





မြန်မာအမည် – လိမ်
အင်္ဂလိပ်အမည် – Indian almond, tropical almond
ရုက္ခဗေဒအမည် – Terminalia pyrifolia Kurz.
မျိုးရင်း – Combretaceae
ပြန်နှံ့ပေါက်ရောက်ပုံ – တောင်အာရှနှင့် အရှေ့တောင်အာရှတွင် မူရင်းဇာတိဖြစ် သည်။ အိန္ဒိယ၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် မြန်မာနိုင်ငံတို့တွင်မူရင်းဒေသအဖြစ်ပေါက်ရောက်သည်။
အပင်သရုပ် – အမြင့် ၂၅ မီတာအထိမြင့်၍ အပင်ကြီး အမျိုးအစား ဖြစ်သည်။ ပင်စည် ဖြောင့်စင်းပြီး ရှည်လျားသော ပင်စည်ရှိပြီး ကျယ်ပြန့်သောရွက်အုပ် ရှိသည်။
အခေါက် – မီးခိုးရောင်ရှိကာ အသက်ရင့်လာသည်နှင့်အမျှ ကြမ်းတမ်းပြီး၍ ကွဲအက် လာသည်။
အရွက် – ရွက်ထီးဖြစ်၍ ရွက်လွှဲထွက်သည်။ ထူးခြားတာတခုက အကိုင်းတွေရဲ့ အဖျားမှာ အရွက်တွေ စုထွက်နေကြ သည်။ ရွက်စွယ်မဲ့ သည်။
ပန်းခိုင် – ပန်းခိုင်က ကြားထွက် ပွင့်ညှာမဲ့ဖြစ်ကာ သေးငယ်သော ပန်းပွင့်လေးတွေ များစွာပါရှိ၍ အဆုံးမရှိပန်းခိုင် အမျိုး အစားဖြစ်သည်။
ပန်းပွင့် – ပန်းလေးတွေက စိမ်းဝါသော အရောင်ရှိကြတယ်။ ပွင့် ချပ်မပါရှိ၍ လေးခြမ်းညီပန်းပွင့်ဖြစ်သည်။ ပွင့်ဖတ်အုံက ခွက်ပုံရှိပြီး အဝိုက် ၅ ခု ပါရှိသည်။
အသီးနှင့်အစေ့ – မအက်ကွဲသော တစေ့ထဲပါသော အတောင် ၂ ခုပါသော အသီးဖြစ်သည်။
ပွင့်သီးချိန် – ပန်းပွင့်ချိန်သည် ဇန်နဝါရီလမှ မတ်လအထိဖြစ်ပြီး မတ်လမှ ဇွန်လအထိ အသီးထွက်ချိန်ဖြစ်သည်။
အသုံးဝင်မှု – သစ်သားကို ပရိဘောဂ၊ ဗီရိုနှင့် ကြမ်းခင်းများအတွက် အသုံးပြုသည်။






Myanmar Name – Lein
Common Name – Indian almond, tropical almond
Botanical Name – Terminalia pyrifolia Kurz.
Family Name – Combretaceae
Habitat – Native to South and Southeast Asia. Its range extends across countries such as India, Sri Lanka, Bangladesh, Thailand, Malaysia, Indonesia the Philippines and Myanmar.
Habit – Medium to large-sized tree that can reach heights of up to 25 meters. The tree has a straight and tall trunk with a rounded crown of foliage.
Bark – Rough and grayish-brown. It becomes fissured and scaly as the tree matures.
Leaves – Simple, alternate, and lance-shaped, 10-20 cm long and have a leathery texture, dark green and glossy, they often have a wavy margin.
Inflorescence – Small clusters, racemes and can be up to 10 cm long.
Flower – Small and typically greenish-white or cream-colored, five petals and are often inconspicuous.
Fruit – A drupe, fleshy, a hard, woody shell, oval or pear-shaped, resembling a small almond, initially green but turns brown as it ripens.
Seed – A drupe, hard, woody shell, about 3 to 4 centimeters, brown, oval or pear-shaped.
Flowering and Fruiting Time – Flowering time from January to March and fruiting time from March to June.
Usage – Wood is used for veneer, furniture, cabinetry, and flooring.