





မြန်မာအမည် – ဂမုန်းယပ်တောင်
အင်္ဂလိပ်အမည် – Blue-flowered xiphidium
ရုက္ခဗေဒအမည် – Xiphidium caeruleum Aubl.
မျိုးရင်း – Haemodoraceae
ပြန်နှံ့ပေါက်ရောက်ပုံ – မူရင်းဒေသအဖြစ်ပနားမား၊ ကိုလံဘီယာ၊ ဗင်နီဇွဲလား၊ အီကွေဒေါ၊ ပီရူးနှင့် ဘရာဇီးတို့ကဲ့သို့သော နိုင်ငံများအပါအဝင် အလယ်ပိုင်းနှင့် တောင်အမေရိကတို့မှ ဇာတိဖြစ်သည်။ စိုစွတ်သောသစ်တောများ၊ ချောင်းများ၊ မြစ်ကမ်းပါးများနှင့် အခြား စိုစွတ်သောနေရာများတွင် တွေ့ရှိရသည်။
အပင်သရုပ် – ပင်ပျော့ပြီး နှစ်ရှည်ပင်အမျိုးအစားဖြစ်၍ အမြင့် ၁-၂ မီတာခန့်အထိ ကြီးထွားနိုင်သောအမျိုးအစား ဖြစ်သည်။
ပင်စည် – သစ်သားမဟုတ်သော အပင်မျိုးဖြစ်ပြီး ပုံမှန်အားဖြင့် စိမ်းလန်းပြီး ချောမွေ့သည်။
အရွက် – လှံစွပ်ပုံရှိ၍ အရှည် ၂၀ မှ ၃၀ စင်တီမီတာ အထိကြီး ထွားနိုင်ပြီး ချောမွေ့ပြီးတောက်ပသောအသွင်အပြင်နှင့်အစိမ်းရောင်ရှိသည်။
ပန်းခိုင် – အဆုံးမရှိပန်းခိုင် အမျိုးအစားဖြစ်၍ ပန်းခိုင်သည် အကိုင်းအခက်များ၏ ထိပ်မှထွက်သည်။
ပန်းပွင့် – အဖြူရောင်အဖူးလေးများသည်ကြက်ဉပုံသဏ္ဍာန်ရှိ၍ ပန်းပွင့်လေးများ သည်ပွင့်ချပ် ၆ခုပါရှိသည်။
အသီးနှင့်အစေ့– အက်ကွဲသီးအမျိုးအစားဖြစ်သည်။
ပွင့်သီးချိန် – ပန်းပွင့်ချိန်သည် မေလ မှ အောက်တိုဘာလအထိဖြစ်ပြီး ဇွန်လမှ နိုဝင်ဘာလအထိ အသီးသီးချိန်ဖြစ်သည်။
အသုံးဝင်မှု – အလှစိုက်အပင်အဖြစ်စိုက်ပျိုးသည်။






Myanmar Name – Gamone-yettaung
Common Name – Blue-flowered xiphidium
Botanical Name – Xiphidium caeruleum Aubl.
Family Name – Haemodoraceae
Habitat – Native to Central and South America, including countries like Panama, Colombia, Venezuela, Ecuador, Peru, and Brazil. It is typically found in wet forests, along streams, riverbanks, and other moist areas.
Habit – Perennial herbaceous plant, can grow to about 1-2 meters in height and clumping habit with erect stems.
Stem– Herbaceous, not woody, and typically green and smooth.
Leaves – Alternate, elongated, lanceolate, can grow up to 20-30 cm in length, smooth and have a glossy appearance and bright green.
Inflorescence – The flowers are arranged in a raceme. The inflorescence arises from the top of the stems.
Flower – Small, egg-shaped flower buds give rise to white, tubular flowers that hang down and open slightly at the tip. Plants produce a spike-like inflorescence under full sun, but a branched inflorescence under semi-shade.
Fruit – Capsule is small.
Flowering and Fruiting Time – Flowering time from May to October and fruiting time from June to November.
Usage – Cultivated as an ornamental plant.