





မြန်မာအမည် – ထနောင်း
အင်္ဂလိပ်အမည် – White Bark Acacia, brewers acacia, distillers acacia, panicled acacia
ရုက္ခဗေဒအမည် – Vachellia leucophloea (Roxb.) Maslin, Seigler & Ebinger
မျိုးရင်း – Fabaceae
ပြန်နှံ့ပေါက်ရောက်ပုံ – တောင်အာရှနှင့် အရှေ့တောင်အာရှဒေသတွင် ပေါက်ရောက် သည်။ မူရင်းဒေသအဖြစ် အိန္ဒိယနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ မြန်မာနိုင်ငံ၊ နီပေါနိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့တွင် ပေါက်ရောက် သည်။
အပင်သရုပ် – အပင်အမြင့် ၂၇ မှ ၃၀မီတာခန့်အထိရှိသည့် အပင်ကြီးမျိုး ဖြစ်ပြီး ပင်စည်အချင်းမှာ ၁မီတာခန့်အထိရှိသည်။
အခေါက် – အပင်ငယ်စဉ်တွင် ချောမွေ့ပြီး အညိုဖျော့ဖျော့အရောင်ရှိပြီး၊ အသက် ရင့်လာသည်နှင့်အမျှ ကြမ်းတာ၍ မီးခိုးရောင်ဖျော့သော အခေါက်ရှိ သည်။
အရွက် – နှစ်ဆင့်ငှက်မွေးရွက်ပေါင်း အမျိုးအစားဖြစ်ပြီး ရွက်မွှာများရွက်ဆိုင် ထွက်အမျိုးအစားဖြစ်သည်။
ပန်းခိုင် – အဆုံးမရှိပန်းခိုင်အမျိုးအစားဖြစ်ပြီး၊ သေးငယ်သော၊ ခရင်မ်ဖြူမှ အဝါ ဖျော့ဖျော့ ပန်းပွင့်များပါဝင်ပြီး စက်လုံးပုံထားသော အစုလိုက်အပြုံလိုက် ဖြင့်စီထားသည်။
ပန်းပွင့် – လိင်စုံအမျိုးအစားဖြစ်ပြီး ထိပ်ထွက်ကြားထွက်ဖြစ်၍ ခရင်မ်ဖြူမှ အဝါ ဖျော့ဖျော့အရောင်ရှိသည်။
အသီးနှင့်အစေ့– နှစ်မြောင်းကွဲသီးတောင့် အမျိုးအစားဖြစ်သည်။
ပွင့်သီးချိန် – ဖေဖော်ဝါရီလ မှ ဧပြီလ အထိပန်းပွင့်ပြီး၊ မေလမှ ဩဂုတ်လအထိ အသီးသီးချိန်ဖြစ်သည်။
အသုံးဝင်မှု – ဆေးဘက်ဆိုင်ရာတွင် မြွေအဆိပ်ဖြေဆေး၊ လည်ချောင်းနာ၊ ချောင်းဆိုး၊ အော့အန်ခြင်း၊ အနာများ၊ အစာအိမ်နာ၊ ဝမ်းလျှော၊ ဝမ်းလျော၊ ဝမ်းသွားခြင်း၊ အတွင်းနှင့် ပြင်ပသွေးယိုစိမ့်ခြင်း၊ သွားပိုးစားခြင်း၊ ပါးစပ် ရောင်ခြင်း၊ အဖျားတက်ခြင်းနှင့် အရေပြားရောဂါများ ကုသရာတွင် အသုံးပြုသည်။






Myanmar Name – Hta- Hnaung
Common Name – Acacia Soma
Botanical Name – Vachellia leucophloea (Roxb.) Maslin, Seigler & Ebinger
Family Name – Fabaceae
Habitat – Native to Bangladesh, Cambodia, India, Jawa, Lesser Sunda Is., Myanmar, Pakistan, Sri Lanka, Thailand, Vietnam, West Himalaya
Habit – It is a large tree with a height of about 27 to 30 meters and a trunk diameter of about 1 meter.
Bark – When the plant is young, it is smooth and light brown in color. As it ages, it has a rough, light gray bark.
Leaves – Leaves double compound, with 4-13 pairs of pinnae, each with 5-30 pairs of leaflets.
Inflorescence – Inflorescence peduncles panicled, bearing the involucels below the middle.
Flower – Flowers conspicuous, light-yellow to cream in color, in pendunculate, glomerules aggregated in panicles, 5-merous, corolla 1.2-2 mm long, at the end of branches or in leaf axils.
Fruit & Seed – Pods yellow, green or brown in color, flat and fairly straight, 10-20 cm long, 5-10 mm wide, containing 10-20 smooth, oblong seeds, dark brown in color, 6 x 4 mm in size.
Flowering and Fruiting Time – Flowering to February – April and Fruiting to May- August.
Usage – In medicine, snake antidote, sore throat cough Vomiting sores Stomach ulcer Diarrhea stomach, Diarrhea internal and external bleeding; tooth decay stomatitis; It is used in the treatment of fever and skin diseases.