





မြန်မာအမည် – ပျဉ်းမ
အင်္ဂလိပ်အမည် – Giant crepe-myrtle, Queen’s crepe-myrtle, Banabá plant, Pride of India
ရုက္ခဗေဒအမည် – Lagerstroemia speciosa (L.) Pers
မျိုးရင်း – Lythraceae
ပြန်နှံ့ပေါက်ရောက်ပုံ – အရှေ့အာရှ တရုတ်နိုင်ငံ၊ အပူပိုင်းဒေသနိုင်ငံများဖြစ်သည့် အိန္ဒိယ၊ သီရိလင်္ကာ၊ မြန်မာ၊ ထိုင်း၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီယား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နိုင်ငံများတွင် ပျံ့နှံ့ပေါက်ရောက် သည်။ အာဟာရကြွယ်ဝ သည့်နုန်းမြေလွှာတွင် ပေါက်ရောက်ပြီး၊ စိုစွတ်၍ ရေဝပ်သည့်နေရာ များတွင်လည်းရှင်သန်နိုင်သည်။
အပင်သရုပ် – ရွက်ကြွေ အပင်ငယ်၊ အပင်လတ်မှ အပင်ကြီးမျိုးအထိရှိနိုင်ပြီး အပင် အမြင့် ၁၅-၂၆ မီတာ ခန့်ရှိသည်။ ရွက်အုပ်ကြီးမားကျယ်ပြန့်ပြီး တုတ်ခိုင် လုံးဝိုင်းသည့်ပင်စည်ရှိသည်။
အခေါက် – အခေါက်သည် ရံဖန်ရံခါ အကြေးခွံဖတ်ပြားများလန်နေပြီး အညိုရောင် မှမီးခိုးရောင်ရှိပြီး၊ အတွင်းခေါက်သည် အညိုရောင်ရှိပြီး အမျှင်များရှိ သည်။
အရွက် – ရွက်ညှာတောင့်တင်းသော ရွက်ထီးအမျိုးအစားဖြစ်ပြီး၊ ရွက်လွှဲထွက် ၍ ရွက်ပြားကျယ်ကာ ထိပ်ချွန်သည်။ ဘဲဥပုံ (သို့) အီလစ်ပုံရှိပြီး အရွယ်မှာ ၃-၇ x ၈-၁၅ စင်တီမီတာ ရှိသည်။
ပန်းခိုင် – ရှည်လျား၍ ကိုင်းမဖြာသည့် ထိပ်ထွက်ပန်းခိုင်အမျိုးအစားဖြစ်ပြီး ၃၀-၄၀ စင်တီမီတာရှည် သည်။ ပန်းခိုင်များသည် ရွက်အုပ်ထိပ်မှထွက်ရှိပြီး အပန်းခိုင်အောက်ခြေမှ ထိပ်အထိ ပန်းပွင့်များ အဆင့်ဆင့်ပွင့်လေ့ရှိ သည်။
ပန်းပွင့် – ပန်းပွင့်သည် အဖြူရောင်မှ ခရမ်းပြာရောင်ထိရှိပြီး လှပသည်။ ပွင့်ချပ် ၅-၆ ခုပါရှိပြီး ၂-၃.၅ စင်တီမီတာအရွယ်ရှိသည်။
အသီး – အက်ကွဲသီးအမျိုးအစားဖြစ်ပီး အစေ့အိမ်ခန်း ၅ ခန်းပါရှိသည်။ အသီးများ သည် အီလစ်ပုံ (သို့) ဘဲဥရှည်သွယ်ပုံရှိကာ အသားထူ၍ သစ်သားဆန် သည်။ နုစဉ်တွင် အစိမ်းရောင်ဖြစ်ပြီး ရင့်လာသည်နှင့် အမျှ အညိုရောင် သို့ပြောင်းလဲသွားသည်။ အသီးအောက်ခြေတွင် တည်မြဲသည့် ပွက်ဖတ်အုံ နှင့်အဆုံးသတ်ထားသည်။
အစေ့ – အစေ့သည် ပြားချပ်သည့် တောင်ပါရှိပြီး အသီးအက်ကွဲပါက လေအကူ ဖြင့်မျိုးပြန့်ပွားကြ သည်။
ပွင့်သီးချိန် – ဧပြီလမှ ဇွန်လအထိ ပန်းပွင့်ပြီး၊ တစ်ခါတစ်ရံ ဇူလိုင်လမှဩဂုတ်လ တွင်ဒုတိယအကြိမ် ထပ်မံပွင့်တတ်သည်။ နိုဝင်ဘာလမှ ဇန်နဝါရီလ အတွင်း အသီးသီးလေ့ရှိသည်။
အသုံးဝင်မှု – အရွက်ကို ဆေးအဖြစ်အသုံးပြုနိုင်ပြီး သွေးတွင်းသကြား ဓာတ်လျှော့ချ ပေးပြီး ခန္ဓာကိုယ်မှ အင်ဆူလင်ကို ပိုမိုထိရောက်စွာ အသုံးပြုနိုင်ရန် ကူညီ ပေးသည်။






Myanmar Name – Pyinma
Common Name – Giant crepe-myrtle, Queen’s crepe-myrtle, Banabá plant, Pride of India
Botanical Name – Lagerstroemia speciosa (L.) Pers
Family Name – Lythraceae
Habitat – E. Asia – China, Tropical of India, Sri lanka, Myanmar, Thailand, Malaysia, Indonesia, Cambodia, Vietnam, Philippines. It grows best on rich deep alluvial loams and prefers warm, humid and moist soils and can withstand water logging.
Habit – A small to medium-sized to large tree growing to 15 meters tall, with an attractive symmetrical crown having a short bole or trunk with smooth.
Bark – Often fluted, bark creamy-brown to light grey, smooth and peeling in papery flakes; inner bark pale brown and fibrous.
Leaves – Leaves are simple, deciduous, oval to elliptic with stout petiole, 8–15 cm long and 3–7 cm broad, with an acute apex.
Inflorescence – Elongated panicle inflorescence, 30-40 cm long, sticking out from crown, with individual flowers opening progressively from bottom to top panicle.
Flower – Flower with six white to purple petals 2–3.5 cm long.
Fruit – The fruits are ellipsoid or sub-globose woody capsules. They are green at first, but later turn brown and finally black.
Seed – Seed is small with flat wings
Flowering and Fruiting Time – Flowering season is April–June with a second flush in July–August. The fruits ripen in November–January.
Usage – The leaves are used as medicine. Reduce blood sugar and help the body use insulin more efficiently.