




မြန်မာအမည် – အုန်းပွား
အင်္ဂလိပ်အမည် – Areca Palm
ရုက္ခဗေဒအမည် – Dypsis lutescens (Wendland) Beentje & Dransfield
မျိုးရင်း – Arecaceae
ပြန်နှံ့ပေါက်ရောက်ပုံ – မူရင်းဇာတိအဖြစ် ထိုင်း၊ ဗီယက်နမ်တို့တွင်ပေါက်ရောက်သည်။
အပင်သရုပ် – အပင်အမြင့် ၆ မှ ၁၂ မီတာခန့်အထိမြင့်နိုင်မာနိုင်၍ အပူပိုင်းဒေသတွင် ပေါက်ရောက်သည်။
ပင်စည်– ငယ်ရွယ်စဉ်တွင် အစိမ်းဖျော့ဖျော့ဖြစ်ပြီး အရွယ်ရောက်ချိန်တွင် မီးခိုးရောင် သို့မဟုတ် အညိုဖျော့ဖျော့ သို့ ပြောင်းလဲသွားသည်။
အရွက် – ငှက်မွှေးရွက်ပေါင်း အမျိုးအစားဖြစ်၍ အကိုင်းအခက် တစ်ခုစီသည် ၆ ပေမှ ၁၀ ပေအထိ ရှည်နိုင်သည်။ အရွက်များသည် ကျဉ်းမြောင်းပြီး ချွန်ထက်ကာ ကိုင်းပင်၏ ဗဟိုပင်စည်တစ်လျှောက် ဆန့်ကျင်ဘက် အတွဲများ ပေါက်သည်။ အရွက်များသည် ပုံမှန်အားဖြင့် တောက်ပသော အစိမ်းရောင်ရှိသည်။
ပန်းခိုင် – အရွက်များကြားတွင် တည်ရှိပြီး အပင်၏ အပေါ်ပိုင်းမှ ပေါက်ထွက် လာသည်။ သေးငယ်၍ မထင်ရှားသော ပန်းပွင့်များ၏ အကိုင်းအခက် များဖြစ်သည်။ ပန်းပွင့်များ သည် ပုံမှန်အားဖြင့် အဝါရောင်မှ စိမ်းဝါရောင်အထိရှိပြီး အတော်လေးသိပ်သည်းနိုင် ပါသည်။
ပန်းပွင့် – သေးငယ်ပြီး အဖြူ သို့မဟုတ် အဝါရောင်ရှိသည်။
အသီးနှင့်အစေ့– သေးငယ်ပြီး ဘဲဥပုံသဏ္ဍာန် အသီးများသည် အစပိုင်းတွင် အစိမ်းရောင် ရှိသော်လည်း ရင့်လာသောအခါတွင် အဝါရောင်၊ လိမ္မော်၊ သို့မဟုတ် အနီရောင်သို့ ပြောင်းသည်။ အသီးတစ်ခုစီသည် ၁-၂ စင်တီမီတာ ခန့် ရှည်ပြီး အစေ့တစ်ခုစီပါရှိသည်။
ပွင့်သီးချိန် – ပန်းပွင့်ချိန်သည် မေလမှ ဇွန်လအထိဖြစ်ပြီး သြဂုတ်လမှ စက်တင်ဘာ လအထိ အသီးသီးချိန် ဖြစ် သည်။
အသုံးဝင်မှု – အလှစိုက်အပင်အဖြစ်စိုက်ပျိုးသည်။





Myanmar Name – အုန်းပွား
Common Name – Areca Palm
Botanical Name – Dypsis lutescens (Wendland) Beentje & Dransfield
Family Name – Arecaceae
Habitat – Native to Thailand, Vietnam.
Habit – A perennial tropical plant that grows to 6–12 m in height and spreads from 3-5 m (8-15ft). Multiple cane-like stems emerge from the base, creating a vase-like shape.
Stem– Smooth and light green when young, turning a pale gray or brown as it matures. The stems, or canes, are thin and often marked with scars from fallen fronds, giving them a ringed appearance.
Leaves – Pinnate (feather-like) and arch gracefully. Each frond can reach up to 6-10 feet in length. The leaflets are narrow, pointed, and grow in opposite pairs along the central stem of the frond. The leaves are typically bright green.
Inflorescence – Emerges from the upper part of the plant, nestled among the leaves. It is a branched cluster of small, inconspicuous flowers. The inflorescences are typically yellow to greenish-yellow in color and can be quite dense.
Flower – Small and white or yellowish. They are typically unisexual.
Fruit & Seed– A small, oval-shaped drupe. The fruits are initially green but turn yellow, orange, or reddish as they mature. Each fruit is about 1-2 cm long and contains a single seed.
Flowering and Fruiting Time – Flowering time from May to June and fruiting time from August to September.
Usage – Cultivated as an ornamental plant.