





မြန်မာအမည် – ဆပ်သဖူး
အင်္ဂလိပ်အမည် – Hala tree
ရုက္ခဗေဒအမည် – Pandanus tectorius Parkinson ex Du Roi
မျိုးရင်း – Pandanaceae
ပြန်နှံ့ပေါက်ရောက်ပုံ – အိန္ဒိယ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ သြစတြေးလျနှင့် တောင် အာဖရိကတို့မှ ဇာတိဖြစ်သည်။
အပင်သရုပ် – အပင်အမြင့် ၁၅မီတာခန့်အထိရှိ၍ အပင်လတ်အမျိုးအစားဖြစ်သည်။ ပင်လယ်ကမ်းရိုးတန်း တစ်လျောက်နှင့် မြစ်ချောင်း များ၊ ရေအိုင်များ၊ တူးမြောင်းများအနီး နေရာများတွင် အများဆုံး တွေ့ရှိရသည်။
အခေါက် – မီးခိုးရောင် အညိုရောင်ရှိပြီး သစ်ပင်ကြီးရင့်လာသည်နှင့်အမျှထွန်ပုံသဏ္ဍာန်ရှိ၍ ကြမ်းတမ်း လာသည်။
အရွက် – အရွက်များက တည့်မတ်နေသောပင်စည်ပတ်လည်တွင် ပိတ် နေ အောင် ထွက်ကြသည်။ အရွက်ထိပ်ချွန်နေသော ရွက်ထိပ်ချွန် အမျိုးအစားဖြစ်သည်။အရွက်အနား တစ်လျောက် ဆူး များ ရှိသည်။
ပန်းခိုင် – ပွင့်ကာရွက်အုပ်ပန်းခိုင်ဖြစ်၍ အဆုံးမရှိပန်းခိုင်အမျိူးအစား ဖြစ်သည်။
ပန်းပွင့် – အပွင့်သည် ပွင့်ညှာမဲ့ ဖြစ်ပြီး မွှေးကြိုင်သင်းပျံ့သော ရနံ့ရှိ၍ လိင်မစုံပန်းပွင့်ဖြစ်သည်။
အသီးနှင့်အစေ့ – အသီးသည် အလျား ရှည်သော အတွင်း ခွံမာသီးဖြစ်၍ အဝါရောင် သို့မဟုတ် အနီရောင် ဖြစ်သည်။
ပွင့်သီးချိန် – မေလမှ စက်တင်ဘာလအထိပန်းပွင့်ပြီး စက်တင်ဘာလမှ ဒီဇင်ဘာလအထိ အသီးသီးချိန် ဖြစ်သည်။
အသုံးဝင်မှု – ပန်း၏ အဓိက ထုတ်ကုန်မှာ ရနံ့ဆီ နှင့် ရေမွှေးထုတ်လုပ်သည်။ ဆေးပညာတွင် ခေါင်း ကိုက်ခြင်း လေးဖက်နာ၊အအေးမိ တုပ်ကွေး၊ အကြောဆွဲခြင်း ၊အရေပြားရောဂါများနှင့် ကင်ဆာရောဂါများ ကုသ ရာတွင် အသုံးပြုသည်။






Myanmar Name – Sat tha phoo
Common Name – Hala tree
Botanical Name – Pandanus tectorius Parkinson ex Du Roi
Family Name – Pandanaceae
Habitat – Native to India, Philippines, Indonesia, Australia and South Africa.
Habit – Medium-sized tree, reaching heights of up to 15 meters (50 feet). It has a distinctive growth habit with aerial prop roots that help support the tree in sandy soils.
Bark – rough and fibrous, often with a grayish-brown coloration. It may be marked with ridges and furrows as the tree matures
Leaves – Long and narrow, typically ranging from 1 to 2 meters (3 to 6 feet) in length. They are tough and leathery, with spiny edges, and are often spirally arranged at the top of the trunk.
Inflorescence – A dense cluster of small flowers borne on a spadix, which is surrounded by a spiny bract.
Flower – Small and inconspicuous, with male and female flowers typically borne on separate trees. They are often greenish-white in color
Fruit – A large, compound fruit resembling a pineapple, consisting of multiple individual drupes fused together. It is typically orange or yellow when ripe and contains edible seeds embedded in a fleshy pulp.
Seed – Large and typically surrounded by a fibrous or fleshy aril.
Flowering and Fruiting Time – Flowering time from May to September and fruiting time from September to December.
Usage – The main products of the flower are aromatic oil and perfume. In medicine, headache, four-sided pain, cold, cough, it is used in the treatment of spasms, skin diseases and cancer.