





မြန်မာအမည် – မယ်ဇလီ
အင်္ဂလိပ်အမည် – Cassia tree, Kassod tree, Cassod tree
ရုက္ခဗေဒအမည် – Senna siamea (Lam.) H.S.Irwin & Barneby
မျိုးရင်း – Fabaceae
ပြန်နှံ့ပေါက်ရောက်ပုံ – အရှေ့တောင်အာရှမျိုးရင်းဖြစ်ပြီး ထိုင်း၊ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် မလေးရှားစသည့် နိုင်ငံများတွင် အဓိက တွေ့ရှိရသည်။
အပင်သရုပ် – အမြင့်၂၀မီတာခန့်အထိရှိသည့် အပင်ကြီးမျိုးဖြစ်ပြီး ထိပ်ဝိုင်း နေသော အစိမ်းရင့်ရောင် အရွက်များဖြင့် ထူထပ်စွာ ဖုံးအုပ်သည်။ ပင်စည် ဖြောင့်တန်း၍ အချင်းပေ ၃ကျော်ခန့်အထိရှိသည်။
အခေါက် – မီးခိုးရောင်ရှိ၍ သက်တမ်းရင့်ခါသည်နှင့်အမျှ အညိုရောင်ရှိ၍ ထွန်သွား ပုံအကြေးခွံပုံသဏ္ဍာန် ဖြစ်ပေါ်သည်။
အရွက် – ရွက်ဆိုင်ထွက်ငှက်မွေးရွက်ပေါင်းဖြစ်ပြီး၊ ၃ စင်တီမီတာ ရှည်သည့် ရွက်ရိုးတံပေါ်တွင်ရွက်မွှာ ၆ မှ ၁၂ စုံပါရှိသည်။ ရွက်မွှာတစ်ခုသည် ၄-၇ x ၁.၅-၃ စင်တီမီတာအရွယ္ရှိသည်။ ထိပ်ဝိုင်းသည်။
ပန်းခိုင် – အဆုံးမရှိပန်းခိုင်အမျိုးအစာဖြစ်ပြီး၊ ပန်းခိုင်တွင် အဝါရောင် အပွင့်များစွာပါရှိပြီး တွဲလျားကျနေသည်။
ပန်းပွင့် – အဝါရောင် အပွင့်သေးကလေးများသည် အကိုင်းရင်း၌ အခိုင်လိုက် ပွင့်ပြီး၊ ပွင့်ဖတ် ၅ခုပါရှိ၍ လိင်စုံပန်းပွင့်ဖြစ်သည်။
အသီးနှင့်အစေ့– သီးတောင့်များသည် ပြား၍ ၆ လက်မခန့် ရှည်၍ သေးသွယ်သည်။ မှည့်လာသောအခါ အညိုရောင်ရှိပြီး၊ အသီးတောင့်ထဲတွင် အစေ့များ ရှိသည်။
ပွင့်သီးချိန် – ဖေဖော်ဝါရီလမှ မေလအထိ ပန်းပွင့်ပြီး၊ မေလမှ စက်တင်ဘာ လအထိ အသီးသီးချိန်ဖြစ်သည်။
အသုံးဝင်မှု – အရိပ်အာဝါသအတွက် စိုက်ပျိုးကြပြီး၊ အရွက်နုကလေးများနှင့် အဖူးများကို ချက်ပြုတ်စားလေ့ရှိကြသည်။ အူရောင်ငန်းဖျားရောဂါ၊ အသားဝါရောဂါ၊ ဝမ်းဗိုက်နာ၊ ရာသီလာစဉ် နာကျင်ကိုက်ခဲမှုကို ကုသ ရာတွင် အသုံးပြုပြီး သွေးတွင်းသကြားဓာတ်ပမာဏကို လျှော့ချရန် အတွက်လည်း အသုံးပြုပါသည်။






Myanmar Name – Mezali
Common Name – Cassia tree, Kassod tree, Cassod tree
Botanical Name – Senna siamea (Lam.) H.S.Irwin & Barneby
Family Name – Fabaceae
Habitat – Native to countries such as Thailand, Myanmar, Cambodia, Laos, Vietnam, Malaysia, Indonesia, and the Philippines. In Myanmar, this tree species is found in different parts of the country, particularly in the tropical and subtropical regions
Habit – Medium-size, evergreen tree growing up to 18 m (60 ft)and DBH can range from 20 to 40 centimeters (8 to 16 inches)
Bark – Dark gray or brown and can be rough in texture.
Leaves – Alternate, pinnately compound, green, opposite, leaflets 6-14 in pairs with short stalk of 3mm, oblong, 4-7× 1.5-3 cm width, rounded at both ends, glabrous, primary vein 1 and secondary vein 6-8 pairs per leaf, petiole short. Inflorescence raceme, corymb, axillary peduncle, 2-4cm long
Inflorescence – Axillary raceme, which is a type of flower cluster and the inflorescence consists of many small, bright yellow flowers.
Flower – Hermaphrodite, complete, bright yellow 2-3 cm across, sub persistent bract, pedicel 1-2cm long, pentamerous, sepals 5, unequal, imbricate, obtuse at apex, yellowish green, 0.4-0.5 × 0.2-0.3 cm, pubescent, ovate, concave, hairy on outside, connate at the base, petals 5, bright yellow, dark colour vein, sub equal, obtuse, orbicular, upper petal shortly clawed, 0.5- 1 × 0.3-0.5 cm. Androecium stamen 10, unequal, 3 reduced to staminoids, 2-4 mm long; 7 fertile, 3 larger, 0.8-1 cm long filament, 6-7mm long anthers, 4 lateral stamen, 0.5-0.8 cm long filament, 4-5 mm anther, yellowish green filament, brownish yellow anther, anther basifixed, filament straight. Gynoecium carpel, monocarpellary, style green 0.8-1.2 cm long, stigma greenish brown.
Fruit – Pods numerous, long, narrow, 5-25 × 10-12 mm, flat dark, brown, strap shaped, stipitate, terete to compressed, dehiscent, with septae between the numerous seeds
Seed – Bean shaped, shiny, dark.
Flowering and Fruiting Time – Flowering in March—May and Fruiting in March—May.
Usage – used for the treatment of typhoid fever, jaundice, abdominal pain, menstrual pain and is also used to reduce sugar level in the blood.