ရုံး

အပင်သရုပ်
အရွက်
ပန်းခိုင်
အပွင့်
အသီး

မြန်မာအမည် – ရုံး

အင်္ဂလိပ်အမည် – Axlewood

ရုက္ခဗေဒအမည် Anogeissus acuminata Wall.

မျိုးရင်း – Combretaceae

ပြန်နှံ့ပေါက်ရောက်ပုံ – အရှေ့အာရှနိုင်ငံများမှ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီယား၊ လာအို၊ ဗီယက်နမ်နိုင်ငံများထိ ပြန့်နှံ့ပေါက်ရောက်ကြသည်။ အပူပိုင်းဒေသ မြေနိမ့်ဒေသ များရှိ အလင်းပွင့်သစ်တောများ၊ ပင်လယ်ရေမျက်နှာပြင် အမြင့် ၇၀၀ မီတာအောက် ရှိတစ်ဝက် တစ်ပျက်ရွက်ပြတ် ရောနှောတော များတွင်ပေါက်ရောက်လေ့ရှိသည်။

အပင်သရုပ် – ရွက်ကြွေအပင်ကြီးမျိုးဖြစ်ပြီး ရွက်အုပ်ကျဉ်းသည်။ အပင်အမြင့် ၄၀ မီတာထိ ရှိနိုင်ပြီး၊ အပင်ရင်းတွင် ပါးပျဉ်းအရှိုက်ကင်းစင်သည့်ရှည်လျားဖြောင့် တန်းပြီး ရင်စို့အချင်း ၁၀၀ စင်တီမီတာရှိသည့် ပင်စည်ရှိ သည်။

အခေါက် – အခေါက်သည် မီးခိုးရောင်၊ အဖြူရောင် (သို့) အညိုရင့်ရောင် ထိရှိနိုင်သည်။ အရွယ်ရလာ သည့်နှင့်အမျှ အခေါက်အပွေးသည် အစင်းကြောင်းရာများပေါ်၍ ကွဲအက်သော အကြေးခွံ ပုံသဏ္ဍာန် ဖြစ်လာသည်။

အရွက် – အရွက်ထီးတည်းအမျိုးအစားဖြစ်ပြီး မျက်နှာချင်းဆိုင် (သို့) တစ်ဝက်တစ်ပျက် လွှဲ၍ ထွက်သည်။ အရွက်သည် ၃-၈ x ၁.၅-၃ စင်တီမီတာ အရွယ်ရှိသည်။ အီလစ်ပုံမှ အီလစ်ရှည် သွယ်ပုံရှိသည်။ ရွက်ထိပ်ချွန်သည်။ အရွက်အောက်ခြေချွန်သည်။ ရွက်ပြားပါးလွှာပြီး အပေါ် နှင့် အောက်မျက်နှာပြင် ချောမွေ့သည်။ ဘေးရွက်ကြော ၄-၈ စုံပါရှိသည်။ ရွက်ညှာ ၁-၈ မီလီမီတာ ရှည်သည်။

ပန်းခိုင် – ပန်းခိုင်သည် ဦးခေါင်းငယ်ပန်းခိုင်အမျိုးအစားဖြစ်ပြီး အရွယ်အားဖြင့် ကန့်လန့်ဖြတ် ၁-၂ စင်တီမီတာရှိသည်။ ပန်းခိုင်သည် ကြားထွက် (သို့) ထိပ်ထွက်အမျိုး အစား ဖြစ်သည်။ ပန်းခိုင်ရိုးတံသည် ၀.၅-၂ စင်တီမီ တာရှည်သည်။ ပန်းခိုင်ရိုးတံပေါ်တွင် ပွင့်ခံရွက် ၁-၂ စုံ ပါရှိသည်။

ပန်းပွင့် – ပွင့်ဖတ်အုံသည် ပြောင်ချော၍ ၂-၄ မီလီမီတာ အရှည်ရှိသည်။ ခွက်ပုံ သဏ္ဍာန် ရှိသည်။ ခွေးသွားစိတ်ပုံ ပွင့်ဖတ် ၅-၆ ခုပါရှိပြီး တြိဂံပုံရှိကာ ၀.၅ မီလီမီတာ အရွယ်ရှိသည်။ ပွင့်ချပ် မဲ့ပြီး ဝတ်ဆံဖိုတိုင်များ သည် ၂-၄ မီလီမီတာရှည်ကြသည်။ ဝတ်မှုန်အိမ်သည် ရှည်လျားပုံရှိပြီး ၀.၅ မီလီမီတာ အရွယ်ခန့်ရှိသည်။

