လယ်ဇ

အပင်သရုပ်
အခေါက်
ပန်းပွင့်
ပန်းခိုင်နှင့် အပွင့်
အသီး
အစေ့

မြန်မာအမည် – လယ်ဇ

အင်္ဂလိပ်အမည် – Tomentose crape myrtle, Tingou

ရုက္ခဗေဒအမည် Lagerstroemia tomentosa  C. Presl

မျိုးရင်း – Lythraceae

ပြန်နှံ့ပေါက်ရောက်ပုံ – အပူပိုင်းနှင့် အပူပိုင်းဒေသသစ်တောများ၊ အိန္ဒိယ၊ ထိုင်း၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ မူရင်းဇာတိဖြစ်သည်။

အပင်သရုပ် – ပင်စည် ဖြောင်တန်းပြီး အမြင့် ၂၁ မှ ၂၄ မီတာခန့် ရှိသည့် အပင်လတ် အမျိုးအစား ဖြစ်သည်။

အခေါက် – အပင်ငယ်စဉ်တွင် ချောမွေ့၍ အညိုရောင်သန်းသည့် မီးခိုး ရောင်ရှိပြီး၊ အသက်ရင့်လာသည်နှင့်အမျှ အကြေးခွံပုံသဏ္ဍာန် များဖြစ်ပေါ်လာ သည်။

အရွက် – ရွက်ဆိုင်ထွက်သည့် ရွက်ထီးအမျိုးအစားဖြစ်ပြီး၊ အစိမ်းရင့်ရောင်ရှိ၍ ၁၀ မှ ၂၀ စင်တီမီတာခန့်ရှည်သည်။

ပန်းခိုင် – အဆုံးမရှိ ပန်းခိုင်အမျိုးအစားဖြစ်ပြီး ပန်းခိုင်တွင်အပွင့်များစွာပါရှိပြီး အဖြူရောင် သို့မဟုတ် ပန်းရောင်သန်း သည်။

ပန်းပွင့် – လိင်စုံအမျိုးအစားဖြစ်ပြီး အဖြူရောင် တခါတရံ ပန်းရောင်ရှိ၍ ထိပ်ထွက်နှင့်ကြားထွက်ပန်းအမျိုးအစားဖြစ်သည်။

အသီးနှင့်အစေ့– ဘဲဉ ပုံသဏ္ဍာန် အက်ကွဲအသီးအမျိုးအစားဖြစ်သည်။

ပွင့်သီးချိန် – မေလမှ ဇွန်လအထိ ပန်းပွင်ချိန်ဖြစ်ပြီး၊ ဩဂုတ်မှ စက်တင်ဘာလအထိ အသီးသီးချိန်ဖြစ်သည်။

အသုံးဝင်မှု – ပန်းပွင့်၏ လှပမှုကြောင့် အလှစိုက်ပင်အဖြစ် စိုက်ပျိုးကြပြီး၊ ဆေးဖက်ဝင်အဖြစ် ဝမ်းပျက်ဝမ်းလျှော၊ သွေးဝမ်းသွားခြင်းနှင့် အရေပြားရောဂါများ ကဲ့သို့သော ဝေဒနာများကို ကုသရန် အသုံးပြု ကြသည်။ သစ်သားကို ကိရိယာလက်ကိုင်ပြုလုပ်ခြင်း၊ အသေးစား လက်မှုပညာနှင့် ရိုးရာသစ်သားပစ္စည်းများ ပြုလုပ်ခြင်းကဲ့သို့သော အသေးစားအသုံးအဆောင်များတွင် အသုံးပြုသည်။

Habitat
Bark
Flower
Inflorescence and flowers
Fruit
Seed

Myanmar Name – Leza

Common Name – Tomentose crape myrtle, Tingou

Botanical Name – Lagerstroemia tomentosa  C. Presl

Family Name – Lythraceae

Habitat – Tropical and subtropical forests, grasslands, and disturbed areas, often in lowland and hilly regions. It is native to countries like India, Thailand, Vietnam, and Cambodia.

Habit – Grow up to 25 meters (82 feet) in height and has a tall, slender, and upright habit. It usually has a single trunk with a relatively narrow canopy.

Bark – Smooth, gray to brown, and often peels in patches

Leaves – Simple, opposite, and elliptical in shape. They are typically dark green and have a tomentose (hairy) underside, which is a characteristic feature of this species. The leaves can be around 10-20 cm long.

Inflorescence – Panicles of flowers, terminal, meaning they occur at the ends of branches.

Flower – White flowers, sometimes pale pink, with crinkled petals and borne in panicles measuring about 8 – 20 m long, sepals measuring about 3 – 4 mm long, numerous stamens clustered in the centre, ovary densely tomentose.

Fruit & Seed – Capsule, globose to ovoid-oblong in shape, measuring about 1 – 1.5 cm by 0.8 – 1.1 cm. Seeds (including wings) measure about 6 – 7 mm long.

Flowering and Fruiting Time – Flowering time from May to June and fruiting time from August to September.

Usage – the beauty of the flower, it is cultivated as a decorative plant. Diarrhea as medicine It is used to treat ailments such as diarrhea and skin diseases. making tool handles out of wood; It is used in small-scale applications such as small-scale handicrafts and making traditional wooden items.

FD-APFNet (IFEM) Project

Scroll to Top