လက်ပံ

အပင်သရုပ်
အခေါက်
အရွက်
ပန်းခိုင်နှင့် အပွင့်
အသီးတောင့်
အစေ့

မြန်မာအမည် – လက်ပံ

အင်္ဂလိပ်အမည် – cotton tree, Malabar silk-cotton tree, red silk-cotton, red cotton tree, silk-cotton or kapok

ရုက္ခဗေဒအမည် Bombox ceiba L.

မျိုးရင်း – Bombacaceaae

ပြန်နှံ့ပေါက်ရောက်ပုံ – တောင်အမေရိက၊ အာဖရိကနှင့်အရှေ့တောင်အာရှစသည့် အပူပိုင်းဒေသများတွင် ပေါက်ရောက်လေ့ရှိသည်။ အပူပိုင်းမိုးသစ်တောများ၊ စိုစွတ်သော မြေနိမ့်‌ ဒေသများတွင် ပေါက်ရောက်သည်။

အပင်သရုပ် – အမြင့်ပေ ၇၀ မီတာထိမြင့်သည့် ရွက်ကြွေပင်ကြီး အမျိုးအစားဖြစ်သည်။ ရှည်လျား တုတ်ခိုင်သောပင်စည်ရှိပြီး အောက်ခြေတွင် ပါးပျဉ်းများရှိသည်။

အခေါက် – အခေါက်သည် ၁.၈-၂.၅ စင်တီမီတာထူပြီး၊ ပြောင်ချောသည်။ အပင်ငယ်စဉ်တွင် အခေါက်ပေါ်တွင်ဆူများရှိတတ်ပြီး ငွေရောင်မှ မီးခိုးဖျော့ရောင်ရှိသည်။ ရင့်သန် လာပါက မီးခိုးဖြူရောင်ဖြစ်လာကာ ပုံမှန်မဟုတ်သော ဒေါင်လိုက်အက်ကွဲ ကြောင်းများဖြစ်လာကာ အခေါက်ပေါ်တွင် ဆူးများကျဲပါးလာပြီး ကြမ်းတမ်းလာ သည်။

အရွက် – လက်ဝါးပုံရွက်ပေါင်းအမျိုးအစားဖြစ်ပြီး အရွယ်အစားမှာ ၁၅-၃၀ စင်တီမီတာ ရှည်သည်။ အရွက်တစ်ရွက်တွင် ရွက်မွှာငယ် ၅ ခုပါရှိပြီး ရံဖန်ရံခါ ၇ ရွက်ခန့် ပါရှိတတ်သည်။ ရွက်မွှာ များသည် ရွက်နားညီ၊ လှံသွားပုံဖြစ်ကာ အရှည် ၁၀-၂၀ စင်တီမီတာထိရှိသည်။

ပန်းခိုင် – ခွက်ပုံသဏ္ဍာန်ရှိ ပန်းပွင့်များသည် ထီးတည်း (သို့) အစုလိုက် အကိုင်း အခက်များ၏ ထိပ်တွင်အရွက်နုများ ထွက်သည်နှင့်တပြိုင်နက် ပွင့်ကြသည်။ အရွယ်အစားမှာ ၇-၁၁ x ၁၄ စင်တီမီတာရှိသည်။

ပန်းပွင့် – အရည်ရွှမ်း၍ အသားထူ၊ အနီရောင်ရှိသည့် ပွင့်ချပ် ၅ ခုရှိပြီးအရှည်၁၂ စင်တီ မီတာရှိသည်။ အချင်း ၃-၅ စင်တီမီတာရှိ ပွက်ဖတ်အုံသည် ခွက်ပုံရှိပြီး အနက် ရောင်ရှိသည်။ ဝတ်ဆံဖို တိုင်အစု ၆ ခုတည်ရှိပြီး အစုတစ်စုတွင် ဝတ်ဆံဖိုတိုင် ၁၂ ခုရှိသည်။ ဝတ်မှုန်ခံတိုင်သည် အနီရောင်ဖျော့ဖျော့ရှိကာ အရှည် ၉ စင်တီမီ တာရှိသည်။

