





မြန်မာအမည် – ရင်းစပ်
အင်္ဂလိပ်အမည် – Rosewood
ရုက္ခဗေဒအမည် – Dalbergia cultrata T.S.Ralph
မျိုးရင်း – Fabaceae
ပြန်နှံ့ပေါက်ရောက်ပုံ – မူရင်းဒေသအဖြစ် ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ တရုတ်တောင်-အလယ်ပိုင်း၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ် တို့တွင်တွေ့ရ သည်။
အပင်သရုပ် – အမြင့် ၃၀ မီတာအထိ မြင့်မား၍ အပင်အလတ်မှ အပင်ကြီး မျိုးဖြစ် သည်။ အဖိုးတန်သစ်မာကြောင့် လူသိများပြီး ၎င်း၏သစ်အတွက် အလွန်အမင်း အသုံးပြုကြသည်။
အခေါက် – ပုံမှန်အားဖြင့် နီညိုရောင်ရှိပြီး ကြမ်းတမ်းသော အခေါက်များရှိသည်။
အရွက် – ရွက်ဆိုင်ထွက်သည့် နှစ်ဆင့်ငှက်မွှေးရွက်ပေါင်းအမျိုး အစားဖြစ် သည်။ ရွက်မွှာသည် ဘဲဥပုံပုံသဏ္ဍာန်ရှိသည်။
ပန်းခိုင် – အဆုံးမရှိ ကြားထွက် ပန်းခိုင်အမျိုးအစားဖြစ်သည်။
ပန်းပွင့် – သေးငယ်ပြီး ပန်းရောင်မှ ခရမ်းရောင်အထိ အရောင် ကွဲပြားနိုင်သည်။ ပန်းပွင့်တွင် ပွင့်ချပ်၊ တောင်ပံ ပွင့်နှစ်ပွင့်ပါရှိသည်။
အသီးနှင့်အစေ့– သီးတောင့်ရှည်၍ အလျား ၁၀-၁၅ စင်တီမီတာအထိ ရှိနိုင်သည်။ အစေ့သည် ချောမွတ်ပြီး ဘဲဥပုံ သို့မဟုတ် ကျောက်ကပ်ပုံ ဖြစ်သည်။
ပွင့်သီးချိန် – ဖေဖော်ဝါရီလမှ ဧပြီလအထိ ပန်းပွင့်ပြီး ဇွန်လမှ သြဂုတ်လအထိ အသီးသီးချိန်ဖြစ်သည်။
အသုံးဝင်မှု – သစ်သားသည် သိပ်သည်းခြင်း၊ တာရှည်ခံပြီး ဆွဲဆောင် မှုရှိသော ကြောင့်ဗီဒိုများ၊ စားပွဲများနှင့် ကုလားထိုင်များကဲ့သို့သော အဆင့်မြင့်ပရိဘောဂပစ္စည်းများကို ဖန်တီးရန်အတွက် ဦးစားပေးရွေး ချယ်မှုတစ်ခုဖြစ် သည်။






Myanmar Name – Yinzat
Common Name – Rosewood
Botanical Name – Dalbergia cultrata T.S.Ralph
Family Name – Fabaceae
Habitat – Native to Bangladesh, Cambodia, China South-Central, Laos, Myanmar, Thailand, Vietnam.
Habit – Medium-sized to large tree with a height that can reach up to 30 meters (approximately 98 feet). The tree is known for its valuable hardwood, and it has been heavily exploited for its timber.
Bark – Typically brownish-gray and can be fissured or scaly.
Leaves – Pinnately compound, consisting of several pairs of leaflets. Each leaflet is lanceolate or elliptical in shape, and they are arranged alternately along the leaf axis.
Inflorescence – Typically a raceme or panicle. It bears clusters of small flowers along the inflorescence.
Flower – Small and can vary in color from pink to purple. They have the typical shape of a legume flower, with a standard petal, two wing petals.
Fruit & Seed – A pod, like other leguminous plants. The pod is typically elongated and may reach lengths of up to 10-15 centimeters. It contains the seeds and often has a woody texture. Flattened and may be oval or kidney-shaped.
Flowering and Fruiting Time – Flowering from February to April and Fruiting from June to August.
Usage – Highly prized for its dense, durable, and attractive wood, making it a preferred choice for crafting high-end furniture pieces such as cabinets, tables, and chairs.