





မြန်မာအမည် – Petthan
အင်္ဂလိပ်အမည် – Katsagon, marodphali, petthan and Karen wood
ရုက္ခဗေဒအမည် – Fernanodoa adenophylla (Wall. ex G.Don) V.Steenis
မျိုးရင်း – Bignoniaceae
ပြန်နှံ့ပေါက်ရောက်ပုံ – မူရင်းဒေသများအဖြစ် အာဒမန်ကျွန်းစု၊ အိန္ဒိယ, ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးပင်နီးဇွဲလား၊ မလေးရှား၊ ထိုင်းနှင့် ဗီယပ်နမ်နိုင်ငံများတွင်ပေါက်ရောက်ကြသည်။
အပင်သရုပ် – ရွက်ကြွေပင်လတ်အမျိုးအစားဖြစ်ပြီး အမြင့် ၂၉ မီတာခန့်နှင့် ပင်စည် လုံးပတ်အချင်း ၀.၅-၀.၈ မီတာခန့်ရှိသည်။ ပင်စည် ဖြောင့်တန်း၍ အခြေတွင် အရှိုက်များရှိသည်။
အခေါက် – အခေါက်သည်ကြမ်းတမ်း၍ အညိုရောင်ရှိသည်။
အရွက် – အရွက်သည် ကြီးမာသည့် ထိပ်ရွက်တစ်ရွက်ပါ ငှက်မွေးရွက်ပေါင်း အမျိုးအစားဖြစ်ပြီး ရွက်ဆိုင်ထွက်သည်။ အရွက်သည် ၂၅-၅၀ စင်တီမီတာအရွယ်ရှိသည်။ အရွက်တွင် ရွက်မွှာ ၃-၆ စုံပါရှိပြီး ထိပ်တွင် အရွက်တစ်ရွက်ပါရှိပြီး အခြေတွင် အရွယ်အားဖြင့် သေးငယ်သည့် ရွက်မွှာတစ်စုံသည် ရွက်ညှာအရင်းတွင်တည်ရှိသည်။ ရွက်မွှာများ သည် အီလစ်ပုံ သဏ္ဍာန်ရှိပြီး အရွယ်အားဖြင့် ၈-၁၄ x ၂.၅-၆ စင်တီမီတာရှိသည်။
ပန်းခိုင် – ပန်းခိုင်သည် ထိပ်ထွက်အဆုံးရှိပန်းခိုင်ပေါင်းဖြစ်ပြီး ဖြူဝါရောင် အပွင့်များ ပါရှိသည်။
ပန်းပွင့် – ကြီးမား၍ အဝါဖျော့ဖျော့အရောင်ရှိသည့် ပန်းပွင့်သည် ထရမ်းပက် ပုံသဏ္ဌာန်ရှိသည်။ ပန်းများသည် နေ့ဘက်တွင် ပိတ်နေပြီး ညဘက်တွင် ပွင့်လေ့ရှိသည်။ ပွင့်ချပ်များသည် ခေါင်းလောင်းပုံ သဏ္ဍာန်၊ အဝိုက် ၃-၅ ခုပါရှိသည်။ ပွင့်ချပ်များသည် ညိုဝါရောင်ရှိပြီး မျက်နှာပြင်တွင်အမွေးထူထပ်စွာရှိသည်။ ပွင့်ချပ်အုံသည် ပြွန်ပုံ သဏ္ဍာန်ရှိကာ အဝိုက် ၅ ခုပါရှိသည်။ အစေ့အိမ်ခန်း အထက် တည်မဖြစ်ပြီး အစေ့လောင်းအများအပြားပါရှိသည်။ ဝတ်မှုန်ခံတိုင် သည်ရှည်လျားပြီး ထိပ်နှစ်ခြမ်းကွဲလျက်ရှိသည်။
အသီးနှင့်အစေ့– ဆလင်ဒါပုံရှိပြီး ကွေးကောက်သည့် အသီးတောင့်ရှည်ပုံစံရှိပြီး အရွယ်အားဖြင့် ၃၅ x ၁.၅-၂ စင်တီမီတာရှိသည်။ အသီးတောင့်တွင် အတောင်ပံပါသည့် အစေ့များ ပါရှိသည်။
အစေ့များသည် သိပ်သည်းပြားချပ်ကာ တိုတောင်းသောအ တောင်ပံ များပါရှိပြီး ၂.၅-၃ စင်တီမီတာအရွယ်ရှိကြသည်။
ပွင့်သီးချိန် – အောက်တိုဘာလမှဒီဇင်ဘာလတွင်ပန်းပွင့်ပြီး ဇန်နဝါရီလမှ မတ်လ အထိ အသီးသီးကြသည်။
အသုံးဝင်မှု – တိုင်းရင်းဆေးများဖော်စပ်ရာတွင် အသုံးများကြသည်။ အကြောနှိပ် ဆီများ ဖော်စပ်ရာတွင် ပါဝင်ပစ္စည်းအနေဖြင့် ကြွက်သားတင်းမာမှုကို သက်သာစေသည်။ မြွေကိုက်ခြင်း၊ လိပ်ခေါင်းရောဂါနှင့် ဝမ်းချုပ်ခြင်း နှင့် အရေပြားရောဂါများအတွက် ရိုးရာဆေးများတွင် အသုံးပြုကြ သည်။






Myanmar Name – Petthan
Common Name – Katsagon, marodphali, petthan and Karen wood
Botanical Name – Fernanodoa adenophylla (Wall. ex G.Don) V.Steenis
Family Name – Bignoniaceae
Habitat – Native to the Andaman Islands, India (Assam and other states), Bangladesh, Myanmar, Cambodia, Laos, Peninsular, Malaysia, Thailand and Vietnam.
Habit – A deciduous small tree. A large tree reaching a height of 29 m with trunk diameter of 0.5 to 0.8m long, straight, fluted stem.
Bark – Bark rugged, light brown in color.
Leaves – Large, opposite, imparipinnate, leaflets 2 pairs and an odd one, elliptic, 25-50 cm; leaflets 3-6 on each side of midrib, long elliptic, 8-14 X 2.5-6 cm. a pair of small leaflets often found at the base of the petiole.
Inflorescence – Large terminal panicles.
Flower – Large, pale yellow, trumpet shaped flowers occur in panicles. The flowers mostly remain closed in the day and open up at night. Calyx bell-shaped, 3-5 lobed. Corolla densely hairy, brownish-yellow, tubular below, swollen above, lobes 5. Ovary superior, ovules many, style long, stigma bilobed.
Fruit – Capsule to 35 x 1.5-2 cm cylindric, subterete, pendulous, twisted with winged seeds.
Seed – Seeds are flattened and compress, 2.5-3 cm, including the short wings.
Flowering and Fruiting Time – Flowering in October – December and fruiting in January and Much.
Usage – The tree is extensively used in traditional medicine. As an ingredient in message oils, it is supposed to ease muscular tension. Traditional uses for snakebite, hemorrhoid and constipation and skin disorder.