မီးကွင်းဂမုန်း

အပင်သရုပ်
ပင်စည်
ပန်းပွင့်
အရွက်နှင့်ပန်းခိုင်
အသီး
အစေ့

မြန်မာအမည် – မီးကွင်းဂမုန်း

အင်္ဂလိပ်အမည် – Oyster plant, Boat lily, Moses in the basket

ရုက္ခဗေဒအမည် Tradescantia spathacea Sw.

မျိုးရင်း – Commelinaceae

ပြန်နှံ့ပေါက်ရောက်ပုံ -မူရင်းများ ဒေသအဖြစ် အမေရိက၊ မက္ကဆီကို၊ အိန္ဒိယနိုင်ငံ၊ မြန်မာနိုင်ငံ များတွင် ပေါက်ရောက်သည်။

အပင်သရုပ် – ပင်ပျော့ ပင်ငယ်တစ် မျိုး ဖြစ်၍ အမြင့် ၀.၆မီတာ ထိ ရှိပြီး နှစ်ရှည်ခံ အရည်ရွှမ်းသော ပင်ပျော့မျိုး ဖြစ်သည်။ ပင်စည်ကို အရွက်များက ဖုံးအုပ်နေသည်။ အရွက်များ တစ်ရွက်နှင့်တစ်ရွက် ထပ်လျက်ထွက် သည်။

အခေါက် – ပင်စည်သဖွယ်၊ တိုတောင်း၍ တောင့်တင်းသော အရွက်များ ထပ်လျက် တည်ရှိသည်။

အရွက် – ရှည်မျောမျော ပုံသဏ္ဍန်ရှိ၍ ရွက်ထိပ်ဘက်ဆီသို့ ကျဉ်းမြောင်း ချွန်တက် သွားသည်။ အရွက်မှာ ပြောင်ချောပြီး အသားထူပါသည်။ အရွက်၏ အပေါ်မျက်နှာပြင်သည် အစိမ်းရင်ရောင်ပြီးပြီး အောက်မျက်နှာပြင် သည် ခရမ်းရောင် ဖြစ်သည်။ အရွက်အနားများမှာ ကြက်သွေးရောင် ဖြစ်သည်။ ရွက်ပြားမှာ ပြန့်ပြူးခြင်းမရှိ မြောင်းကဲ့သို့ ခွက်နေပြီး အရွက်များသည် တစ်ရွက်နှင် တစ်ရွက် ထပ်လျက်ရှိသည်။

ပန်းခိုင် – အဆုံးရှိပန်းခိုင်အမျိုးအစားဖြစ်သည်။

ပန်းပွင့် – အဆုံးရှိ ကြားထွက်ပန်းခိုင်ဖြစ်ပြီး အဖြူရောင်ပန်းပွင့်များ ဖြစ်သည် ။

အသီးနှင့်အစေ့– အက်ကွဲသီးအမျိုးအစားဖြစ်သည်။

ပွင့်သီးချိန် – မေလမှ ဇွန်လအထိ ပန်းပွင့်ပြီး၊ ဩဂုတ်လမှ အောက်တိုဘာလအထိ အသီးသီးချိန်ဖြစ်သည်။

အသုံးဝင်မှု – အလှစိုက်အပင်အဖြစ်  စိုက်ပျိုးကြပြီး၊   ဆေးဘတ်ဆိုင်ရာတွင် နှာခေါင်း သွေးလျှံ၊  ဆီးရောဂါအမျိုးမျိုး၊  နားပြည်ယိုရောဂါများ၊  ချောင်းဆိုး သလိပ်ကပ်များ ရောဂါများတွင်အသုံးပြု သည်။

Habitat
Stem
Flower
Inflorescence and flowers
Fruit
Seed

Myanmar Name –  Mee- kwin- Gamone

Common Name – Oyster plant, boatlily, Moses in the basket

Botanical Name – Tradescantia spathacea Sw.

Family Name – Commelinaceae

Habitat – Native to Belize, Guatemala, Mexico Gulf, Mexico Southeast, Mexico Southwest

Habit – It is a small soft tree, reaching a height of 0.6 meters, and it is a long-lasting succulent soft plant. The stem is covered with leaves. The leaves come out one after the other.

Bark – Trunk-like, short and stout, nearly hidden by overlapping leaves.

Leaves – Leaves are dark to metallic green above, with glossy purple underneath. These will reach up to 0.30 m (1 ft) long by 76 mm (3 in) wide. They are foliage plants that reach a height of around 0.30 m (1 ft).

Inflorescence – Inflorescences axillary, sessile, or pedunculate in axils well below shoot apex, cymes enclosed in pairs of boat-shaped spathes.

Flower – Flowers distinctly pedicillate; pedicels glabrous; sepals distinct, white, 3–6 mm, glabrous; petals distinct, white, ovate, not clawed; stamens free; filaments bearded.

Fruit – Fruits are capsules with 2 seeds.

Flowering and Fruiting Time – Flowers from May to June; From August to October respectively.

Usage – Cultivated as an ornamental plant, In the field of medicine, Nosebleeds various urinary diseases Ear infections It is used in cough and phlegm diseases.

FD-APFNet (IFEM) Project

Scroll to Top