သစ်ရာ

အပင်သရုပ်
အခေါက်
အရွက်
ပန်းခိုင်နှင့် အပွင့်
အသီး
ပန်းပွင့်

မြန်မာအမည် – သစ်ရာ

အင်္ဂလိပ်အမည် – Taengwood Balau

ရုက္ခဗေဒအမည် Shorea obtusa Wall. ex Blume

မျိုးရင်း – Dipterocarpaceae

ပြန်နှံ့ပေါက်ရောက်ပုံ – မူရင်းဒေသများမှာ မြန်မာ၊ ထိုင်၊ ကမ္ဘောဒီးယား၊ လအိုနှင့် ဗီယက်နမ် နိုင်ငံများဖြစ်ကြသည်။

အပင်သရုပ် – ရွက်ကြွေအပင်ကြီးမျိုးဖြစ်ပြီး အမြင့် ၁၀-၃၀ မီတာရှိသည်။ ပင်စည် ဖြောင့်တန်းကြီးမားပြီး အမြင့် ၁၅ မီတာအထက်မှသာ ကိုင်းဖြာထွက် မှုရှိပြီး လုံးပတ်အားဖြင့် ၆၀ စင်တီမီတာခန့်ရှိသည်။ သည်။

အခေါက် – အခေါက်သည် အညိုဖျော့ရောင်၊ အနီရောင်သန်းသည့် အညိုရောင်ရှိပြီး အခေါက်များ ကွာကျတတ်သည်။ ပင်စည်အောက်ခြေတွင် ပါးပျဉ်းနှင့် အရှိုက်များ ရှိတတ်သည်။ အဖြူရောင်အစေးများထွက်သည်။ 

အရွက် – ရွက်ထီးအမျိုးအစားဖြစ်ပြီး ရွက်လွှဲထွက်သည်။ အရွက်သည် အောက်ခြေဝိုင်းသည့် လှံသွားပုံရှိပြီး ရွက်ရင်းချွန်(သို့) ဝိုင်း၍ ရွက်ထိပ်ချွန်သည်။ ရွက်နားညီဖြစ်ပြီး ရွက်နားအပေါ်သို့ပြန်လန်နေ တတ်သည်။  ရွက်သားထူပြီး ရွက်လယ်ကြောသည် အရွက်အောက် မျက်နှာပြင်တွင် ထင်ရှားကာ ဘေးရွက်ကြောများအပြိုင်တည်ရှိကာ ရွက်နားသို့ရောက်ရှိရာတွင် အဝိုက်ဖြင့် အဆုံးသတ်သည်။ ရွက်ညှာတို၍ တောင့်တင်းသည် ရွက်ညှာပေါ်တွင် အမွေးနုများရှီတတ်သည်။ ရွက်စွယ်ရှိပြီး အရွယ်သေးငယ်ကာကြွေလွယ်သည်။ 

ပန်းခိုင် – အဆုံးရှိ ထိပ်ထွက် (သို့) ကြားထွက် ပန်းခိုင်အမျိုးအစားဖြစ်သည်။ 

ပန်းပွင့် – လိင်စုံပန်းပွင့်အမျိုးအစားဖြစ်ပြီး အရွယ်ကြီးမားကာ အနည်းငယ် မွေးရနံ့ရှိသည်။ ပန်းရောင် (သို့) အဖြူရောင်ရှိသည်။ ပွင့်ကိုင်းသန်မာ    သည်၊ ပွင့်ခံရွက်ရှိပြီး တည်မြဲ (သို့) ကြွေလွယ်သည်။ ပွင့်ဖတ်အုံသည် ထိပ်တွင် အဝိုက် ၅ ခုကွဲထွက်၍ အောက်ခြေတွင် ဆက်ကာ ပြွန်ပုံ သဏ္ဍာန်ရှိ ပွင့်ဖတ်များသည်  တစ်ခုနှင့်တစ်ခု တစ်ဖက်သတ် အထပ် လိုက်တည်ရှိသည်။ အပြင်ဖက်ပွင့်ဖတ် ၃ ခုသည် အရွယ်ကြီးပြီး အတွင်းရွက်ဖတ် ၂ ခုသည် အရွယ်သေးငယ်သည်။ ပွင့်ချပ် ၅ ခုရှိပြီး အဖြူရောင်၊ အဝါဖျော့ရောင်မှ ပန်းရောင်အစင်းရှိ သည်။

အသီးနှင့်အစေ့– မအက်ကွဲသည့် capsule or nutlike အသီးအမျိုးအစားဖြစ်ပြီး၊ ပွင့်ဖတ်မှထူးခြားစွာဖြစ်ပေါ်လာသည့် အတောင် ၅ ခုပါရှိကာ အပြင် ဖက် အတောင်ပံ ၃ ခုသည် အတွင်းဖက် တေင်ပံ ၂ ခုထက် အရွယ် အားဖြင့်ကြီးမားစွာတည်ရှိသည်။ အစေ့တစ်စေ့သာပါရှိပြီး အသားထူ အရည်ရွမ်းသည်။  

ပွင့်သီးချိန် – ဇန်နဝါီလမှ မတ်လအထိ ပန်းပွင့်ပြီး၊ ဧပြီလမှမေခအထိ အသီးသီး ချိန်ဖြစ်သည်။

အသုံးဝင်မှု – အစေးကို မီးတုတ်မီးထွန်း၇◌န် လောင်စာအဖြစ်အသုံးပြုကြသည်။ သစ်သားကို နေအိမ်၊ အဆောက်အဦများဆောက်လုပ်ရာတွင် အသုံးပြု သည်။

Habitat
Bark
Flower
Inflorescence and flowers
Fruit
Leaf

Myanmar Name –  Thitya

Common Name – Taengwood Balau

Botanical Name – Shorea obtusa Wall. ex Blume

Family Name – Dipterocarpaceae

Habitat – Native to Myanmar, Thailand, Cambodia, Laos, and Vietnam

Habit – A deciduous tree that can grow from 10 – 30 metres tall. In larger trees the bole can be unbranched for up to 15 meters and generally around 60cm in diameter

Bark – Bark often fissured, light brown or reddish brown, bole straight, base of the trunk buttressed, flaked, branchlets glabrous or pubescent or lenticellate, white resin.

Leaves – Leaves simple, alternate, lanceolate-ovate to oblanceolate-elliptic, base obtuse to rounded, margins entire or repand, apex obtuse to acute, coriaceous, leathery, midrib impressed above and prominent beneath, lateral veins subparallel, curved near margins, tertiary veins scalariform, petiole stout, glabrous or sparsely pubescent, stipules large or small, persistent or caducous, coriaceous.

Inflorescence – Inflorescence axillary or terminal, lax panicles or cymes.

Flower – Flowers bisexual, large, fragrant, pink or white, pedicel short, bracts persistent, caducous or ebracteate, calyx 5 lobed, tubular with short valvate lobes, imbricate, adnate to the receptacle, outer 3 larger than the inner 2 lobes, hairy, petals 5, white, pale yellow to pinkish strips, base slightly connate, sometimes free, pubescent outside.

Fruit & Seed – Fruit capsule or nutlike, indehiscent rarely dehiscent, enclosed in calyx tube with 3 outer accrescent larger and broader lobes and 2 inner ones like wings, calyx lobes base thick, saccate. Seeds 1, cotyledons large, fleshy.

Flowering and Fruiting Time – Flowering from January-March. Fruiting from April-May.

Usage – The resin from the tree is used to make torches

FD-APFNet (IFEM) Project

Scroll to Top