





မြန်မာအမည် – ဆင်စွယ်ဂမုန်း
အင်္ဂလိပ်အမည် – Common Spear Plant, Spear Sansevieria
ရုက္ခဗေဒအမည် – Dracaena angolensis (Welw. ex Carrière) Byng & Christenh.
မျိုးရင်း – Asparagaceae
ပြန်နှံ့ပေါက်ရောက်ပုံ – မူရင်းဒေသများမှာ အင်ဂိုလာနှင့် အာဖရိကတောင်ပိုင်းဒေသများဖြစ် သည်။
အပင်သရုပ် – ပင်ပျော့အမျိုးအစားဖြစ်ပြီး၊ မြေအောက်ပင်စည်ရှိသော အရည်ရွမ်းသည့် အပင်မျိုးဖြစ်ကာ ယပ်တောင်ပုံသဏ္ဍာန်ဖြင့် ကြိမ်လုံးသဏ္ဍာန်တူသော အရွက်များပါရှိသည်။ အရွယ်အာဖြင့် ၀.၉-၁.၂ မီတာခန့်ရှိသည်။
အရွက် – တောင့်တင်းသော ဆလင်ဒါပုံ အရွက်များသည် ထိပ်တွင်ချွန်ထက်၍ အဖျားပိုင်းသို့ သွယ်ပြီး၊ မျက်နှာပြင်တွင် အချိုင့်စင်များရှိသည်။ အရွက်သည် (၀.၆-၁.၅ မီတာရှည်၍ ၂-၃ စင်တီမီတာအကျယ်ရှိသည်။ အရွက်သည် စိမ်းပြာရောင်ရှိပြီး နက်မှောင်သော အစင်းလိုင်းများဖြင် အစိမ်းရင့်ရောင် ရှိသည်။
ပန်းခိုင် – အဆုံးမရှိ ကြောင်မြီးပန်းခိုင်အမျိုးအစားဖြစ်သည်။
ပန်းပွင့် – အဖြူရောင်၊ မွှေးကြိုင်သောပန်းများသည် အဖျားပိုင်း နောက်ပြန် အနေအထားရှိသည့် ပွင့်ချပ် ၅ ခုပါရှိသော ပြွန်ပုံများ (အရှည် 2.5 စင်တီမီတာ) ရှည်လျားပြီး ဖြူဖွေးသော ၀တ်ဆံဖိုများသည် ပွင့်ချပ်များ ထက်ကောင်းစွာပြန့်ပွားသည်။ ပန်းပွင့်များသည် ကြောင်မြီးပန်းခိုင် တလျောက် စက်ဝန်းပတ်ပုံစံဖြင့် ပွင့်ကြသည်။
အသီး – အသီးသည် အရွယ်သေးငယ်ပြီး ကြမ်းတမ်းသည်။ အရောင်အဆင်းမှာ အစိမ်းရောင်ရှိကာ ရင့်မှည့်လာပါက အဝါနုရောင်သို့ပြောင်းလဲသွားသည်။ အသီးသည် အရည်ရွမ်းပြီး အချင်းအားဖြင့် ၇-၉ မီလီမီတာရှိကာ အစေ့နှစ် စေ့ပါရှိသည်။
အစေ့– အစေ့သည် အညိုဖျော့ရောင်ရှိပြီး ရှည်သွယ်သောပုံရှိသည်။ ၆-၇ မီလီမီတာအရှည်နှင့် ဗျက် ၅ မီလီမီတာရှိသည်။
ပွင့်သီးချိန် – နွေရာသီတွင်ဖူးပွင့်လေ့ရှိသည်။
အသုံးဝင်မှု – ဖျားနာခြင်း၊ ယားယံခြင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပိုးဝင်ခြင်း၊ ချောင်းဆိုးခြင်း၊ လိပ်ခေါင်း၊ တုပ်ကွေး၊ ချောင်းဆိုးခြင်း၊ ဆီးချိုရောဂါ၊ ကင်ဆာနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကုသခြင်းတွင် အသုံးပြုကြ သည်။ ဆံပင်ဆိုးဆေး၊ သဘာဝ ပဋိဇီဝဆေးနှင့် အကိုက်အခဲ ပျောက်ဆေးအဖြစ်၊ ဤအပင်ကို ဒဏ်ရာများ၊ ညောင်းညာခြင်း၊ ဒဏ်ရာများနှင့် အနာများကို ကုသရန်အတွက် အသုံးပြုသည်။ အရွက်များနှင့် အမြစ်များကို ပြုတ်ပြီး အသုံးပြုသည်။ အနာများနှင့် မြွေကိုက်ခြင်းကဲ့သို့သော ပြင်ပကုသမှုများတွင်လည်းအသုံးပြုကြသည်။






Myanmar Name – Sin- Sawe- Gamone
Common Name – Common Spear Plant, Spear Sansevieria
Botanical Name – Dracaena angolensis (Welw. ex Carrière) Byng & Christenh.
Family Name – Asparagaceae
Habitat – native to Angola in Southern Africa.
Habit – Herb, Rhizomatous succulent with rod-like leaves that alternate to form a fan-like shape, growing up to 0.9 – 1.2 m tall and 0.6 – 0.9 m wide.
Leaves – Stiff, cylindrical leaves taper to a sharp point and have a ribbed surface (0.6 – 1.5 m long, 2 – 3 cm wide). Leaves are greyish green with indistinct dark green bands that create a striped pattern.
Inflorescence – A spike-like inflorescence that is actually a raceme.
Flower – White, fragrant flowers are tubular with 5 linear lobes curled backwards (2.5 cm long). The long, white stamens extend well beyond the lobes. Flowers are arranged in a whorled pattern along a spike-like inflorescence that is actually a raceme.
Fruit – The fruit of D. angolensis is small and round and the color changes from green to bright orangewhen ripe. This fleshy fruit has a 7-9 mm diameter and consists of two seeds,
Seed – pale brown and elongated in shape, with a length and width of 6-7 mm and 5 mm
Flowering and Fruiting Time – summer
Usage – It is traditional use in includes the treatment of fever, itching, respiratory infections, coughs, hemorrhoids, influenza, cough, diabetes, cancer and respiratory infections. As a hair tonic, natural antibiotic and pain reliever, this plant is often used externally for treating bruises, sprains, wounds and boils. It is used by boiling its leaves and roots before consumption. For external treatment such as wounds and snakebites