





မြန်မာအမည် – ဇီဇဝါ
အင်္ဂလိပ်အမည် – Gardenia, cape jasmine
ရုက္ခဗေဒအမည် – Gardenia jasminoides J.Ellis
မျိုးရင်း – Rubiaceae
ပြန်နှံ့ပေါက်ရောက်ပုံ – မူရင်းဒေသအဖြစ် တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ ၊ ပူနွေးစွတ်စိုတဲ့ ရာသီဥတု ရှိသော အရှေ့တောင် အာရှ နိုင်ငံများ ၊ ပစိဖိတ် ကျွန်းများ နှင့် တောင်အာဖရိက တိုက်နိုင်ငံများမှာ တွေ့ရသည်။
အပင်သရုပ် – အပင်အမြင့် ၃မီတာခန့်အထိ ရှိနိုင်ပြီး အမြဲစိမ်း ချုံပုတ်သဖွယ်ရှိသော အပင်ဖြစ်သည်။
အခေါက် – အပင်ငယ်စဉ်တွင် ချောမွတ်ပြီး အညိုရင့်ရောင်ဖြစ်ပြီး ရင့်လာ သည်နှင့်အမျှ တဖြည်းဖြည်း ကြမ်းတမ်းလာပြီး ညိုမဲလာသည်။ အပင်သက်တမ်းကြာလာသည်နှင့်အမျှ အခေါက်သည် အကြောပြတ်ရာများ ဖြစ်ပေါ်လာနိုင်သည်။
အရွက် – ရွက်ဆိုင်ထွက် ရွက်ထီးအမျိုးအစားဖြစ်သည်။ အရွက်မှာ ရွက်နားညီ၍ လှံစွပ်ပုံသဏ္ဍာန် ရှိပြီး ဘဲဥပုံဖြစ်၍ တောက်ပတဲ့ အစိမ်းရောင်ရှိသည်။
ပန်းခိုင် – တစ်ပွင့်တည်း ထိပ်ထွက်ပန်းခိုင်အမျိုးအစားဖြစ်သည်။
ပန်းပွင့် – ပွင့်ချပ် ၅ – ၉ ခုထိပါရှိသည်။ လိင်စုံပန်းပွင့်အမျိုးအစားဖြစ်၍ အဖြူရောင်ရှိပြီး နွမ်းသွားလျှင် အဝါရောင်သို့ ပြောင်းသွားသည်။
အသီးနှင့်အစေ့ – ဘဲဥပုံ ပုံသဏ္ဍာန်ရှိပြီး အရွယ်အစားကွဲပြားနိုင်ပြီး ဘယ်ရီသီးနှင့် ဆင်တူသည်။ အစေ့သည် သေးငယ်၍ အညိုရောင်ရှိသည်။
ပွင့်သီးချိန် – မေလမှ ဩဂုတ်လအထိပန်းပွင့်ပြီး ဩဂုတ်လမှ အောက်တိုဘာလအထိ အသီးသီးချိန် ဖြစ်သည်။
အသုံးဝင်မှု – အလှစိုက်အပင်အဖြစ်စိုက်ပျိုးကြသည်။






Myanmar Name – Zi za war
Common Name – Gardenia, cape jasmine
Botanical Name – Gardenia jasminoides J.Ellis
Family Name – Rubiaceae
Habitat – Native to China, Japan and Southeast Asian countries with a warm and humid climate. Found in the Pacific Islands and South Africa.
Habit – The plant can reach a height of about 3 meters and is an evergreen shrub-like plant.
Bark – Smooth and grayish-brown when the plant is young, gradually becoming rougher and darker as it matures. As the plant ages, the bark can develop fissures and ridges.
Leaves – Simple, opposite leaves that are glossy dark green in color and elliptical to lanceolate in shape. The leaves typically measure around 5 to 15 centimeters in length and are arranged neatly along the stems.
Inflorescence – Solitary, large, white flowers that are highly fragrant and visually striking. Each flower typically measures around 5 to 10 centimeters in diameter and features five to nine petals.
Flower – Bisexual, petal 5 – 9, is white and turns yellow when worn out.
Fruit – Typically spherical to ovoid in shape and can vary in size, fleshy, berry-like fruit.
Seed – small, brownish-black seeds.
Flowering and Fruiting Time – Flowering time from May to August and Fruiting time from August to October.
Usage – Cultivated as an ornamental plant.