ဘန့်ဘွေး

အပင်သရုပ်
အခေါက်
အရွက်
ပန်းခိုင်နှင့်အပွင့်
အသီး
သစ်စေ့

မြန်မာအမည် – ဘန့်ဘွေး

အင်္ဂလိပ်အမည် – Wild guava, Ceylon oak, Patana oak

ရုက္ခဗေဒအမည် Careya arborea Roxb.

မျိုးရင်း – Lecythiadceae

ပြန်နှံ့ပေါက်ရောက်ပုံ – အဓိကအားဖြင့် အိန္ဒိယတိုက်ငယ်နှင့်တောင်အာရှနိုင်ငံများတွင် တွေ့ရှိ ရပြီး အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့တွင် ပေါက်ရောက်ကြသည်။

အပင်သရုပ် – ပင်စည် ဖြောင့်တန်း၍ ကျယ်ပြန့်သော ရွက်အုပ်ရှိ အလတ်စားမှ ရွက်ကြွေပင်ကြီးမျိုးဖြစ်ပြီး အမြင့် ၁၅-၂၀ မီတာနှင့် ရင်စို့အချင်း ၃၀ စင်တီမိတာရှိသည်။

အခေါက် – အခေါက်သည် အညိုရောင်မှ အညိုရင့်ရောင်အထိရှိပြီး ရာသီဥတု နှင့်အသက်ရင့်လာပါက ကြမ်းတမ်း၍ အမဲရောင်အခေါက်သို့ ပြောင်းလဲသွားသည်။ အခေါက်သားထူပြီး နက်သော အစင်း ကြောင်းနှင့် အဖတ်များလန်လျက်ရှိသည်။

အရွက် – အရွက်သည် ရွက်ထီးအမျိုးအစားဖြစ်ပြီး၊ ရွက်လွှဲထွက်သည်။ အရွက်များည် အကိုင်းအခက်မျာ၏ ထိပ်တွင် အစုလိုက်ရှိနေ တတ်သည်။ ဘဲဥပုံသဏ္ဍာန်ရှိပြီး အစိမ်းနုရောက်ရှိကာ အလျား ၁၅-၃၀ စင်တီမိတာ ရှိသည်။ ရွက်နားညီပြီး အရွက်မျက်နှာ ပြင်တွင် သားရေကဲ့သို့ နုညံ့ (သို့) အမွှေးအမျှင်များပါရှိသည်။

ပန်းခိုင် – လှပ၍ ဆွဲဆောင်မှုရှိသည့် ပန်းပွင့်များအစုလိုက်ပါရှိသည် ထိပ်ထွက် အဆုံးရှိပန်းခိုင်အမျိုးအစားဖြစ်သည်။ ပန်းခိုင်အနေ အထားပေါ် မူတည်၍ ပန်းပွင့် ၃ ပွင့်မှ ၆ ပွင့်ထိရှိသည်.

ပန်းပွင့် – ပန်းပွင့်သည် ကြီးမား၍ ဆွဲဆောင်မှုရှိပြီး အချင်း ၅-၈ စင်တီမီ တာရှိသည်။ အဖြူရောင် (သို့) အဝါဖျော့ရောင်ဖြစ်သည်။ ပန်းပွင့် များသည် ပွင့်ချပ် အဝိုက် ၅ ခုပါရှိသည်။

အသီး – အသီးသည် အချင်း ၆-၈ စင်တီမီတာရှိပြီး မာကြော၍ Capsule အမျိုးအစား အသီးဖြစ်သည်။

အစေ့ – Capsule အသီးတောင့်တွင် ပြားချပ်ရှည်လျားပြီး စက္ကူအတောင်ပံ ပါသည့် သစ်စေ့အများအပြားပါရှိသည်။ စက္ကူအတောင်ပံအားဖြင့် မျိုးပြန့်ပွားကြသည်။

ပွင့်သီးချိန် – မတ်လမှ ဇွန်လအထိ ပန်းပွင့်ပြီး၊ ဇူလိုင်လမှ စက်တင်ဘာလအထိ အသီးသီးချိန်ဖြစ်ပါသည်။

အသုံးဝင်မှု – အခေါက်နှင့် ပွင့်ဖတ်များကို တိုင်းရင်ဆေးများ ဖော်စပ်ရာတွင် အသုံးပြု သည်။ အအေးမိချောင်ဆိုးခြင်းအတွက် လိမ်းဆေး အဖြစ်အသုံးပြု သည်။

Habit
Bark
Leaves
Inflorescence and flowers
Fruits
Seeds

Myanmar Name – Bambwe

Common Name – Wild guava, Ceylon oak, Patana oak

Botanical Name – Careya arborea Roxb.

Family Name – Lecythiadceae

Habitat – Native to the Indian subcontinent and is primarily found in South Asia. Its distribution range includes countries in the Indian subcontinent, such as India, Nepal, Sri Lanka, Bangladesh, and Myanmar.

Habit – Medium-sized to large deciduous tree, often reaching heights of 15-20 meter with a straight trunk and a broad, spreading crown. 30 cm in DBH.

Bark – The bark is greyish-brown to brown in color, and sometimes appear darker due to weathering and aging, rough. It can be deeply furrowed, especially in older trees, with irregular ridges  relatively thick.

Leaves – The leaf is simple type, alternate in arrangement, and clustered at the ends of the branches, oblong or elliptical in shape, dark green in color and 15-30 centimeters in length. The leaf margins are usually entire, and leathery or coriaceous in texture.

Inflorescence – The inflorescence is a terminal panicle with numerous individual flowers. The number of flowers in a single inflorescence can vary, 3 to 6 flowers.

Flower – The flowers are large, attractive, fragrant and 5-8 cm in diameter. They are typically white or pale yellow in color. The flowers have a tubular shape with a flaring, five-lobed corolla and are about 5-8 centimeters in diameter.

Fruit – The fruit is a large, woody capsule, which is spherical and often up to 6-8 centimeters in diameter. The fruit has a hard, thick, and woody shell.

Seed – Inside the woody fruit capsule, there are several seeds. These seeds are flat, oblong, and surrounded by a papery wing that aids in wind dispersal.

Flowering and Fruiting Time – Flowering time from March to June and Fruiting time from July to September.

Usage – The bark, sepals are well known in traditional medicine, use for coughs and colds and applied externally as an embrocation.

FD-APFNet (IFEM) Project

Scroll to Top