တမလန်း

အပင်သရုပ်
အခေါက်
အရွက်
ပန်းခိုင်နှင့် ပန်းပွင့်
အသီး
အစေ့

မြန်မာအမည် – တမလန်း

အင်္ဂလိပ်အမည် – Burmese Rosewood, Tulipwood, Black rosewood

ရုက္ခဗေဒအမည် – Burmese Rosewood, Tulipwood, Black rosewood

မျိုးရင်း – Fabaceae

ပြန်နှံ့ပေါက်ရောက်ပုံ – မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နိုင်ငံများရှိ ရွက်ပြတ်ရောနှောတောများ တွင် ပေါက်ရာက်လေ့ရှိသည်။

အပင်သရုပ် – ရွက်ကြွေအပငိကြီးမိုးဖြစ်ပြီး အမြင့် ၂၀-၃၀ မီတာရှိကာ တွဲလျား ကျနေသော အကိုင်း အခက်များရှိသည့် ကျယ်ပြန့်သော ရွက်အုပ်ရှိ သည်။ လုံးပတ် ၅၀-၆၀ စင်တီမီတာရှိသည်။ အပင်ရင့်လာပါက ပင်စည် အောက်ခြေတွင် ပါးပျဉ်းများရှိတတ်သည်။

အခေါက် – အခေါက်သည် အညိုရင့်ရောင်ရှိပြီး အသက်ရင့်လာလျှင် အကြေးခွံ ဖတ်များ လန်ထွက် လျက်ရှိသည်။

အရွက် – ထိပ်ရွက်ပါ ငှက်မွေးရွက်ပေါင်းအမျိုးအစားဖြစ်ပြီး ငှက်မွေးသဏ္ဍာန်ရှိသည်။ အရွက် တစ်ရွက်တွင် ရွက်မွှာများ ၁၃-၁၇ စုံပါရှိသည်။ ရွက်မွှာများသည် ၃-၅ စင်တီမီတာ အရှည်နှင့် ၁-၂ စင်တီမီတာ အကျယ် အရွယ်အစားရှိကြသည်။

ပန်းခိုင် – ကြားထွက် အဆုံရှိပန်းခိုင်အမျိုးအစားဖြစ်ပြီး သေးငယ်၍ အဖြူ ရောင်သန်းသည့် ခရမ်း ရောင်ရှိသည့် အပွင့်များရှိသည်။

ပန်းပွင့် – အဖူးဘဝတွင် ခရမ်းရောင်ရှိပြီး ထိုမှ ပန်းရောင်၊ နောက်ပိုင်း ပန်းပွင့် ရင့်သန်လာပါက အဖြူ ရောင်သို့ ပြောင်းလဲသွားသည်။

အသီး – အသီးတောင့်အမျိုးအစားဖြစ်ပြီး အရှည် ၃-၄ စင်တီမီတာရှိသည်။ ပြားချပ်၍ ရှည်သွယ် သော လှံသွားပုံရှိသည်။ ငယ်စည်တွင် အစိမ်းရောင်ရှိပြီး ရင့်မှည်လာပါက အညိုရောင် သို့ ပြောင်းသွား သည်။ အသီးတောင့်တစ်တောင့်တွင် သစ်စေ့ ၁-၂ စေ့ပါရှိသည်။

အစေ့ – အစေ့သည် ပြးချပ်ပြီး ကျောက်ကပ်ပုံရှိကာ အညိုရင့်ရောင်ရှိသည်။ အရွယ်အစားမှာ ၂ စင်တီမီတာ ရှည်၍ ၁ စင်တီမီတာခန့် ဗျက်ရှိသည်။ အစေ့သည် ပြားချပ်သည့် တောင်ပါရှိပြီး အသီးအက်ကွဲပါက လေအကူ ဖြင့်မျိုးပြန့်ပွားကြ သည်။

ပွင့်သီးချိန် – မတ်လမှ ဇွန်လအထိ ပန်းပွင့်ချိန်ဖြစ်ပြီး၊ စက်တင်ဘာလမှ ဒီဇင်ဘာလအထိ အသီးသီးချိန် ဖြစ်သည်။

အသုံးဝင်မှု – သစ်သား၏ အရောင်ဆင်းလှပပြီး ဆွဲဆောင်မှုရှိခြင်း၊ မာကြောသော ဂုဏ်သတ္တိများ ရှိခြင်း ကြောင့် သစ်သားအလှဆင်ခြင်း လုပ်ငန်းများ၊ ပရိဘောဂပစ္စည်းများ ထုတ်လုပ်ခြင်းတွင် အသုံးပြုကြသည်။

Habit
Bark
Leaves
Inflorescence and flowers
Fruits
Seeds

Myanmar Name – Tamalan

Common Name – Burmese Rosewood, Tulipwood, Black rosewood

Botanical Name – Burmese Rosewood, Tulipwood, Black rosewood

Family Name – Fabaceae

Habitat – Found in Myanmar, Thailand, Laos, Cambodia, and Vietnam.

Habit – Large deciduous tree, grow up to about 20 – 30 m in height and 50-60 cm in girth with wide spreading crown and slightly droopy branches. Stout trunk usually buttressed and fluted on large trees.

Bark – The bark is grey-brown and fissured, becoming flaking with age.

Leaves – Imparipinnately compound leaf and feather-like in shape, alternate in arrangement. The leaf consists of 13-17 pairs of leaflets. Each leaflet about 3-5 cm long and 1-2 cm wide.

Inflorescence – Elongated panicle inflorescence, 30-40 cm long, sticking out from crown, with individual flowers opening progressively from bottom to top panicle.

Flower – Axillary raceme with small whitish purple flowers.

Fruit – Fruit pods are 3-4 cm in length and flat in shape and green in color when young and turning to brown color in aged.  There are 1 to 2 seeds.

Seed – Seed is flat and kidney in shape, dark brown in color. The size seed is about 2 cm long and wide About 1 cm.

Flowering and Fruiting Time – Flowering – March – June. Fruiting – September to December 

Usage – The wood is valuable for ornamental work including Woodturning and furniture.  The sapwood is yellowish-white with dark brown heartwood. The heartwood is very hard and heavy.

FD-APFNet (IFEM) Project

Scroll to Top