





မြန်မာအမည် – ကရမက်
အင်္ဂလိပ်အမည် – Bayur tree or Karnikara tree
ရုက္ခဗေဒအမည် – Pterospermum acerifolium (L.) Willd.
မျိုးရင်း – Malvaceae
ပြန်နှံ့ပေါက်ရောက်ပုံ – အရှေ့အာရှနိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံတောင်ပိုင်း၊ အိန္ဒိယ၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်မှ အရှေ့တောင်အာရှနိုင်ငံများဖြစ်သည့် မြန်မာ၊ ထိုင်း၊ မလေးရှားနှင့် လာအိုနိုင်ငံများဖိ ပြန့်နှံ့ပေါက်ရောက်သည်။
အပင်သရုပ် – အများအားဖြင့် စမ်းချောင်းနှင့်မြစ်ကမ်းပါးများတွင် ပေါက်ရောက် လေ့ရှိသည်။ ကြီးထွားမှုအကောင်းဆုံးအခြေအနေမှာ ရာသီအလိုက် စိုစွတ်ပြီး ခြောက်သွေ့သော ရာသီဥတုမျိုးဖြစ်ပြီး နေရောင်ခြည် အပြည့်အဝရရှိပါက အမြင့် ၃၀ မီတာအထိရှိသော သစ်ပင်ကြီး မျိုး ဖြစ်သည်။
အခေါက် – အခေါက်သည် မီးခိုးရောင်ရှိပြီး သံချေးရောင်အမွေးနုများကို အပင်၏ နုပျိုသော အစိတ်အပိုင်းများတွင်တွေ့ရလေ့ရှိသည်။
အရွက် – အရွက်သည် ရှည်လျားကျယ်ပြန့်၍ ဘဲဥပုံ၊ ဘဲဥရှည်သွယ်ပုံ (သို့) ဒေါင့်များပါသည် အရွက်ဝိုင်းပုံရှိကာ အရွယ်အားဖြင့် ၁၀-၄၀ x ၈-၃၅ စင်တီမီတာရှိသည်။ ရွက်ပြားဟိုက်များရှိကာ လက်ဝါးပုံရှိပြီး လှိုင်းတွန့်သဏ္ဍာန် ခွေးသွားစိတ်ရွက်နားများရှိသည်။ အရွက်အောက် မျက်နှာပြင်တွင် ငွေရောင်မှ သံချေးရောင်ရှိ အမွေးများ ရှိသည်။ ရွက်ညှာ ၅-၁၅ စင်တီမီတာရှည်၍ အောက်ခြေတွင် ကြွေလွဘ်သည့် ရွက်စွယ်ပါရှိသည်။
ပန်းခိုင် – ကြားထွက် အဆုံးရှိပန်းခိုင်အမျိုးအားဖြစ်ပြီး မွေးရနံ့ရှိသည့် အဖြူ ရောင်ပန်းပွင့်ကြီး ၁-၃ ပွင့် ပါဝင်သည်။
ပန်းပွင့် – ပန်းပွင့်များ ထီးတည်းရှိတတ်ပြီး အရှည် ၁၀-၁၅ စင်တီမီတာ၊ အဖြူ ရောင်ရှိကာ ၂ စင်တီမီတာရှည်သော ပွင့်ညှာပါရှိသည်။ ပွင့်ခံရွက်သည် ရှည်သွယ်သောလှံစွပ်ပုံရှိသည်။ ပွင့်ဖတ်များသည် အရွယ်အားဖြင့် ၈-၁၂ စင်တီမီတာရှိကာ လှံစွပ်ရှည်ပုံရှိပြီး အခြေတွင် ပေါင်းစပ်စုစည်း လျက်ပြွန်ပုံရှိ၍ အရှည် ၈-၁၂ စင်တီမီ တာရှိသည်။ ပွင့်ဖတ်များသည် အောက်ဖက်သို့ပြန်ကွေးနေပြီး၊ အသားထူသည်၊ ကြွေလွယ်သည်။ ၎င်းတို့ အပြင်ဖက် မျက်နှာပြင်တွင် သံချေးရောင် အမွေးများရှိသည်။ ပွင့်ချပ်များသည် ရှည်သွယ်ပုံရှိကာ ၆-၁၂ x ၁ စင်တီမီတာအရွယ်ရှိ သည်။
အသီးနှင့်အစေ့– အသီးသည် မာကျော၍ ကွဲအက်သည့် Capsule ပုံ အသီးတောင့် အမျိုးအစားဖြစ်သည်။ အရှည် ၅-၁၀ စင်တီမီတာရှိပြီး၊ စေ့အိမ်ခန်း ၅ ခန်းပါရှိသည်။ အသီးခွံအားသံချေးရောင် အမွေးများများဖုံးအုပ်ထား သည်။ အစေ့အိမ်ခန်းတစ်ခန်းတွင် အတောင်ပံပါရှိသည့် အစေ့များ အများအပြားပါရှိသည်။
အစေ့များသည် ပြားချပ်သိပ်သည်းပြီး အခြေအနည်းငယ်စောင်းသည့် ဘဲဥပုံရှိကာ အညိုရောင်ရှိ ပါးလွှာသော တောင်ပံများပါရှိသည်။
ပွင့်သီးချိန် – မေလမှ ဇွန်လအထိ ပွင့်သီးကြသည်။
