ဒန်းပန်းပင်

အပင်သရုပ်
ပင်စည် အရွက်နှင့် ပန်းခိုင်
ပန်းပွင့်
အစေ့

မြန်မာအမည် – ဒန်းပန်းပင်

အင်္ဂလိပ်အမည် – Balsam, Garden balsam, Rose balsam, Touch-me-not or Spotted snapweed.

ရုက္ခဗေဒအမည် Impatiens balsamina L.

မျိုးရင်း – Balsaminaceae

ပြန်နှံ့ပေါက်ရောက်ပုံ – အိန္ဒိယနှင့်မြန်မာနိုင်ငံတွင် မူရင်းဒေသအဖြစ်ပေါက်ရောက်သည်။

အပင်သရုပ် – တစ်နှစ်ခံပင်ပျော့အမျိုးအစားဖြစ်ပြီး အမြင့် ၂၀-၇၅ စင်တီမီတာမြင့် သည်။ ပင်စည်တုတ်တိုပြီး အသားနူညံ့ပျော့ပြောင်းသည်။

အခေါက် – ပင်စည်နူးညံ့ပျော့ပြောင်းပြီး အရည်ရွှမ်းသည်။  

အရွက် – အရွက်သည် ရွက်ထီးအမျိုးအစားဖြစ်ပြီး ပင်စည်တွင် အရစ်လိုက်အနေ အထားဖြင့်ထွက်သည်။ အရှည် ၂.၅-၉ စင်တီမီတာနှင့် ၁-၂.၅ စင်တီမီ တာ ကျယ်ဝန်းပြီး ရွက်နားတွင် ခွေးသွားစိပ်များပါရှိသည်။  

ပန်းခိုင် – ပန်းပွင့်များသည် အပင်၏ပင်စည်နှင့်အရွက်ရင်းကြားမှ ကြားထွက် ပန်းခိုင်အဖြစ်ထွက်ကြသည်။ ပန်းခိုင်တစ်ခိုင်းတွင် အပွင့် ၁ ပွင့် (သို့) ၂-၃ ပွင့်ပွင့်ကြပြီး အရောင်အဆင်း တောက်ပပြောင်ချောသည်။

ပန်းပွင့် – ပန်းပွင့်များသည် ပန်းရောင်၊ အနီရောင်၊ ခရမ်းပြာရောင်၊ ခရမ်းရောင်၊ သို့မဟုတ် အဖြူရောင်အမျိုးမျိုးရှိကြပြီး၊ အချင်း ၂.၅-၅ စင်တီမီတာ ရှိသည်။

အသီးနှင့်အစေ့– အသီး- အမွှေးအမျှင်များပြီး ပျော့ပျောင်ကာ၊ ပေါက်ကွဲထွက်လွယ် သည်။ အလယ်တည့်တည့်တွင် အစေ့အိမ်ခန်း ၅ ခုပါသော အသီးတောင့်ပုံစံဖြစ်သည်။ အစွန်းနှစ်ဖက်စလုံးတွင် ကျဉ်းမြောင်းပြီး အရှည်  ၂ စင်တီမီတာအောက်သာရှိသည်။
ရင့်မှည့်သော အစေ့တောင့်များသည် ပေါက်ကွဲအက်ကွဲ၍
ပြန့်လွင့်ကြ သည်။

အသုံးဝင်မှု – အဆစ်အမြစ်များ နာကျင်ကိုက်ခဲခြင်းကို ကုသရန်အပင်ကို အသုံးပြု သည်။ အရွက်ဖျော်ရည်ကို ကြွက်နို့ကုသရာတွင်အသုံးပြုသည်။ ပင်စည် ရည်သည် အေးမြ၍ မှိုသတ်ဆေးနှင့် ဘက်တီးရီးယားပိုးမွှားများကို နှိမ်နင်းနိုင်သော ဂုဏ်သတ္တိများရှိပြီး မီးလောင်ဒဏ်ရာများ၊ ဦးရေပြား နှင့် မြွေကိုက်များကို ကုသရာတွင် အသုံးပြုသည်။ အစေ့အမှုန့်ကို အမျိုးသမီးများ ပင်ပန်းနွမ်းနယ် နေချိန်တွင် ခွန်အားပေးစွမ်းသည်။

Habitat
Stem, Inflorescence and flowers
Flower
အစေ့

Myanmar Name – Dan-pan

Common Name – Balsam, Garden balsam, Rose balsam, Touch-me-not or Spotted snapweed.

Botanical Name – Impatiens balsamina L.

Family Name – Balsaminaceae

Habitat – A species of plant native to India and Myanmar.

Habit – It is an annual plant growing to 20–75 cm tall, with a thick, but soft stem.

Bark – Soft stem and succulent.

Leaves – leaves are simple, spirally-arranged, 2.5–9 cm long and 1–2.5 cm broad, with a deeply toothed margin. 

Inflorescence – Inflorescence resupinate, axillary, solitary or 2-3 flowered in fascicles in the upper parts of the plant, usually glabrous.

Flower – The flowers are pink, red, mauve, purple, lilac, or white, and 2.5–5 cm diameter.

Fruit – Fruit: a softly-hairy, explosively dehiscent, five-valved capsule, which is plump around the middle, narrowed at both ends, and less than 2 cm long.

Seed – The ripe seed capsules undergo explosive dehiscence.

Usage – The plant is used to treat pains in the joints. Leaf juice applied to warts. Mucilaginous flowers have cooling, antifungal and antibacterial properties, used to treat burns, scalds and snakebites. Powdered seeds given to women during labor to provide strength.

FD-APFNet (IFEM) Project

Scroll to Top