





မြန်မာအမည် – စကားဝါ
အင်္ဂလိပ်အမည် – Champak
ရုက္ခဗေဒအမည် – Magnolia champaca (L.) Baill. ex Pierre
မျိုးရင်း – Magnoliaceae
ပြန်နှံ့ပေါက်ရောက်ပုံ – မူရင်းဒေသအဖြစ်မော်လဒိုက်၊ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ နီပေါ၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် ဗီယက်နမ်တို့မှ ဖြစ်သည်။
အပင်သရုပ် – အပင်အမြင့် ၅၀ မီတာခန့်အထိ မြင့်မား၍ အပင်အမြဲစိမ်းသော အပင်ကြီးမျိုးဖြစ်သည်။ အကိုင်းအခက် များ ဖြာထွက်၍ အမွှေးနုများဖြင့် ဖုံးလွှမ်းနေသည်။
အခေါက် – အခေါက်ချောမွတ်၍ မီးခိုးရောင်ရှိသည်။
အရွက် – ရွက်လွဲထွက်သည့် ရွက်ထီးအမျိုးအစားဖြစ်ပြီး ဘဲဥပုံ၊ လှံစွပ်ပုံသဏ္ဌာန်ရှိသည်။ ၈-၁၀ လက်မထိရှည်၍ ရွက်ညှာ ၁ လက်မခန့်ထိရှိသည်။ အရွက်နုစဉ် အမွှေးနုကလေးများရှိ၍ ရင့်သောအခါ ပြောင်ချောသည်။ ရွက်နားညီသည်။
ပန်းခိုင် – အဆုံးရှိပန်းခိုင်အမျိုးအအစားဖြစ်သည်။
ပန်းပွင့် – တစ်ပွင့်တည်းပွင့်၍ လိမ္မော်ရောင် သို့မဟုတ် အဝါဖျော့ ရောင်သို့မဟုတ် အဖြူရောင်ရှိပြီး အလွန်မွှေးကြိုင်သည်။ ပွင့်ဖတ်၂ လက်မ မှ ၃ လက်မထိ ရှည်၏။ သေးငယ်သော ဝတ်ဆံများ ပါရှိသည်။ ပွင့်ညှာတိုသည်။
အသီးနှင့်အစေ့ – ၁-၂ လက်မထိ ရှည်သည်။ အခိုင်လိုက်သီးသည်။ ပန်းညိုရောင်အစေ့များပါရှိသည်။
ပွင့်သီးချိန် – ဇွန်လမှ ဩဂုတ်လအထိပန်းပွင့်ပြီး စက်တင်ဘာလမှ နိဝင်ဘာလအထိ အသီးသီးချိန်ဖြစ် သည်။
အသုံးဝင်မှု – မြန်မာဆေးကျမ်းများအလိုအရ စံကားဝါသည် ဖန်ချိုသောအရသာရှိ၍ အေးသောဂုဏ် သတ္တိရှိသည်။ သုတ်ကို ပွားစေ၍ နှလုံးကို အကျိုးပြု၏။ သည်းခြေ၊ သလိပ်တို့ကိုနိုင်၏။ သွေး အန်သွေးကျ၊ ဆီးအောင့်၊ နူနာ၊ အဆိပ်၊ ယားနာ၊ အနာပေါက်တို့ကို ပျောက်ကင်းစေ သည်။






Myanmar Name – Sagawa
Common Name – Champak
Botanical Name – Magnolia champaca (L.) Baill. ex Pierre
Family Name – Magnoliaceae
Habitat – It is native to the Maldives, Bangladesh, Cambodia, China, India, Indonesia, Malaysia, Myanmar, Nepal, the Philippines, Thailand, and Vietnam.
Habit – a medium to large evergreen tree that can reach heights of up to 50 feet (15 meters). It has a pyramidal or conical habit when young, gradually becoming more rounded with age.
Bark – smooth and gray when young, becoming rougher and darker with age.
Leaves – glossy green, elliptical to oblong in shape, and arranged alternately along the branches. They are typically 6 to 12 inches (15 to 30 cm) long and 2 to 4 inches (5 to 10 cm) wide.
Inflorescence – Cymose, dense clusters of flowers at the ends of branches. These clusters can be quite showy and are often fragrant.
Flower – Axillary, highly fragrant and come in shades of yellow to orange. They are cup-shaped and have numerous petals. The fragrance is often described as sweet, fruity, and exotic.
Fruit and Seed – A cone-like aggregate of follicles that mature to a reddish color. Each follicle contains seeds embedded in a fleshy pulp.
Flowering and Fruiting Time – Fruiting time from June to August and fruiting time from September to November.
Usage – According to Burmese medicine books, Sangkawa has a sweet taste and cooling properties. Increases semen and benefits the heart. bile He overcomes phlegm. Blood vomiting, blood loss, urinary retention, leprosy poison itching heals wounds.