





မြန်မာအမည် – ညမွှေးပန်း
အင်္ဂလိပ်အမည် – Night-blooming jasmine, Night-blooming cestrum
ရုက္ခဗေဒအမည် – Cestrum nocturnum L.
မျိုးရင်း – Solanaceae
ပြန်နှံ့ပေါက်ရောက်ပုံ – မူရင်းဒေသအဖြစ် အနောက်အင်ဒီများ တောင်အာရှတွင် တွေ့ရသည်။
အပင်သရုပ် – အမြဲစိမ်းသော ချုံပင် သို့မဟုတ် အပင်ငယ် အမျိုး အစားဖြစ်၍ ၄ မီတာခန့် မြင့်မားနိုင်သည်။
ပင်စည် – ချောမွေ့ပြီး အစိမ်းရောင်မှ အညိုရောင်ဖျော့ဖျော့ရှိပြီး အပင်အသက်ရင့် လာသည်နှင့်အမျှ အခေါက်သည် အနည်းငယ်ကွဲအက်ခြင်း သို့မဟုတ် ကြမ်းတမ်းလာသည်။
အရွက် – အရွက်တွေက ရွက်ထီးဖြစ်ပြီး ကျဉ်းမြောင်းသော လှံသွားပုံရှိသည်။ ရွက်သားခြောမွေ့ပြီး တောက်ပြောင် ပြီး ရွက်နားညီကြသည်။
ပန်းခိုင် – အဆုံးရှိပန်းခိုင်အမျိုးအစားဖြစ်၍ ပြွန်ပုံသဏ္ဍာန်ရှိပန်း ကလေးများအစု လိုက်ပွင့်ကြသည်။
ပန်းပွင့် – ပန်းလေးတွေက အစိမ်းရောင်သန်းသော အဖြူရောင်ရှိသည်။ ပွင့်ချပ်အုံ လေးများသည် Solanaceae ဝင်အခြာအပင်မျိုးစိတ်များ၏ ပန်းပွင့်များ နှင့်မတူပေ။ သေးသွယ်ပြီး ပြွန်ပုံစံဖြစ်နေပါသည်။ ထိပ်ဝတွင်ချွန်နေ သော အဝိုက် ၅ ခုရှိတယ်၊ ညမွှေးပန်းအမည်နှင့် လိုက်အောင် ညအချိန်တွင်သာ ပွင့်ကြသည်။ အလွန်ပြင်းထန်ပြီး ချိုအီသော ရနံ့ကို ထုတ်ပေးသည်။
အသီးနှင့်အစေ့– ဘယ်ရီသီး ကဲ့သို့အမျိုးအစားဖြစ်သည်။
ပွင့်သီးချိန် – ပန်းပွင့်ချိန် မတ်လ မှ အောက်တိုဘာလအထိဖြစ်ပြီး မေလမှ ဒီဇင်ဘာ လအထိ အသီးသီးချိန်ဖြစ်သည်။
အသုံးဝင်မှု – အလှစိုက်အပင်အဖြစ်စိုက်ပျိုးကြသည်။






Myanmar Name – ညမွှေးပန်း
Common Name – Night-blooming jasmine, Night-blooming cestrum
Botanical Name – Cestrum nocturnum L.
Family Name – Solanaceae
Habitat – Native to the West Indies, and naturalized in South Asia.
Habit – Evergreen shrub or small tree that can grow up to 4 meters
Stem– Smooth and greenish to light brown. As the plant ages, the bark may become slightly fissured or roughened.
Leaves – Simple, alternate, and ovate to lanceolate in shape. They are typically 6-12 cm (2.4-4.7 inches) long and 2-4 cm (0.8-1.6 inches) wide.
Inflorescence – Clusters of tubular flowers. These clusters, or cymes, are usually found at the axils of the leaves or at the tips of the branches. Each cyme contains multiple flowers, which are densely packed together.
Flower – Small, tubular, and greenish-white to yellowish in color. They are highly fragrant, especially at night, which attracts nocturnal pollinators such as moths. Each flower is about 2.5-3 cm (1-1.2 inches) long with a narrow tube that flares out into five lobes at the mouth.
Fruit – A small, berry-like structure known as a drupe. The drupes are initially green but turn white or whitish-green when mature. The seeds of Cestrum nocturne are small, round to oval, and smooth
Flowering and Fruiting Time – Flowering time from March to October and fruiting time from May to December.
Usage – Cultivated as an ornamental plant.