





မြန်မာအမည် – မယ်ဇယ်
အင်္ဂလိပ်အမည် – Mowra butter tree
ရုက္ခဗေဒအမည် – Madhuca longifolia (L.) J.F.Macbr.
မျိုးရင်း – Sapotaceae
ပြန်နှံ့ပေါက်ရောက်ပုံ – မူရင်းဒေသများအဖြစ် အိန္ဒိယတိုက်ကုန်းမြေနှင့်မြန်မာနိုင်ငံတို့တွင် ပေါက်ရောက်ကြသည်။ မြန်မာနိုင်ငံတွင် အပူပိုင်းဒေသ၊ နွေးသမပိုင်း ဒေသများတွင် ပေါက်ရောက်လေ့ရှိသည်။ စိုစွတ်သောတောများ၊ ရွက်ပြတ်ရောနှောတောများတွင် ပေါက်ရောက်သည်။
အပင်သရုပ် – အပင်ကြီးအမျိုးအစားဖြစ်ပြီး အမြင့် ၂၀-၂၅ မီတာထိရှိသည်။ ပင်စည်ဖြောင့်တန်းပြီး ရွက်အုပ်ပြန်ကားကျယ်ဝန်းသည်။
အခေါက် – အခေါက်သည် မီးခိုးရောင်သန်းသည့်အညိုရောင်ရှိပြီး၊ ကြမ်းတမ်း သည်။ အပင်သက်တမ်းရင့်လာသည်နှင့်အမျှ အခေါက်သည် နက်ရှိုင်း သော အစင်းကြောင်းများနှင့်ကြမ်းတမ်းသည့် အခေါက်များဖြစ်လာ သည်။
အရွက် – ရွက်ထီးအမျိုးအစားဖြစ်ပြီး၊ ဘဲဥရှည်သွယ်ပုံရှိသည်။ အရွယ်အစား အားဖြင့် ၇-၂၀ စင်တီမီတာရှည်၍ ဗျက်အားဖြင့် ၂.၅-၇ စင်တီမီတာ အကျယ်ရှိသည်။ ရွက်နားညီး၍ ရွက်ထိပ်ချွန်သည်။ အရွက်သည် အစိမ်းရင့်ရောင်ရှိပြီး အပေါ်မျက်နှာပြင်သည် တောက်ပသော အဆင်း ရှိပြီး၊ အောက်မျက်နှာပြင်သည် အစိမ်းဖျော့ရောင်ရှိသည်။
ပန်းခိုင် – ပန်းခိုင်သည် ကြားထွက် (သို့) ထိပ်ထွက် ရင်းညီပန်းခိုင်ဖြစ်ပြီး အတိုင်း အတာအားဖြင့် ၁၅-၄၀ စင်တီမီတာအရှည်ရှိသည်။
ပန်းပွင့် – လိင်စုံပန်းပွင့်အမျိုးအစားဖြစ်ပြီး အရွယ်အားဖြင့် သေးငယ်ပြီး ၁-၁,၅ စင်တီမီတာ ရှိသည်။ အရောင်မှာ နို့နှစ်ဝါရောင်ရှိပြီး ပွင့်ချပ် ၅ ခု ပါရှိသည်။ ချိုအီသောရနံ့ရှိသည်။
အသီးနှင့်အစေ့– အသီးသည် အရည်ရွှမ်းပြီး ဘဲဥပုံသဏ္ဍာန်ရှိကာ ချိုအီသော ရနံ့ရှိသည်။ အစေ့သည် ဘဲဥရှည်သွယ်ပုံရှိပြီး အညိုရောင်သန်းသည့် အနက်ရောင်ရှိသည်။
ပွင့်သီးချိန် – ဖေဖော်ဝါရီလမှဧပြီလထိ ပန်းပွင့်ပြီး၊ မေလမှဇွန်လအထိအသီးသီးကြ သည်။
အသုံးဝင်မှု – အရိပ်ရပင်အဖြစ်စိုက်ပျိုးကြသည်။ အစေ့မှရသည်ဆီအား အလှကုန် ပစ္စည်းများ၊ ဆပ်ပြာနှင့် ချောဆီအဖြစ်အသုံးပြုကြသည်။ ဓာတ်တိုး ဆန့်ကျင်ဆေးဖက်နှင့် ကြက်ညှာချောင်ဆိုးရောဂါများတွင် ဆေးဖက် အဖြစ် အသုံးပြုကြသည်။






Myanmar Name – မယ်ဇယ်
Common Name – Mowra butter tree
Botanical Name – Madhuca longifolia (L.) J.F.Macbr.
Family Name – Sapotaceae
Habitat – Native to the Indian subcontinent and Myanmar are found in tropical and subtropical regions. It grows in diverse habitats ranging from dry deciduous forests to moist forest areas.
Habit – A large-sized tree that can grow up to 20-25 meters in height. The tree has a straight trunk with a spreading crown.
Bark – Typically grayish-brown in color, with a rough texture. As the tree ages, the bark becomes more deeply furrowed and rugged.
Leaves – Simple, alternate, and elliptic-oblong to lanceolate in shape. They are usually 7-20 cm long and 2.5-7 cm wide, with entire margins and pointed tips. The leaves are dark green and shiny on the upper surface and pale green on the lower surface.
Inflorescence – Dense clusters of small, fragrant flowers. These inflorescences are terminal or axillary and can be up to 15-40 cm long.
Flower – Small, about 1-1.5 cm in diameter, and have creamy white 5-petals. They are bisexual.
Fruit – A fleshy drupe, round or ovoid in shape.
Seed – The seeds are oval or elliptical in shape and brownish-black in color.
Flowering and Fruiting Time – Flowering time from February to April and fruiting time from May to June.
Usage – It is planted as a shade plant, cosmetics, soaps, and also used in the production of lubricants. Antibiotics in traditional medicine cough Asthma rheumatism It is used to treat various ailments such as skin diseases and gastrointestinal diseases.