အသုံးဝင်မှု – လမ်းဘေးဝဲယာ သို့မဟုတ် ဥယျာဉ်များတွင်အလှစိုက်ပင်အဖြစ် စိုက်ပျိုးကြသည်။ အရွက်၏အောက်ဘက်ခြမ်းမှ အမွေးနုများကို ဒဏ်ရာများ သွေးထွက်ခြင်းမှ ကာကွယ်ရန်နှင့်တင်ချာ အဖြစ် အသုံးပြု သည်။ ရောင်ရမ်းခြင်း၊ အနာ၊ အကျိတ်၊ သွေးချိုရောဂါနှင့် နူနာ ရောဂါ ပျောက်ဆေးအဖြစ် အသုံးပြုသည်။ အခေါက်နှင့် အရွက်များကို သေးငယ်သောရောဂါအတွက် အသုံးပြုသည်။ အဝတ်အထည်များ ကြားတွင် သိမ်းဆည်းထားသော ပန်းပွင့်ခြောက်များသည် သာယာ သောရေမွှေးရနံ့ကို ပေးစွမ်းပြီး အင်းဆက်ပိုးမွှားများကို ကင်းဝေးစေပါ သည်။






Myanmar Name – Karamet
Common Name – Bayur tree or Karnikara tree
Botanical Name – Pterospermum acerifolium (L.) Willd.
Family Name – Malvaceae
Habitat – E. Asia – southern China, Pakistan, India, Nepal, Bhutan, Bangladesh, Myanmar, Thailand, Malaysia, Laos.
Habit – It is most likely to grow naturally along forested stream banks. The best growing conditions are a seasonally moist then dry climate with access to full sunlight. A large tree, up to 30 m tall.
Bark – The bark is with grey bark and rusty pubescent young parts. Small twigs and new growth can sometimes seem feathery and are commonly more of a rusty-brown color.
Leaves – Leaves oblong, broadly obovate to ovate, orbicular or rectangular, 10-40 cm long, 8-35 cm broad, cordate, often peltate, margin wavy to distantly coarse toothed or irregularly lobed; silvery to rusty pubescent beneath, glabrescent and dark green above; petiole 5-15 cm long, densely tomentose at the base; stipules pinnatifid, caducous.
Inflorescence – A flat-topped cluster (cyme) at the axillary position. The inflorescence comprises of 1 – 3 large white flowers which are fragrant.
Flower – Flowers mostly solitary, 10-15 cm long and across, white, fragrant; pedicel c. 2 cm long; bracts laciniate. Sepals linear-lanceolate, united at the base into short tube, 8-12 cm long, c. 1 cm broad, obtuse, rusty pubescent outside, thick, reflexed, deciduous. Petals linear-oblong or obovate, 6-12 cm long, c. 1 cm broad, reflexed, obtuse.
Fruit – fruit is a hard capsule. 5-10 cm long, 5-valved, rusty brown-glabrescent. The capsule then splits open releasing a massive number of “winged seeds.
Seed – Seeds compressed, obliquely oval, wings brown, membranous
Flowering and Fruiting Time – May to June
Usage – Planted as a roadside tree or garden ornamental. The indumerrtum from the lower side of leaf is said to be used to prevent bleeding from wounds and as tinder. A good tonic is prepared from the flowers which is also a cure for inflammation, ulcers, tumours, blood troubles and leprosy. The bark and leaves are used in small pox. The flowers kept among cloths impart a pleasant perfume and keep away insects.