အသီး – အသီးတောင့်တစ်တောင့်၊ ၈-၁၀ x ၃ စင်တီမီတာ၊ အဆင်းသဏ္ဍာန်၊ ကျည်ဆန်ပုံ၊ အစွန်းနှစ်ဖက်စလုံးတွင် အမဲရောင်၊ အက်ကွဲသီးတောင့်အမျိုးအစားဖြစ်ပြီး အရွယ် ၈-၁၉ x ၃ စင်တီမီ တာရှိသည်။ ဆလင်ဒါပုံ ကျည်ဆန်ပုံရှိသည်။ ထိပ်အစွန်း နှစ်ဖက်တွင် အညိုရောင်အမွေးနု များရှိသည်။

အစေ့ – အသီးဆစ်တောင့်တွင် သစ်တော်သီးပုံသဏ္ဍာရှိ သေးငဘ်သည့်အစေ့ များစွာ ပါရှိသည်။ အစေ့သည် အနက်ရောက်ရှိပြီး အစေ့ထိပ်တွင် ငွေမှင်ရောင် အမွေးနု များစွာတွယ်ကပ်ပြီး အသီးတောင့်ကွဲအက်ပါက လေအကူဖြင့် မျိုးပြန့်ပွားကြ သည်။

ပွင့်သီးချိန် – ဇန်နဝါရီလမှ မတ်လအထိ ပန်းပွင့်ချိန်ဖြစ်ပြီး၊ ဧပြီနှင့်မေလတွင် အသီးသီးကြ သည်။

အသုံးဝင်မှု – တိုင်းရင်းဆေးအမျိုးမျိုးဖော်စပ်အသုံးပြုသည့် အပင်ဖြစ်သည်။ ကာလ ဝမ်းရော ဂါ၊ tubercular fistular၊ ချောင်းဆိုးခြင်း၊ ဆီးကျန်ခြင်း၊ သွေးဝမ်းသွားခြင်း ကြောင့်ဗိုက်နာခြင်း၊ သည်းခြေပျက်ခြင်းတို့ကို ကုသရာတွင် အသုံးပြုသည်။

Habit
Bark
Leaf
Inflorescence and flowers
Capsule
Seeds

Myanmar Name – Letpan

Common Name – cotton tree, Malabar silk-cotton tree, red silk-cotton, red cotton tree, silk-cotton or kapok

Botanical Name – Bombox ceiba L.

Family Name – Bombacaceaae

Habitat – Native to the tropical regions of Central and South America, Africa, and Southeast Asia. It thrives in a variety of habitats, primarily in tropical rainforests and moist, lowland area

Habit – Large, deciduous tree that can reach heights of up to 70 meters (230 feet) or more. It has a tall, straight trunk and a massive canopy of branches and leaves.

Bark – 1.8-2.5 cm thick and smooth bark looks pale ashy to silver grey up to middle age but becomes rough with irregular vertical cracks on older trees.

Leaves – Digitate compound leaves, large, spreading, glabrous which has common petiole, and the size of leaf is 15-30 cm long, a leaf contains five leaflets but sometimes up to seven leaflets could be found and the length of leaflets varies from 10 to 20 cm.

Inflorescence – Cup-shaped flowers solitary or clustered, axillary or sub-terminal, fascicles at or near the ends of the branches, when the tree is bare of leaves, an average of 7–11 cm wide, 14 cm in width,

Flower – Petals up to 12 cm in length, calyx is cup-shaped usually 3 lobed, 3–5 cm in diameter. Staminal tube is short, more than 60 in 5 bundles. The stigma is light red, up to 9 cm in length.

Fruit – Fruit a capsule, 8-10 x 3 cm, downy tomentose, cylindrical, cuneate on both ends, blackish and glabrous at maturity, the columella brownish.

Seed – Seeds numerous, pyriform, smooth, dark brown, embedded in white cotton.

Flowering and Fruiting Time – Flowering from January to March and fruiting from April to May.

Usage – Famous plant used extensively in traditional medicine for various diseases. They are used in the treatment of cholera, tubercular fistula, cough, urinary complaints, nocturnal pollution, abdominal pain due to dysentery, and impotency. The gum is astringent, demulcent and tonic.

FD-APFNet (IFEM) Project

Scroll to Top