မဏိဩဂ (ခ) ယတ်ပင်

အပင်သရုပ်
အခေါက်
ပန်းပွင့်
ပန်းခိုင်နှင့် အပွင့်
အသီး
အစေ့

မြန်မာအမည် – မဏိဩဂ (ခ) ယတ်ပင်

အင်္ဂလိပ်အမည် – Freshwater mangrove, Corky Bark, Corkwood

ရုက္ခဗေဒအမည် Carallia brachiata (Lour.) Merr.

မျိုးရင်း – Rhizophoraceae

ပြန်နှံ့ပေါက်ရောက်ပုံ – အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ မြန်မာ၊ မလေးရှားနှင့် ဩစတြေး လျတိုက်ရှိ ကျွန်းများပေါ်တွင် အများဆုံးပေါက်ရောက် ရှင်သည်သည်။  ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၄၀၀၀ ကျော်တွင် ပေါက်ရောက် သည်။

အပင်သရုပ် – အပင်ကြီးမျိုးဖြစ်၍ ပေ ၈၀ ခန့် မြင့်သော အမြဲ စိမ်း သစ်မာပင်ကြီးမျိုး ဖြစ်သည်။ အကိုင်းအခက်များသည် မျက်နှာချင်းဆိုင်၍ ဖြန့်ကားလျက် ထွက်၏။ပင်စည်၏ လုံးပတ်မှာ ၆ ပေမှ ၇ ပေထိရှိ၍ မ်။

အခေါက် – အခေါက်သည် မီးခိုးရောင်ဖြစ်ပြီး အခေါက်သားအားဓားဖြင့် ခုတ်ကြည့် ပါက ပန်းရောင်အဖြစ် တွေ့ရှိရတတ်သည်။

အရွက် – ရွက်ဆိုင် ထွက်သည်။ ရွက်ထိပ် ချွန်ပြီး ရွက်ရင်း သွယ်သည်။ အရွက် သားရေ ကဲ့သို့ ထူပြီး ပြောင်ချော နေ၏။ ရွက်နား တွင် သေးငယ်သော ခွေးသွား စိပ် ကလေးများ ရှိသည်။

ပန်းခိုင် – ပန်းခိုင်သည်ကြားထွက် အဆုံးရှိရင်းခြားထိပ်ညီပန်းခိုင် အမျိုး အစား ဖြစ်သည်။

ပန်းပွင့် – လိင်စုံပန်းပွင့်များဖြစ်ပြီး စိမ်းဝါနုရောင်များ ဖြစ်ကြသည်။ အပွင့်များမှာ သေးငယ်ပြီး ပွင့်ညှာမဲ့သည်။

အသီးနှင့်အစေ့– အသီးသည် လုံးဝိုင်းပြီး အနီရောင် အသားထူသည်။ အသီးတစ်လုံးတွင် အစေ့တစ်စေ့သာပါရှိပြီး အစေ့များမှာ ၀.၂ မှ ၀.၃ လက်မခန့်ရှိ၍ လခြမ်း ပုံသဏ္ဍာန်ရှိသည်။ အစေ့အရောင်မှာ နီညိုရောင်ဖြစ်၍ အနည်းငယ် ကြမ်းတမ်းသည်။

ပွင့်သီးချိန် – ဒီဇင်ဘာလမှ မတ်လအထိ ပွင့်ကြသည်။ မေလနှင့်ဇွန်လများတွင် အသီး သီးသည်။

အသုံးဝင်မှု – အသားကို အိမ်ဆောက်ပစ္စည်းများအဖြစ်လည်းကောင်း၊ အရွက်မှရ သောအရည်ကို အဖျားရောဂါ၊ အခေါက်ကို အနာကျက်ခြင်း၊ ယားယံ ခြင်း၊ ခံတွင်းအနာ၊ လည်ချောင်းရောင်ခြင်းနှင့် ပါးစပ်ရောင်ခြင်းတို့ကို ကုသရာတွင် အစဉ်အလာအားဖြင့် အသုံးပြုကြသည်။

Habitat
Bark
Flower
Inflorescence and flowers
Fruit
Seed

Myanmar Name –  Ma-ni-aww-ga

Common Name – Freshwater mangrove ,Corky Bark, Corkwood

Botanical Name – Carallia brachiata (Lour.) Merr.

Family Name – Rhizophoraceae

Habitat – India Bangladesh Sri Lanka Myanmar. It grows mostly on the islands of Malaysia and Australia. It grows more than 4,000 feet above sea level.

Habit – It is a large evergreen tree about 80 feet tall. The branches are facing each other and spread out. The trunk is 6 to 7 feet.

Bark – Bark is particularly at the base of the stem. The bark is gray and when cut with a knife, the bark is often found to be pink.

Leaves – Opposite leaves. The tip of the leaf is pointed and the leaf is slender. The leaves are thick and smooth like leather. There are small teeth on the leaves.

Inflorescence – Inflorescence axillary, flowers on a branched axis, cones absent; 

Flower – The flowers are unisexual and are beige-green in color. The flowers are small and unstalked.

Fruit & Seed – The fruit is round and has thick red flesh. Each fruit contains only one seed, and the seeds are about 0.2 to 0.3 inches long and crescent-shaped. The seed color is reddish brown and slightly rough.

Flowering and Fruiting Time – They bloom from December to March. in May and June respectively.

Usage – Wood as building materials and the liquid from the leaves is used for fever, bark healing; itching mouth sores It is traditionally used to treat sore throat and stomatitis.

FD-APFNet (IFEM) Project

Scroll to Top