ဧကရာဇ်

အပင်သရုပ်
အခေါက်
အရွက်နှင့်ပန်းခိုင်
ပန်းပွင့်
အသီး
အစေ့

မြန်မာအမည် – ဧကရာဇ်

အင်္ဂလိပ်အမည် – Indian cork tree, Tree jasmine.

ရုက္ခဗေဒအမည် Millingtonia hortensis  L.f

မျိုးရင်း – Bignoniaceae

ပြန်နှံ့ပေါက်ရောက်ပုံ – မူရင်းဒေသအဖြစ် မြန်မာနိုင်ငံတွင်ပေါက်ရောက်ပြီး အိန္ဒိယနိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများတွင် ပေါက်ရောက်သည်။

အပင်သရုပ် – ပင်စည် ဖြောင့်မတ်ရှည်သော အပင်လတ်မျိုးဖြစ်သည်။ အရွယ်ရောက် သည့် အပင်ကြီးများသည်  အမြင့် ၁၂  မှ  ၁၅မီတာအထိ ရှိပြီး ပင်စည်မှာ ရင်စို့  လုံးပတ် ၁.၂မီတာအထိ ကြီးမား နိုင်သည်။

အခေါက် – အခေါက်ထူ၍ ညိုဝါရောင်ရှိပြီး နက်သည့် အက်ကွဲကြောင်းများ ပါရှိ သည်။ အခေါက်များတွင် ဖော့ပုံသဏ္ဍာန် များရှိသည်။

အရွက် – ရွက်ဆိုင်ထွက်  နှစ်ဆင့်ငှက်မွေးရွက်ပေါင်း အမျိုးအစားဖြစ်သည်။ ရွက်မွှာများသည် ဘဲဥပုံသဏ္ဍာန်ရှိ၍ ၆ မှ ၁၅ စင်တီမီတာခန့်ရှိသည်။ ရွက်မွှာ အနားများ၌လည်း လွှသွားပုံ ခွေးသွား စိတ်များပါရှိသည်။

ပန်းခိုင် – တွဲလျားကျ အဆုံးမရှိပန်းခိုင်အမျိုးအစားဖြစ်ပြီး၊ ပန်းခိုင်တွင် အဖြူ ရောင် ပန်းပွင့်များစွာပါရှိသည်။

ပန်းပွင့် – လိင်စုံပန်းပွင့်ဖြစ်ပြီး၊ နှစ်ခြမ်းညီ ပန်းပွင့်ဖြစ်သည်။ ခေါင်းလောင်းပုံ သဏ္ဍာန် ပွင့်ဖတ် ၅ ခုရှိ၍ ဝတ်ဆံတိုင် ၄ ခုပါရှိသည်။

အသီးနှင့်အစေ့– အသီးတောင့်မျိုးဖြစ်ပြီး  အသီးများမှာ ပါး၍  ရှည်လျှားကြသည်။ အစေ့ သည် ကျယ်ဝန်းပါးလွှာပြားချပ်ပြီး အနားတွင် တောင်ပံများကဲ့သို့ ဖြစ်ပေါ်လျက်ရှိသည်။

ပွင့်သီးချိန် – ဧပြီလမှ ဇူလိုင်လအထိပန်းပွင့်ပြီး၊ ဇူလိုင်လမှ စက်တင်ဘာလအထိ အသီးသီးချိန်ဖြစ်သည်။

အသုံးဝင်မှု – ပန်းဖူးကို ပန်းနာရင်ကျပ်၊ ထိပ်ကပ်နာများ ကုသရာတွင် အသုံးပြု သည်။ သစ်သားအား အိမ်အသုံးအဆောင်ပစ္စည်းများ အသုံးပြုပြီး၊ အလှစိုက်ပင်အဖြစ်လည်း စိုက်ပျိုးကြသည်။

Habitat
Bark
Flower
Inflorescence and flowers
Fruit
Seed

Myanmar Name – 

Common Name –

Botanical Name –

Family Name –

Habitat –

Habit

Bark

Leaves –

Inflorescence

Flower –

Fruit

Seed

Flowering and Fruiting Time

Usage –

FD-APFNet (IFEM) Project

Scroll to Top