





မြန်မာအမည် – သခွပ်
အင်္ဂလိပ်အမည် – Mangrove Trumpet Tree, Tui, Tuai, Joran
ရုက္ခဗေဒအမည် – Dolichandrone spathacea ( L.f.) K.Schum.
မျိုးရင်း – Bignoniaceae
ပြန်နှံ့ပေါက်ရောက်ပုံ – အရှေ့တောင် အာရှတိုက်ပေါက်ရောက်ပြီး အထူးသဖြင့် အိန္ဒိယနိုင်ငံ တောင်ပိုင်း၊ သီရိလင်္ကာ၊ နယူးကယ်လီဒီုးနီးယား၊ ထိုင်းနှင့် မြန်မာ နိုင်ငံတို့၌ မူရင်းဒေသအဖြစ် ပေါက်ရောက်ကြသည်။ အထူးသဖြင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် ရခိုင်ပြည်နယ်များတွင် ပေါက်ရောက် ကြသည်။
အပင်သရုပ် – အရွက်ကြွေသော အပင်လတ်မျိုး ဖြစ်ပြီး အမြင့် ၁၂ မှ ၁၈ မီတာ အထိ နှင့် ပင်စည်ရင်စို့လုံးပတ် ၁.၅ မီတာခန့် အထိ ကြီးမား သည်။
အခေါက် – မီးခိုးရင့်ရောင် သို့မဟုတ် အညိုဖြစ်သည်။ အခေါက်တွင် အက် ကြောင်းများပါရှိသည်။
အရွက် – ငှက်မွေးပုံ ရွက်ပေါင်းဖြစ်ပြီး ရွက်မြွှာ ၃ စုံမှ ၅ စုံအထိ ပါရှိပြီး ရွက်မွှာ များမှာ အဖျား ချွန်၍ချောပြီး အလျှား ၃ လက်ခန့်အထိ ရှည်သည်။ ရွက်မွှာ နှုတ်ခမ်းသားသည် ခွေးသွားစိတ် ပုံသဏ္ဍာန်ရှိ၍ အစိမ်းရင့် ရောင် ရှိပြီး ပြောင်လက်နေသည်။
ပန်းခိုင် – အဆုံးရှိပန်းခိုင်အမျိုးအစားဖြစ်၍ အဖြူရောင်ရှိသည်။
ပန်းပွင့် – လိင်စုံအမျိုးအစားဖြစ်၍ ခေါင်းလောင်း ပုံသဏ္ဍာန်ရှိကာ အဖြူရောင် ဖြစ်သည်။
အသီးနှင့်အစေ့– အသီးများသည် အသီးတောက်ရှည် ဖြစ်ပြီး ကြောင်လိမ် လှေကား သဖွယ် လိမ်ကောက်နေသည်။ အစေ့များသည် မီးခိုးရောင်ရှိပြီး အတောင်ပံများဖြင့် ဖုံးအုပ်ထားသည်။
ပွင့်သီးချိန် – ဒီဇင်ဘာလမှ ဖေဖော်ဝါရီလအထိ ပန်းပွင့်ပြီး၊ မတ်လမှ မေလအထိ အသီးသီးချိန်ဖြစ်သည်။
အသုံးဝင်မှု – တိုင်းရင်းဆေးတွင် သလိပ်၊ ပန်းနာ၊ ရင်ကျပ်၊ အော့အန်ခြင်း၊ ရောင်ရမ်းခြင်း၊ ဝမ်းဖောခြင်း၊ဆီးအောင့်နာ၊ သွေးအန်သွေးကျနာ၊ လေနာတို့ကို ကုသရာတွင်အသုံးပြုသည်။






Myanmar Name – Thakut
Common Name – Mangrove Trumpet Tree, Tui, Tuai, Joran
Botanical Name – Dolichandrone spathacea ( L.f.) K.Schum.
Family Name – Bignoniaceae
Habitat – The native range of this species is S. India. It is a tree and grows primarily in the seasonally dry tropical biome.
Habit – Deciduous trees, 8-18 m tall,
Bark – Dark gray or brown. The bark has cracks.
Leaves – Leaves opposite, imparipinnate, 15-30 cm long; leaflets 2 or 3 pairs, 3-7.7 x 2-3.5 cm, elliptic, acuminate or obtuse, tapering and often unequal sided at base; lateral nerves 4-6 pairs; petiolules 6-10 mm.
Inflorescence – Flowers in few flowered corymbose racemes;
Flower – Flowers are trumpet-shaped large and white, 15-20 cm long, white delicate with ruffled edges, in clusters of 2-10 flowers.
Fruit & Seed – The fruits are long and twisted like a spiral staircase.
Flowering and Fruiting Time – Flowering to December- February and Fruiting to March- May
Usage – Leaves are the traditional medicine, phlegm Asthma chest Vomiting swelling Constipation, urinary pain, vomiting blood It is used to treat colds.