





မြန်မာအမည် – Chin-byit
အင်္ဂလိပ်အမည် – Mountain ebony, purple orchid tree
ရုက္ခဗေဒအမည် – Piliostigma malabaricum (Roxb.) Benth.
မျိုးရင်း – Fabaceae
ပြန်နှံ့ပေါက်ရောက်ပုံ – အရှေ့တောင်အာရှနိုင်ငံများဖြစ်သည့် ထိုင်း၊ လာအို၊ မြန်မာ၊ ကမ္ဘော ဒီးယား၊ ဗီယက်နမ်နှင့်ဖိလစ်ပိုင်နိုင်ငံများ’တွင် မူရင်းဒေသများအဖြစ် ပေါက်ရောက်ကြသည်။
အပင်သရုပ် – ရွက်ကြွေ ပင်လတ် (သို့) ပင်ကြီးအမျိုးအစားဖြစ်သည်။ ရေပြင်ညီ အနေအထားဖြင့် ဘေးကိုင်းတက်များ ဖြန့်ထွက်ကာ ရွက်အုပ် လုံးဝိုင်းပြန့်ကာ၍ ထူးရှားသည့် ကြီးထွားမှုပုံရှိသည်။ အမြင့်အားဖြင့် ၁၅-၂၀ မီတာရှိပြီး ရင်စို့လုံးပတ် ၃၀ မှ ၆၀ စင်တီမီတာထိရှိသည်။
အခေါက် – အခေါက်သည် ပုံမှန်အားဖြင့် မီးခိုးရောင် သို့မဟုတ် အညိုရောင်ရှိပြီး သက်ရင့်အပင်များတွင် ကြမ်းတမ်း၍ အက်ကွဲသည့် ကြေးခွံဖတ် အခေါက်များရှိသည်။
အရွက် – ရွက်ထီးအမျိုးအစားဖြစ်ကာ ထိပ်တွင် နှစ်ခွကွဲ၍ ရွက်လွှဲထွက်လေ့ ရှိသည်။ ရွက်စွယ်သေးငယ်ပြီး ထီးတည်းတည်ရှိကာ ကြွေလွယ်သည်။ ရွက်ညှာ ၂၅-၃၀ မီလီမီတာရှည်၍ ဆလင်ဒါပုံရှိကာ ချောမွေ့၍ ထိပ်နှင့်အောက်ခြေတွင် အနည်းငယ် ဖောင်းယောင်ယောင်ရှိနေ သည်။ ရွက်ပြား အကျယ်သည် အလျားထက်ပိုရှည်ကာ ၅-၁၀ x ၇-၁၂.၅ စင်တီမီတာ အရွယ်ရှိသည်။ ချပ်ပြားဝိုင်းပုံရှိသည်။ ရွက်နားညီ၊ ရွက်ခြေအဝိုက်ပုံရှိကာ ရွက်ထိပ်ချွန်သည်။ အရွက်အပေါ်မျက်နှာပြင် ချောမွေ့ပြောင်လက်ပြီး အောက်မျက်နှာပြင်မှာ အနည်းငယ်ကြမ်း ရှရှရှိသည်။ ဘေးရွက်ကြော ၉-၁၁ ခုပါရှိပြီး အရွက်အောက်ခြေမှ လက်ဝါးပုံယှက်ဖြာထွက်ကာ ထင်ရှားသည်။
ပန်းခိုင် – ပန်းခိုင်သည် အရွက်ရင်းကြားမှထွက်ရှိပြီး တိုတောင်း၍ ရိုးရှင်းသော သို့မဟုတ် အကိုင်းအခက်အနည်းငယ်ရှိသော အဆုံးရှိပန်းခိုင် အမျိုးအစားဖြစ်သည်။ ပွင့်ခံရွက်များသည် အလွန်သေးငယ်ပြီး တြိဂံပုံရှိသည်။
ပန်းပွင့် – ပန်းပွင့်များသည် အများအားဖြင့် ပန်းရောင် သို့မဟုတ် ခရမ်းရောင်၊ ရှိကာ လိုင်စုံပန်းပွင့်များဖြစ်ကြသည်။ အရွယ်အားဖြင့် ၆-၈ မီလီမီတာခန့်ရှိသည်။ ပွင့်ညှာသွယ်ပြီး ဆလင်ဒါပုံရှိကာ ၂.၅ စင်တီမီတာအရှည်ရှိသည်။ ပွင့်ဖတ်အုံပြွန်ရှည်လျားပြီး ပါးလျ၍ ထိပ်တွင် တိုတောင်သော အဝိုက် ၅ ခုပါရှိသည်။ ပွင့်ချပ် ၅ ခုပါရှိပြီး ဝတ်ဆံဖိုတိုင် ၁၀ခု ပါရှိသည်။
အသီးနှင့်အစေ့– အသီးတောင့်ရှည်ပုံရှိကာ အရွဘ်အားဖြင့် ၂၅-၃၀ x ၁.၈-၂.၅ စင်တီမီတာရှိသည်။ အသီးတောင့်သည် ပြားချပ်၍ ထိပ်တွင် နှုတ်သီးပုံရှိကာ အလျားလိုက် အစင်းကြောင်းရှိကာ ပြောင်ချောသည်။ အသီးတတောင့်တွင် အစေ့ ၂၀-၃၀ ထိပါရှိတတ်သည်။ is typically elongated and somewhat flattened.
