




မြန်မာအမည် – ကျွန်း
အင်္ဂလိပ်အမည် – Teak wood,Indian oak
ရုက္ခဗေဒအမည် – Tectonagrandis L.f.
မျိုးရင်း – Lamiaceae
ပြန်နှံ့ပေါက်ရောက်ပုံ – အိန္ဒိယ၊ မြန်မာ၊ ဖိလစ်ပိုင်၊ ထိုင်းနှင့်လာအို နိုင်ငံများ အပါအဝင် တောင်နှင့်အရှေ့တောင်အာရှတွင် မူရင်းဇာတိ ဖြစ်ပြီး အပူပိုင်းမိုးသစ် တောများနှင့် ရွက်ကြွေတောများ တွင် အဓိကပေါက်ရောက်သည်။
အပင်သရုပ် – ရာသီအလိုက် ရွက်ကြွေ အပင်ကြီး အမျိုးအစားဖြစ်ပြီး အမြင့် ၂၅ မှ ၃၅ ပေ မီတာခန့်ရှိပြီး အပင်အကြီး အမျိုး အစားဖြစ်သည်။
အခေါက် – မီးခိုးရောင်ရှိပြီး၊ အသက်ရင့်လာသည်နှင့်အမျှ ဒေါင်လိုက် အကြေးခွံ ပုံသဏ္ဍာန်ဖြစ်လာသည်။
အရွက် – ရွက်ထီးအမျိုးအစားဖြစ်ပြီး၊ ထောင့်မှန်ရွက်ဆိုင်ထွက် သည်။ ရွက်ပြားကြီး၍ ဘဲဥပုံရှိကာ ရွက်ထိပ်ချွန်သည်။ ရွက်ရင်းသွယ်၍ ရွက်ညှာတိုသည်။ အရွက်အောက် မျက်နှာပြင်တွင် ကတ္တီပါအမွေးနု များရှိသည်။
ပန်းခိုင် – ပန်းခိုင်သည် အဆုံးရှိထိပ်ထွက်ပန်းခိုင် အမျိုးအစား ဖြစ်ပြီး၊ ပန်းခိုင်တွင် သေးငယ်မွှေးကြိုင်၍ အဖြူရောင် ရှိသော ပန်းပွင့်များ ပါရှိသည်။ ပန်းခိုင်တွင် အဝါရောင် အမွေးနုများရှိသည်။
ပန်းပွင့် – ပွင့်ချပ်အဖြူရောင်ရှိပြီး။ ကြွေလွယ်သည်။ ပွင့်ဖတ်မှာ ပန်းပွင့်တွင်ခိုင်မြဲစွာကျန်ရစ်သည်။
အသီးနှင့်အစေ့ – ခွံမာသီးအမျိုးအစားဖြစ်ပြီး၊ အညိုဖျော့ရောင် ကတ္တီပါ အမွေးနုများဖြင့် ဖုံးအုပ်ထားသည်။ အသီးလုံးသည် အချင်း ၁ လက်မခန့် ထိရှိ၍ အသီးကို တည်မြဲသော ပွင့်ဖတ်ဖြင့် ဖုံးအုပ်နေသည်။
ပွင့်သီးချိန် – ဇွန်၊ ဇူလိုင်လအတွင်း ပန်းပွင့်ပြီး၊ ဒီဇင်ဘာလမှ မတ်လ အထိ အသီးသီးချိန်ဖြစ်သည်။
အသုံးဝင်မှု – သစ်သားသည် ဆောက်လုပ်ရေးလုပ်ငန်းများတွင် အသုံး ပြုပြီး၊ ဆေးဘက်ဆိုင်ရာတွင် လေ၊ သလိပ်၊ ညောင်းကျ ရောဂါ၊ နူနာ၊ ဖောရောင်ခြင်း စသည့်ရောဂါများအတွက် အသုံးပြုသည်။





Myanmar Name – Kyun
Common Name – Teak wood,Indian oak
Botanical Name – Tectonagrandis L.f.
Family Name – Lamiaceae
Habitat – Native to South and Southeast Asia, including countries like India, Myanmar, Philippines, Thailand, and Laos, primarily grows in tropical rainforests and deciduous forests.
Habit – Large, deciduous tree reaching over 30 m in height and crown open with many small branches; the bole is often buttressed and may be fluted, up to 15 m long below the 1st branches, up to 1 m dbh.
Bark – Rough and scaly, dark gray to brown, distinctly fibrous with shallow, longitudinal fissures.
Leaves – Leaves simple, opposite and decussate, estipulate; petiole 10-50 mm long, stout, tomentose; lamina 30-60 x 15-30 cm, ovate, obovate, base attenuate, apex acute or obtuse, margin entire, wavy, glabrous above and pubescent below with minute red glands, coriaceous; lateral nerves 8-10 pairs, pinnate, prominent, raised beneath, puberulent beneath; intercostae scalariform, prominent, dark green and have a glossy appearance.
Inflorescence – Inflorescences in the form of panicles. These panicles are composed of numerous small, fragrant white flowers.
Flower – Flowers bisexual, white, 7 mm across, in terminal cymose panicles, 10-30 cm across, puberulous; calyx 5 mm long, campanulate, lobes 5-6, subequal, ovate, tomentose; corolla 6 mm long, lobes 5-6, oblong, spreading; stamens 5-6, equal, erect, inserted at the throat, exserted; filaments 3 mm; anthers oblong; ovary globose, superior, densely hairy, 4-celled, 1 ovule in each cell; style slender, 4 mm; stigma linearly bifid
Fruit – A drupe, 1.5-2 cm across, globose, brown, densely floccose hairy, covered by the inflated calyx, epicarp spongy, endocarp stony
Seed – Seeds 1-4, oblong, small, hard and surrounded by a thin, fleshy layer of fruit pulp.
Flowering and Fruiting Time – Flowering time from June to July and fruiting time from December to March.
Usage – Wood is used in construction, furniture making, in medical sputum spasticity leprosy It is used for diseases such as swelling.