လက်ထုတ်ကြီး

အပင်သရုပ်
အခေါက်
အရွက်
ပန်းခိုင်
အသီး
အစေ့

မြန်မာအမည် – လက်ထုတ်ကြီး

အင်္ဂလိပ်အမည် – Bitter Oleander, Conessi bark, Ester tree

ရုက္ခဗေဒအမည် HolarrhenapubescensWall.ex.G.Don

မျိုးရင်း – Apocynaceae

ပြန်နှံ့ပေါက်ရောက်ပုံ – အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံအပါအဝင် တောင်အာရှနိုင်ငံများတွင် မူရင်းဒေသအဖြစ် ပျံ့နှံ့ပေါက်ရောက်လေ့ရှိသည်။ မြန်မာနိုင်ငံတွင် အထူးသဖြင့် ရွက်ကြွေတောများတွင် ပေါက်ရောက် လေ့ရှိသည်။

အပင်သရုပ် – အပင်ငယ်မှ ပင်လတ်အရွယ်ရှိအပင်မျိုးဖြစ်ပြီး အမြင့် ၈-၁၂ မီတာခန့် အမြင့်ရှိသည်။

အခေါက် – အခေါက်သည် ကြမ်းတမ်းသော အခေါက်များရှိပြီး ကန့်လန့်ဖြတ် အစင်း ကြောင်းလေးများ ရှိပါသည်။ အခေါက်သည် ၅ မီလီမီတာခန့်ထူပြီး နို့နှစ်ဖြူ ဝါရောင်ရှိ၍ အခေါက်အား ဖြတ်တောက်ကြည့်ပါက အဖြူရောင်အစေးများ ထွက်လေ့ရှိသည်။

အရွက် – ရွက်ထီးအမျိုးအစားဖြစ်ပြီး၊ ရွက်လွှဲထွက်၍ အီလစ်ပုံသဏ္ဍာန်ရှိ သည်။ ရွက်ပြားတောင့်တင်း၍ တောက်ပသော အစိမ်းရောင်ရှိသည်။ ရွက်ညှာ ၄-၆ စင်တီမီတာရှည်ရှိသည်။ အရွက်သည် ၇-၁၈ x ၃-၁၂ စင်တီမီ တာရှိပြီး၊ ရွက်ရင်းဝိုက်၍ ရွက်ထိပ်ချွန်သည်။ အနားညီ ရွက်နားရှိပြီး ပြောင်ချောသည်။

ပန်းခိုင် – ပန်းခိုင်သည် ကြားထွက် ရင်းခြားထိပ်ညီ ပန်းခိုင်အမျိုးအစားဖြစ်ပြီး၊ ၂-၃ စင်တီမီတာရှည်ပြီး၊ အကျယ် ၁ စင်တီမီတာခန့်ရှိသည်။ ပန်းခိုင်သည် အရွက်နု ထွက်ချိန်နှင့်အတူ ထွက်လေ့ရှိသည်။

ပန်းပွင့် – လိင်စုံပန်းပွင့်ဖြစ်ပြီး၊ ပွင့်စတွင် အဝါရောင်သန်းသည့် နို့နှစ်ရောင်ရှိပြီး၊ အချိန်ကြာလာသည်နှင့်အမျှ အဝါနုမှသည် အဝါရင့်ရောင့်ထိ ပြောင်းလဲ သွားသည်။ မွှေးပြန့်သောရနံ့ရှိသည်။

အသီး – သေးသွယ်ရှည်လျားသည့် အသီးတောင့်နှစ်ခုသညအသီးညှာ တစ်ခု တွင်ရှိပြီး၊ နုစဉ်တွင်အစိမ်းရောင်ရှိပြီး ရင့်မှည့်လာပါက အညိုရောင် သန်း၍ အလျားလိုက် အက်ကွဲကြသည်။

အစေ့ – သစ်စေ့သည် ပြားချပ်၍ နှမ်းစေ့ပုံသဏ္ဍာန်ရှိကာ  ထိပ်တွင် ပိုးချည်မျှင်ကဲ့သို့ အတောင်ပံများပါက လေအကူဖြင့် ပြန့်လွင့်၍ မျိုးဆက်ကြသည်။

ပွင့်သီးချိန်နှင့် အသီးသီးချိန် – မေလမှ ဇွန်လတွင် အပွင့်ပွင့်ပြီး၊ စက်တင်ဘာလမှအောက်တိုဘာလ အထိ အသီးသီးချိန်ဖြစ်ပါသည်။

အသုံးချနိုင်မှု – ဆေးဖက်ဝင်အပင်ဖြစ်ပြီး အထူးသဖြင့် သွေးဝမ်းကိုက်ရောဂါအတွက် အသုံးပြု ပါသည်။ ၎င်းအပြင် သံချဆေး၊ ခန္ဓာကိုယ်ကိုက်ခဲဝေဒနာ၊ သန်ချဆေး၊ ငှက်ဖျားရောဂါများကုသရာတွင်အသုံးပြုနိုင်သည်။

Habit
Bark
Leaf
Inflorescence
Fruits
Seeds

Myanmar Name – Lettok gyi

Common Name – Bitter Oleander, Conessi bark, Ester tree

Botanical Name – HolarrhenapubescensWall.ex.G.Don

Family Name – Apocynaceae

Habitat – Native in South Asia, including countries like India, Bangladesh, and Myanmar. In Myanmar, it can be found in various regions, particularly in dry deciduous forests, open scrublands, and along roadsides.

Habit – Small to medium-sized tree, reaching heights of up to 8-12 meters

Bark – Bark rough, pale brown, to 8 mm, exfoliates in small flakes; blaze creamy yellow; latex milky white

Leaves – Simple, opposite, elliptical, and typically about 10-20 cm long, dark green; petiole 4-6 mm, pubescent, stout; lamina 7-18 x 3-12 cm, broadly ovate, ovate-oblong or ovate-lanceolate; base obtuse, apex acute or acuminate, margin entire, glabrous.

Inflorescence – Cymose or corymbose, clusters, small and white, relatively small and tubular, with a typical length of around 2-3 cm and a width of approximately 1 cm.

Flower – Flowers bisexual, creamy-white, slightly fragrant, in terminal and axillary corymbose cymes, appear along with new leaves; calyx lobes 5, 2.5 mm long, oblong-lanceolate, ciliate, glandular within at base; corolla salvar shaped, lobes 5, oblong, obtuse, as long as the tube, tube 1.3 cm long, puberulous, mouth with a ring of hairs; stamens 5, included, attached towards the base of the corolla tube, anthers sagitate; disc absent; ovaries 2, apocarpous; ovules many in each carpel, style 2 mm long; stigma fusiform, bifid.

Fruit– Fruit of 2 terete elongated follicular mericarps connected at the tip and then free, 25 x 1 cm.

Seed – Seeds 8 mm, oblong, with tuft of silky brown hairs at the apex.

Flowering and Fruiting Time – Fruiting time form May to June and fruiting time from September to October.

Usage – It is used a medicinal plant, especially in diarrhoea and  dysentery. In addition, Intestinal worms, bodyache and treatment of malaria,

FD-APFNet (IFEM) Project

Scroll to Top