊ဥရောပတိုက်နှင့်အမေရိကတိုက် တို့တွင် အများအပြားပေါက်ရောက်ပြီး၊ မြန်မာနိုင်ငံတွင် ရှမ်း ကုန်းပြင်မြင့်၌ များစွာပေါက်ရောက်သည်ကို တွေ့ရပါသည်။
အပင်သရုပ် – အမြင့်ပေ ၈ဝ မှပေ ၁၁၅ ထိရှိပြီး အပင်ကြီးမျိုးဖြစ်၍ ပင်စည် ဖြောင့်တန်းကာ ရွက်အုပ်များမှာ ပြန့်ကားသွားပြီး တ ဖြည်း ဖြည်း ထီးပုံသဏ္ဍာန် ဖြစ်လာသည်။
အခေါက် – နီညိုရောင်အရောင်ရှိပြီးအသက်ရင့်လာသည်နှင့်အမျှ အခေါက် သည် ထွန်သွားပုံအကြေးခွံ ပုံသဏ္ဍာန်ဖြစ်ပေါ်လာသည်။
အရွက် – ထူးခြားသည့် အပ်ပုံသဏ္ဌာန် အမြဲစိမ်းအရွက်များ ရှိပြီး၊ အလျား ၂ မှ ၅ စင်တီမီတာ ခန့်ရှိ ပုံသဏ္ဍာန်ရှိသည်။
ပန်းခိုင် – အပွင့်များသည် cone တွင် လိင်စုံသောပန်းခိုင်ဖြစ်သည်။
ပန်းပွင့် – Coneသည်အညိုရင့်ရောင်ဖြစ်ပြီး၊ ထူးခြားသော ပုံသဏ္ဍာန်ရှိ သည်။
အသီးနှင့်အစေ့– အသီးများမှာ ဘဲဥပုံသဏ္ဍာန်ရှိပြီး အရှည် ၄ မှ ၈ လက်မအထိ ရှည်သည်။
ပွင့်သီးချိန် – ဧပြီလမှ မေလအထိ ပန်းပွင့်ပြီး၊ စက်တင်ဘာလမှ အောက်တို ဘာလအထိအသီးသီးချိန်ဖြစ်သည်။
အသုံးဝင်မှု – သစ်သားကို ဆောက်လုပ်ရေး၊ လက်သမားနှင့် ပရိဘောဂများ ပြုလုပ်ရာတွင် အသုံးပြုပြီး၊ သစ်စေးကို တာပင်တိုင်နှင့် ရော့စင်၊ ဆေးဆိုးဆေး၊ အရောင်တင်ဆီများနှင့် ပုံနှိပ်မင်များ ကဲ့သို့သော စက်မှုနှင့် အနုပညာဆိုင်ရာ အမျိုးမျိုးသော အရေး ပါသော ပစ္စည်းများကို ထုတ်လုပ်ရာတွင် အသုံးပြုခဲ့သည်။



Myanmar Name –
Common Name –
Botanical Name – Pinus sylvestris L.
Family Name – Pinaceae
Habitat –
Habit –
Bark –
Leaves –
Inflorescence –
Flower –
Fruit –
Seed –
Flowering and Fruiting Time –
Usage –