





မြန်မာအမည် – Pouk
အင်္ဂလိပ်အမည် – Flame of forest
ရုက္ခဗေဒအမည် – Butea monosperma (Lam.) Kuntze
မျိုးရင်း – Fabaceae
ပြန်နှံ့ပေါက်ရောက်ပုံ – မူရင်းဒေသအဖြစ် အရှေ့တောင်အာရှ၊ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ မလေးရှားနှင့် အင်ဒိုနီးရှားတို့မှ ဇာတိဖြစ်သည်။
အပင်သရုပ် – အပင်အမြင့် ၁၅ – ၂၅မီတာခန့် မြင့်မားပြီး ရွက်ကြွေသော အပင်ကြီးမျိုး ဖြစ်သည်။ ရွက်အုပ်ကြီး၍ ပင်စည်ဖြောင့်တန်းသောအပင်ဖြစ်သည်။
အခေါက် – အပင်ငယ်စဉ်တွင် အညိုရင့်ရောင်ရှိပြီး အပင်ကြီးလာသည်နှင့်အမျှ အခေါက်သည် ကြမ်းတမ်းသော ထွန်သွားပုံသဏ္ဍာန် ကွဲအက်လာသည်။
အရွက် – ရွက်ဆိုင်ထွက်သည့် ငှက်မွှေးရွက်ရွက်ပေါင်း အမျိုးအစား ဖြစ်သည်။ ကြီးမားသော ရွက်မွှာ ၃ ခုပါရှိပြီး တခါတရံ ရွက်မွှာ ၅ခုအထိပါရှိသည်။ ရွက်မွှာသည် ဘဲဥပုံသဏ္ဍာန်ရှိ၍ ရွက်နား ညီညာသည်။
ပန်းခိုင် – အဆုံးမရှိပန်းခိုင်အမျိုးအစားဖြစ်၍ ထိပ်ထွက်ပန်းခိုင်အမျိုးအစားဖြစ် သည်။
ပန်းပွင့် – အညိုရင့်ရောင်ရှိသော ပွင့်ဖတ် ၅ ခုပါရှိ၍ အမွှေးများရှိသည်။ ပွင့်ချပ် များမှာ လိမ္မော်ရင့်ရောင်ရှိသည်။ လိင်စုံအမျိုးအစားဖြစ်၍ နှစ်ခြမ်းညီ သောပန်းပွင့်အမျိုးအစားဖြစ်သည်။
အသီးနှင့်အစေ့ – အသီးတောင့်အက်ကွဲသီးအမျိုးအစားဖြစ်၍ ၁၅ – ၂၀ စင်တီမီတာခန့်ရှိ သည်။ အစေ့သည် ဘဲဥပုံသဏ္ဍာန် ပြား၍ အညိုရင့်ရောင်ရှိသည်။
ပွင့်သီးချိန် – ဖေဖော်ဝါရီလမှ မေလအထိပန်းပွင့်ချိန်ဖြစ်၍ ဇွန်လမှ ဇူလှိုင်လအထိ အသီးသီးချိန်ဖြစ်သည်။
အသုံးဝင်မှု – အလှဆင်အပင်အဖြစ် စိုက်ပျိုးပြီး ဆောက်လုပ်ရေး၊ ပရိဘောဂ ပြုလုပ် ခြင်းနှင့် လက်မှုပညာတွင် အသုံးပြုသည်။ သစ်သားသည် ခိုင်ခံ့မှုနှင့် ဆွေးမြေ့မှုကို ခံနိုင်ရည်ရှိသောကြောင့် တန်ဖိုးရှိသည်။ တိုင်းရင်းဆေး တွင်အခေါက်နှင့် အရွက်ကို ရောင်ရမ်းခြင်း၊ အရေပြားရောဂါများ၊ ဝမ်းပျက်ခြင်းနှင့် ဆီးချိုရောဂါစသည့် ဝေဒနာအမျိုးမျိုးကို ကုသရာတွင် အသုံးပြုသည်။






Myanmar Name –
Common Name –
Botanical Name –
Family Name –
Habitat –
Habit –
Bark –
Leaves –
Inflorescence –
Flower –
Fruit –
Seed –
Flowering and Fruiting Time –
Usage –