သင်းဝင်

အပင်သရုပ်
အခေါက်
အရွက်
ပန်းခိုင်နှင့်ပန်းပွင့်များ
အသီး
အစေ့

မြန်မာအမည် – သင်းဝင်

အင်္ဂလိပ်အမည်

ရုက္ခဗေဒအမည် MillettialeucanthaKurz

မျိုးရင်း – Fabaceae

ပြန်နှံ့ပေါက်ရောက်ပုံ – ကမ္ဘာ့အပူပိုင်းဒေသ၊ သမပိုင်းဒေသများရှိ ရွက်ကြွေတောနှင့် တစ်ဝက် တစ်ပျက်ရွက်ကြွေတောများတွင် ပျံ့နှံ့ပေါက်ရောက်လေ့ရှိသည်။  မူရင်း ဒေသများအဖြစ် အရှေ့ အာရှနိုင်ငံများ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ တရုတ်နိုင်ငံတောင်ပိုင်း ယူနန်ပြည်နယ်၊ ထိုင်းနှင့် လာအိုနိုင်ငံများတွင် ပေါက်ရောက်လေ့ရှိသည်။

အပင်သရုပ် – ရွက်ကြွေ ပင်လတ်မျိုးဖြစ်ပြီး ရွက်အုပ်ကျယ်ပြန့်ကာ အမြင့် ၆-၇ မီတာ ခန့်ရှိသည်။

အခေါက် – အခေါက်သည် မီးခိုးရောင်ရှိပြီး ဒေါင်လိုက် အစင်းကြောင်းများရှိကာ အပင်နုစဉ်တွင် သံချေးရောင် နူးညံရှည်လျားသည့် အမွေးနု များရှိပြီး၊ ပြောင်ချောသည့် အကွက်ငယ်များ အခေါက်၏ မျက်နှာပြင်တွင်တွေ့ရှိရ သည်။

အရွက် – ငှက်မွေးရွက်ပေါင်းအမျိုးအစားဖြစ်ပြီး၊ ရွက်လွှဲထွက်သည်။ အရွက်တစ် ရွက်တွင် ရွက်မွှာ (၅ သို့မဟုတ်)  ၇-၉ ရွက်ပါရှိသည်။ ရိုးတန်သည်  ၄.၅-၁၄ စင်တီမီတာအပါအဝင် ရွက်ညှာအရှည် ၁၅-၅၀ စင်တီမီတာ ရှည်သည်။ ရွက်စွယ်ရှိပြီးကြွေလွယ်သည်။ ရွက်မွှာများသည် လှံသွားပုံ မှ ဘဲဥရှည်သွယ်ပုံရှိကာ အရွယ်အစားအားဖြင့် ၈-၃၀ x ၂.၅-၆ စင်တီမီ တာရှိသည်။  ရွက်သားပျော့ပြောင်းပြီး ရွက်ရင်းဝိုင်း၍ ရွက်ရင်းတစ်ဖက် စောင်း၊ ရွက်ထိပ် အနည်းငယ်ချွန်သည်။

ပန်းခိုင် – အကိုင်းအခက်များဖြာထွက်သည့် ထိပ် (သို့မဟုတ်)  ကြားထွက် ကိုင်းဖြာခြင်းမရှိသည့် အဆုံးရှိပန်းခိုင်အမျိုးအစားဖြစ်ပြီး တွဲလျားကျ အနေအထားရှိ ပန်းခိုင် ၁-၄ စင်တီမီတာရှိသည်။ ပန်းခိုင်တစ်ခိုင်တွင် ခရမ်းရောင်ပန်းပွင့် ၂-၅ ပွင့်ခန့်ပါရှိသည်။

ပန်းပွင့် – ပန်းပွင့်သည် ၁.၁.-၁.၃ စင်တီမီတာ အရွယ်ရှိသည်။ ပွင့်ချပ်အုံ ၅-၆ မီလီမီတာအရွယ်ရှိပြီး အညိုရောင် အမွေးနုများဖုံးထားသည်။ ပွင့်ချပ် အုံသည် ခရမ်းရောင်ရှိသည်။

အသီး – အသီးတောင့် အမျိုးအစားဖြစ်ကာ ပြားချပ်သည့်ပုံသဏ္ဍာန်ရှိပြီး အရွယ်အားဖြင့် ၁၀-၁၇ x ၂.၇-၃.၅ စင်တီမီတာရှိကာ မာကြောသည်၊ အသီးခွံပေါ်တွင် အညိုရောင်အမွေးနုများဖြင့် ဖုံးအုပ်ထားသည်။ 

အစေ့ – အသီးတောင့်တစ်တောင့်တွင် ပြားချပ်ဝိုင်းစက်သည့် သစ်စေ့ ၃-၄ စေ့ပါရှိသည်။

ပွင့်သီးချိန် – ပန်းပွင့်ချိန်မှာ မတ်လမှ ဧပြီလအထိ ဖြစ်ပြီ၊ အသီးသီးချိန်မှာ ဇွန်လမှ နိုဝင်ဘာလအထိဖြစ်သည်။

အသုံးဝင်မှု – ခရမ်းရောင်သန်းသည့်အနက်ရောင်သစ်သားသည် သိပ်သည်းမာကြော သည့်အတွက် ထွန်သွားများပြုလုပ်ခြင်း၊ ပရိဘောဂများပြုလုပသည်။

Habit
Bark
Leaf
Inflorescence and flowers
Fruit
Seeds

Myanmar Name – Thinwin

Common Name –

Botanical Name – Millettia leucantha Kurz

Family Name – Fabaceae

Habitat – Tropical and subtropical regions of the world. East Asia to Bangladesh, Myanmar, Southern China (Yunnan), Thailand and Laos.

Habit – Deciduous trees up to 6-7 m tall.

Bark – Bark gray in color, striate, rusty pilose when young, gradually glabrescent, scattered with minute, smooth lenticels. 

Leaves – Pinnately compound leaves (5 or) 7 or 9 leaflets; rachis 15-50 cm, including petiole 4.5-14 cm, rusty pilose; stipulate; leaflet blades lanceolate to oblong, 8-30 × 2.5-6 cm, papery, base rounded or broadly cuneate, apex caudate or long caudate.

Inflorescence – Axillary or terminal panicle, pendulous, slender, (15-) 25-45 cm, brown pubescent; peduncle 1-4 cm, densely rusty scabrous; rachis nodes with 2-5 flowers.

Flower – Flowers 1.1-1.3 cm. Calyx 5-6 mm, densely brown pubescent; teeth shorter than tube, apex cuspidate. Corolla purple. 

Fruit– Legume oblong, flat, 10-17 × 2.7-3.5 cm, woody, brown to­mentose, legume apex obtuse, with a beak.

Seed – Seeds (3 or) 4 per, orbicular.

Flowering and Fruiting Time – Flowering from March to April and fruiting from June to November.

Usage – The purplish-black wood is beautifully streaked, dense and hard with narrow, concentric bands of soft tissue. It is used for cross-pieces of harrows, and is worthy of attention for its beautiful grain and dark color.  It can be used for cabinet making and to produce high quality furniture.

FD-APFNet (IFEM) Project

Scroll to Top