အစေ့များသည် ဥရှည်သွယ်ပုံရှိကာ ပြားချပ်ပြီး အညိုရောင်ရှိသည်။
ပွင့်သီးချိန် – မတ်လမှ ဧပြီလအထိ ပန်းပွသ့်ပြီး ဇွန်လမှ စက်တင်ဘာလအထိ အသီးသီးချိန်ဖြစ်သည်။
အသုံးဝင်မှု – အရွက်ကို febrifuge အဖြစ်အသုံးပြုသည်၊ ပန်းပွင့်ပြုတ်ရည်ကို ဝမ်းကိုက်ရောဂါ အတွက် အသုံးပြုသည်။






Myanmar Name – Chin-byit
Common Name – Mountain ebony, purple orchid tree
Botanical Name – Piliostigma malabaricum (Roxb.) Benth.
Family Name – Fabaceae
Habitat – Southeast Asia, such as Thailand, Laos, Myanmar, Cambodia, Vietnam, Malaysia, Indonesia, and the Philippines.
Habit – Medium to large-sized deciduous tree. It has a distinctive growth habit, with branches spreading horizontally and a rounded crown. The tree can reach heights of 15-20 meters and typical DBH can range from approximately 30 to 60cm.
Bark – Typically grayish or brown and can be rough and fissured in older trees.
Leaves – Leaves simple, bilobed, alternate; stipules small, free, lateral, cauducous; petiole 25-30 mm long, slender, glabrous, swollen at tip and base; lamina 5-10 x 7-12.5 cm, broader than long, suborbicular, base cordate, apex obtuse, margin entire, glabrous above, slightly glaucous beneath, coriaceous; 9-11 nerves from the base, palmate, prominent, intercostae reticulate, prominent.
Inflorescence – Inflorescences are short, simple or few-branched racemes from the leaf axis. Bracts are very small and triangular.
Flower – Flowers usually pink or purplish in color, bisexual, 6-8 mm across, cream coloured, in axillary corymbs; pedicels slender, upto 2.5 cm; calyx tube long, thin, pubescent with 5 short lobes; petals 5, oblong; stamens 10.
Fruit – Fruit a pod, 25-30 x 1.8-2.5 cm, straight, flattened, beaked, longitudinally striate, glabrous; seeds 20-30, oblong.
Seed – Seeds are usually flat, brown, and oval in shape.
Flowering and Fruiting Time – Flowering time from March and June and Fruiting time from June to September.
Usage – bark is used as a poultice, he leaves are used as a febrifuge, The flower infusion is used as an anti-dysenteric