





မြန်မာအမည် – ပန်းအိ
အင်္ဂလိပ်အမည် – Crepeflower
ရုက္ခဗေဒအမည် – Lagerstroemia indica L.
မျိုးရင်း – Lythraceae
ပြန်နှံ့ပေါက်ရောက်ပုံ – မူရင်းဒေသအဖြစ် တရုတ်နှင့် ကိုရီးယားတို့တွင် ပေါက်ရောက်၍ အမေရိကန်၊ သြစတြေးလျနှင့် အိန္ဒိယ အပါအဝင် ကမ္ဘာတစ်ဝှမ်းရှိ အပူပိုင်းဒေသများတွင် ကျယ်ပြန့်စွာ စိုက်ပျိုးကြသည်။
အပင်သရုပ် – ပင်စည်ပေါင်းချုံပင် သို့မဟုတ် အပင်ငယ် အမျိုးအစား ဖြစ်၍ အပင် အမြင့် ၃ မှ ၈ မီတာ အထိမြင့်မားနိုင်သည်။
ပင်စည် – ချောမွတ်၍ မီးခိုးရောင်၊ အညိုရောင်နှင့် ခရင်မ်ရောင်ရှိသည်။
အရွက် – ရွက်ဆိုင်ထွက်သည့် ရွက်ထီးအမျိုးအစားဖြစ်သည်။ ဉဖျားသွယ်၍ ရွက်နားညီသည်။ ၂.၅ မှ ၇.၅ စင်တီမီတာခန့်အထိ ရှည်၍ အစိမ်းရင့် ရောင်ရှိသည်။
ပန်းခိုင် – ထိပ်ထွက်သည့် အဆုံးမရှိသည့် ပန်းခိုင်ပေါင်းအမျိုး အစားဖြစ်သည်။
ပန်းပွင့် – အဖြူရောင်၊ ပန်းရောင်၊ အနီရောင်၊ လာဗင်ဒါနှင့် ခရမ်းရောင် အပါ အဝင် အရောင်အမျိုးမျိုးရှိ၍ တွန့်ကွေးသော စက္ကူပန်းပွင့်သဖွယ်ပွင့်၍ ပန်းပွင့်တပွင့်စီတွင် ပွင့်ချပ် ၆ခုပါရှိသည်။
အသီးနှင့်အစေ့– အပ်ကွဲသီးအမျိုးအစားဖြစ်၍ အစိမ်းရောင်ရှိသည်။
ပွင့်သီးချိန် – ပန်းပွင့်ချိန်သည် ဒီဇင်ဘာလမှ မတ်လအထဖြစ်ပြီး အသီးထွက်ချိန် သည် မတ်လမှ မေလအထိဖြစ်သည်။
အသုံးဝင်မှု – အလှဆင်အပင်အဖြစ် စိုက်ပျိုးကြသည်။






Myanmar Name – Panei
Common Name – Crepeflower
Botanical Name – Lagerstroemia indica L.
Family Name – Lythraceae
Habitat – Native to China and Korea but has been widely introduced and cultivated in warm temperate to tropical regions around the world, including the United States, Australia, and India.
Habit – Typically grows as a multi-stemmed shrub or small tree. Depending on the cultivar and growing conditions, it can range from 3 to 8 meters.
Stem – Smooth and exfoliating, peeling off in thin flakes to reveal a patchwork of colors underneath, including shades of gray, brown, and cream.
Leaves – Simple, and opposite in arrangement. They are ovate to oblong in shape, with entire margins, and measure about 2.5 to 7.5 cm (1 to 3 inches) long. The leaves are dark green.
Inflorescence – A terminal panicle, which can be quite large, measuring up to 15 to 20 cm (6 to 8 inches) in length. The panicles are composed of numerous small, delicate flowers, creating a showy and colorful display.
Flower – Crinkled, crepe-like petals that come in a range of colors, including white, pink, red, lavender, and purple. Each flower has six petals.
Fruit & Seed – A small, brown capsule that ripens in the fall. The capsule is initially green.
Flowering and Fruiting Time – Flowering time from December to March and fruiting time from March to May.
Usage – Cultivated as an ornamental plant.