



မြန်မာအမည် – ဘဲ့ပြား
အင်္ဂလိပ်အမည် – Pink mempat, Katong, Mahkame
ရုက္ခဗေဒအမည် – Cratoxylum neriifolium Kurz
မျိုးရင်း – Hypericaceae
ပြန်နှံ့ပေါက်ရောက်ပုံ – အရှေ့တောင်အာရှရှိဇာတိမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံတွင် မြေနိမ့်ပိုင်း နှင့်တောင်ကုန်း မိုးသစ်တောများတွင် ပေါက်ရောက်ကြပါသည်။
အပင်သရုပ် – အပင်အမြင့် ၃၀ မီတာခန့်ရှိပြီး အပင်ကြီး အမျိုးအစား ဖြစ်သည်။ ဖြောင့်သောပင်စည်ရှိပြီး ရွက်အုပ်ကောင်းသည်။ အရွယ်ရောက်သော အခါတွင် ပင်စည်လုံးပတ် သည် ခန့်မှန်းခြေအားဖြင့် ၃၀ စင်တီမီတာမှ ၆၀ စင်တီ မီတာ အထိရှိသည်။
အခေါက် – ပုံမှန်အားဖြင့် မီးခိုးရောင် သို့မဟုတ် အညိုရောင်ရှိပြီး ကြမ်းတမ်းသော အသွင်အပြင်ရှိသည်။
အရွက် – ရွက်ဆိုင်ထွက်သည့် ရွက်ထီးအမျိုးအစားဖြစ်သည်။ ရွက်မွှာသည် လှံစွပ်ပုံသဏ္ဍာန် ရှိ၍ ရွက်နားညီသည်။
ပန်းခိုင် – ကြားထွက်ပန်းခိုင်ဖြစ်ပြီး အဆုံးရှိပန်းခိုင်အမျိုးအစား ဖြစ်သည်။
ပန်းပွင့် – လိင်စုံပန်းပွင့်ဖြစ်ပြီး လေးခြမ်းညီပန်းပွင့်လေးများဖြစ်၍ နီညို ရောင် ဖျော့ဖျော့သန်းသည်။ ပွင့်ချပ် ၅ ခုရှိ၍ ဝတ်ဆံဖိုများသည် အဝါရောင် သန်းသည်။
အသီးနှင့်အစေ့– ဘဲဥပုံအက်ကွဲသီး အမျိုးအစားဖြစ်၍ အညိုရောင်သန်းသည်။
ပွင့်သီးချိန် – ပန်းပွင့်ချိန်သည် မေလမှ ဇူလိုင်လအထိဖြစ်ပြီး ဇူလိုင်လမှ စက်တင် ဘာလအထိအသီးသီးချိန်ဖြစ်သည်။
အသုံးဝင်မှု – တိုင်းရင်းဆေးတွင် ဖျားနာခြင်း၊ ဝမ်းလျှောခြင်းနှင့် အရေပြား ရောဂါများကဲ့သို့သော ဝေဒနာများကို ကုသရာတွင် အသုံးပြုသည်။ အလှစိုက်အပင်အဖြစ်လည်း စိုက်ပျိုးသည်။




Myanmar Name – Bebya
Common Name – Pink mempat, Katong, Mahkame
Botanical Name – Cratoxylum neriifolium Kurz
Family Name – Hypericaceae
Habitat – Native tree species in Southeast Asia, and Myanmar is one of the countries within its natural range. The distribution in Myanmar can vary, but it is typically found in the lowland and hill rainforests and other suitable habitats across different regions of the country.
Habit – Large tree with a straight, tall trunk and a generally upright habit. It can reach heights of up to 30 meters. DBH ranging from approximately 30 cm to 60cm when mature.
Bark – Typically gray or brown and may have a rough texture.
Leaves – Leaves simple, opposite and decussate, lanceolate to elliptic oblong, margin entire.
Inflorescence – Inflorescence axillary or terminal cymes or panicles, in axils of fallen leaves, heterotristylous or heterodistylous.
Flower – Flowers bisexual, actinomorphic, pedicel short, bracteoles minute, caducous, sepals 5, subequal, lanceolate-ovate, coriaceous, usually accrescent, persistent, petals 5, oblanceolate to obovate, alternate to sepals, crimson red, white, pink, caducous or persistent.
Fruit & Seed – Fruit capsule, ovoid-ellipsoid, 3 septiferous valved, approximately 8mm long, yellow-brown-black, dehiscing loculicidally, persistent or woody placenta at the base of the capsule. Seeds oblong-obovate, winged unilaterally or all round, brown, embryo cylindric-oblong, erect.
Flowering and Fruiting Time – Flowering time from May to July and Fruiting time from July to September.
Usage – In traditional medicine, believed to have properties that can treat ailments such as fever, diarrhea, and skin diseases. Also cultivated for its ornamenta.