သုံးပန်လှ

အပင်သရုပ်
ပန်းပွင့်
အသီး
အစေ့

မြန်မာအမည် – သုံးပန်လှ

အင်္ဂလိပ်အမည် – Confederate rose, Dixie rosemallow, cotton rose or cotton rosemallow

ရုက္ခဗေဒအမည် Hibiscus mutabilis L.

မျိုးရင်း – Malvaceae

ပြန်နှံ့ပေါက်ရောက်ပုံ – အာရှနိုင်ငံများဖြစ်သည့် တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နီပေါနှင့် ထိုင်ဝမ်နိုင်ငံများသည် မူရရင်းဒေသများဖြစ်ကြသည်။

အပင်သရုပ် – ၎င်းသည် တစ်ပိုင်းတစ်စ ရွက်ကြွေ ချုံပုတ် သို့မဟုတ် သစ်ပင်များဖြစ် သည်။  ၎င်း၏ထင်ရှားသောပန်းပွင့်များအတွက် အလှစိုက်ပင်အဖြစ် စိုက်ပျိုးလေ့ရှိသည့်အပင်ဖြစ်သည်။

အခေါက် – ပင်စည်၊ အကိုင်းအခက်များနှင့် ရွက်ညှာတို့သည် ထူထပ်သော ကြယ်ပွင့် ပုံဂလင်းအမွေးများပါရှိသည်။

အရွက် – အရွက်များသည် ရွက်ထီးတည်းအမျိုးအစားဖြစ်ပြီး သွားစွယ်ရှိသော အရွက်အနားသတ်များရှိသည်။

ပန်းခိုင် – ပန်းခိုင်သည် ထိပ်ထွက် အဆုံးရှိပန်းခိုင်အမျိုးအစားဖြစ်ပြီး လှပသည့် ပန်းပွင့်များရှိကြသည်။

ပန်းပွင့် – ပန်းပွင့်များသည် အရွယ်ကြီးမားပြီး ပွင့်ချပ် နှစ်ထပ်ရှိ ပန်းများသည် အကျယ် ၁၀-၁၅  စင်တီမီတာရှိသည်။ နံနက်ခင်းတွင် ပွင့်သောအခါ အဖြူ သို့မဟုတ် ပန်းရောင်ဖြစ်သော်လည်း ညနေပိုင်းတွင် တဖြည်း ဖြည်းအနီရောင်သို့ ပြောင်းသွားသည်။

အသီး– အက်ကွဲသီးအမျိုးအစားဖြစ်ပြီး ဘဲဥပုံရှိကာ အဖျားချွန်သည်။ အစေ့ အိမ်ခန်း ၅ ခန်းပပါရှိပြီး အတွင်းတွင် အဖြူရောင်ဆူးမွေးများရှိသည့် အနက်ရောင်အစေ့များ ပါရှိသည်။

အသုံးဝင်မှု – တရုတ်တိုင်းရင်းဆေးများ ဖော်စပ်ရာတွင်အသုံးပြုသည်။ အရွက်ကို အော့အန်ပျောက်ဆေး၊ သလိပ်ကို ဖယ်ရှားပေးခြင်း၊ နာကျင်ခြင်း/ ရောင်ရမ်းခြင်းကို သက်သာစေပြီး ဓမ္မတာလာစဉ် သွေးထွက်လွန်ကဲ ခြင်းကို ကုသရန် အသုံးပြုသည်။

Habitat
Flower
Fruit
Seed

Myanmar Name – Thon-pan-hla

Common Name – Confederate rose, Dixie rosemallow, cotton rose or cotton rosemallow

Botanical Name – Hibiscus mutabilis L.

Family Name – Malvaceae

Habitat – Asia: China, India, Japan, Nepal, Taiwan.

Habit – It is a semi deciduous and they tend to be shrubby or treelike, and a plant long cultivated for its showy flowers.

Bark – Stems and petiole feature dense stellate and glandular hairs

Leaves – leaves are simple, large and lobed with a toothed leaf margin.

Inflorescence – Terminal panicle with showy flowers.

Flower – Large, double flowers are 10-15 cm wide. They are white or pink when they open in the morning, but gradually darken to red, and drop off in the evening.

Fruit – Fruits are dehiscent, ovoid, tip acute, and include many blackish seeds with whitish hairs.

Usage – Medicinal: In Chinese folk medicine, the leaves are used to induce vomiting, expel phlegm, reduce pain/inflammation, and treat excessive bleeding during menstruation.

FD-APFNet (IFEM) Project

Scroll to Top