အသီး – အသီးသည် ၃-၇ x ၅-၈ မီလီမီတာအရွယ်ရှိသည်။ အသီးသည် တောက်ပ ပြောင်ချောနေ တတ်ပြီး အနီရောင်သန်းသည့် အညိုရောင်ရှိသည်။ ပြားချပ် ပါးလွှာသောအတောင်ပံ ၂ ခု ပါရှိပြီး၊ အနားညီ (သို့) တစ်ခါတစ်ရံ အနားဖက် ဆီသို့ပြန့်ကားထွက်တတ်သည်။ နှုတ်သီးသည် ၁.၅-၄ မီလီမီတာ အရွယ်ရှိ သည်။

အစေ့ – အစေ့သည် ဘဲဥပုံရှိကာ ၃-၅ x ၂.၅-၃ မီလီမီတာအရွယ်ရှိကာ အတောင်ပံ ပါရှိသဖြင့် လေအကူဖြင့် မျိုးဆက်ပြန့်ပွားကြသည်။

ပွင့်သီးချိန် – မတ်လမှ မေလအထိ ပန်းပွင့်ချိန်ဖြစ်ပြီး၊ ဇွန်လမှ စက်တင်ဘာလအထိ အသီးသီးချိန် ဖြစ်သည်။

အသုံးဝင်မှု – အနှစ်သားသည် အညိုရောင်သန်းသည့်အနီရောင်ရှိပြီး အဝါရောင်ရှိသည့် အကာသား ရှိသည်။ သစ်သားသည် အစိုဓာတ်နှင့် စိုထိုင်းဆအား ခံနိုင်ရည်မရှိသဖြင့် တာရှည်အသုံးပြုရန် မသင့်တော်ပါ။ သို့ရာတွင် တူရိယာပစ္စည်းများ၊ အပေါ့သုံး ပရိဘောဂများနှင့် အဆာက်အဦး များတွင် အသုံးပြုနိုင်သည်။

Habit
Leaves
Inflorescence
Flowers
Fruits

Myanmar Name – Yon

Common Name – Axlewood

Botanical Name – Anogeissus acuminata Wall.

Family Name – Combretaceae

Habitat – E. Asia – India, Bangladesh, Myanmar, Thailand, Cambodia, Laos, Vietnam. Tropical lowland open forest or semi-deciduous forests at elevations below 700 meters. It is found particularly in deep, humus-rich, loamy soils, along streams or river banks.

Habit – A deciduous tree with a narrow crown; it can grow up to 40 meters tall. The long, straight bole is unbuttressed and can be 100 cm in diameter.

Bark – Bark grey, whitish or dark brown; It may develop fissures and furrows with age.

Leaves – Leaves opposite to subopposite, 3-8 x 1.5-3 cm, elliptic to oblong-elliptic, acute, or sometimes shortly acuminate at apex, base acute to obtuse, thinly coriaceous, glabrous above, and; lateral nerves 4-8 pairs; petioles 1-8 mm long; bracts on peduncles 1-2 pairs.

Inflorescence – Inflorescence: heads 1-2 cm across, axillary and terminal, solitary or occasionally in pairs; peduncles 0.5- 2 cm long.

Flower – Calyx tube 2-4 mm long, tawny cupular or shortly campanulate, 1.5-2 x 2-2.5 mm, glabrous or pubescent only at base; teeth 5-6, triangular, ca 0.5 mm long. Petals 0. Stamens 2-4 mm long; anthers oblong to suborbicular, ca. 0.5 mm long.

Fruit – Fruits 3-7 x 5-8 mm (excluding beak), puberulous to glabrous, reddish-brown, often glossy; wings 2, membranous, entire or slightly undulate along margins; beak 1.5-4 mm long. seeds ovoid, 3-5 x 2.5-3 mm.

Seed – Seeds ovoid, 3-5 x 2.5-3 mm. The seeds are typically winged, which helps with their dispersal by wind.

Flowering and Fruiting Time – Flowering from March to May and fruiting from June to September.

Usage – The heartwood is greyish-red; it is clearly demarcated from the yellow sapwood. The wood is not very durable, being poorly resistant to water or humidity. It is used for light construction, furniture, and musical instruments.

FD-APFNet (IFEM) Project

Scroll to Top