ယင်းထိုက်

အပင်သရုပ်
အခေါက်
အရွက်
ပန်းခိုင်
အသီး
အစေ့

မြန်မာအမည် – ယင်းထိုက်

အင်္ဂလိပ်အမည် – Burma rosewood, Khamphi rosewood.

ရုက္ခဗေဒအမည် Dalbergia cultrata Grah

မျိုးရင်း – Fabaceae

ပြန်နှံ့ပေါက်ရောက်ပုံ – အရှေ့တောင်အာရှ၏ အပူပိုင်းနှင့် sub-tropical ဒေသများဖြစ်သည့် ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနိုင်ငံတို့တွင်ပျံ့နှံ့ ပေါက်ရောက် သည်။ မိုးသစ်တော မြေနိမ့်နေရာများ၊ ရွက်ပြတ်ရောနှောတောများတွင်ပေါက် ရောက်လေ့ရှိသည်။

အပင်သရုပ် – ရွက်ကြွေပင်လတ်မှပင်ကြီးအမျိုးအစားဖြစ်ပြီး အမြင့် ၂၅ မီတာခန့်ရှိ သည်။

အခေါက် – အခေါက်သည် ဖြူဝါရောင်ရှိပြီး ချောမွေ့သည့် အကွက်ငယ်များရှိသည်။

အရွက် – ငှက်မွေးရွက်ပေါင်းအမျိုးအစာဖြစ်ပြီး ၁၀-၁၅ စင်တီမီတာအရှည်ရှိ သည်။ ရွက်စွယ်ရှိပြီး ကြွေလွယ်သည်။ အရွက်တစ်ရွက်တွင် ရွက်မွှာ (၇-) ၁၁-၁၃ ရွက်ခန့်ပါရှိပြီး၊ ဘဲဥပုံ (သို့) အီလစ်ပုံရှိကာ ၂-၄ x ၁.၂ စင်တီမီတာ အရွယ်ရှိပြီး ရွက်သားချောမွေ့သည်။ ရွက်ထိပ်ဝိုင်း (သို့) ရွက်ထိပ်နှစ်ခွ ဖြစ်သည်။

ပန်းခိုင် – ပန်းခိုင်သည် ထိပ်ထွက် (သို့) ကြားထွက် အဆုံးရှိပန်းခိုင် အမျိုးအစား ဖြစ်သည်။ ပန်းခိုင်တွင် ပန်းပွင့်များအစုလိုက်ပွင့်ကြသည်။ ပွင့်ဖတ်နှင့် ပွင့်ခံ ရွက်များ အရွယ်သေးငယ်ပြီး ကြွေလွယ်သည်။

ပန်းပွင့် – ပန်းပွင့်သည် အရွယ်သေးငယ်ပြီး ပန်းဖျော့ရောင်၊ ခရမ်းရောင်၊ အဖြူရောင် ရှိကြသည်။ ပွင့်ချပ်အုံ အဖြူရောင်ရှိပြီး လက်သည်းခွံပုံရှိကာ ရှည်သွယ် သည်။ Standard ပွင့်ချပ်သည် ပြန့်ကာပြီး ဥပုံပြောင်းပြန်ပုံရှိ (သို့) ကျောက်ကပ်ပုံရှိသည်။ Wing ပွင့်ချပ်သည် အီလစ်ပုံရှိသည်။ Keel ပွင့်ချပ်သည်ခွက်ပုံရှိသည်။ ဝတ်ဆံဖိုတိုင် ( ၉ သို့) ၁၀ ခုပါရှိပြီး တစ်စုစည်း အနေအထားရှိသည်။

အသီး – အသီးတောင့်အမျိုးအစားဖြစ်ပြီး ပြားချပ်သည့်ပုံသဏ္ဍာန်ရှိသည်။ အသီး သည်နုစဉ်တွင် အစိမ်းရောင်ရှိကာ ရင့်မှည်ပါက အညိုရောင်ပြောင်းသွား သည်။

အစေ့ – အသီးတောင့်တစ်တောင့်တွင် ပြားချပ်သည့် သစ်စေ့များ ၁-၂ စေ့ပါရှိ ပြီးအညိုရောင်ရှိသည်။ 

ပွင့်သီးချိန် – ဖေဖော်ဝါရိလမှ ဧပြီလအထိ ပန်းပွင့်ချိန်ဖြစ်ပြီး၊ ဧပြီလမှ ဇွန်လအထိ အသီးသီးချိန်ဖြစ်သည်။

အသုံးဝင်မှု – အနှစ်သားသည် တယ်သစ်ကဲ့သို့ ခရမ်းရင့်ရောင်မှ နီညိုရောင်သန်း သည့် အနက်ရောင်၊ တစ်ခါတစ်ရံ အနီရောင်အစင်းများရှိသည့် အရောင်အသွေး ရှိခြင်း၊  လှပ၍ တာရှည်ခံခြင်း၊ အသားမာကြောခြင်းစသည့် သစ်အရည် အချင်းကြောင့်  တန်ဖိုးမြှင့်ပရိဘောဂပစ္စည်းများ၊ လှည်းဘီးများ၊ လယ်ယာ သုံးပစ္စည်းများ၊ တန်ဖိုးမြင့် ပန်းပုရုပ်များ ပြုလုပ်ရာတွင်အသုံးပြုသည်။

Habit
Bark
Leaves
Inflorescence
Fruits
Seeds

Myanmar Name – Yindaik

Common Name – Burma rosewood, Khamphi rosewood.

Botanical Name – Dalbergia cultrata Grah

Family Name – Fabaceae

Habitat – Typically grows in tropical and subtropical regions of Southeast Asia, including countries like Thailand, Cambodia, Vietnam, Laos, and Myanmar. It is often found in lowland rainforests and deciduous forests.

Habit – Deciduous, meaning it sheds its leaves seasonally. It can grow to be a medium-sized to large tree, reaching heights of up to 25 meters.

Bark – Slightly finely ap­pressed puberulent, glabrescent, lenticellate

Leaves – Pinnately compound leaves 10-15 cm; stipules caducous; leaflets (7-)11-13, ovate or elliptic, 2-4 × 1.2-2 cm, leathery, apex rounded or emarginate, cuspidate. 

Inflorescence – Inflorescences terminal or axillary, racemes or panicles, 4-5 cm long with usually numerous flowered; bracts and bracteoles usually small, caducous, rarely persistent. 

Flower – Typically small and may be pink, purple, or white. Corolla white; petals rather long clawed; standard broadly obovate or subreni­form; wings elliptic; keel arcuate. Stamens (9 or)10, monadel­phous.

Fruit – Legume, which is a type of pod that contains seeds. These pods are often elongated and can vary in color from green to brown.

Seed – Found inside the legume pods. They are usually dark brown and relatively small.

Flowering and Fruiting Time – Flowering time from February to April and fruiting time from April to June.

Usage – The heartwood is dark purple to reddish-black and ebony-like, often streaked with red; the sapwood is pale brown. It is hard and exceedingly durable. A good quality wood, it is used for precious furniture as well as for making wheels, agricultural implements, spear-handles, etc., and sometimes for carving and high quality handicrafts.

FD-APFNet (IFEM) Project

Scroll to Top