





မြန်မာအမည် – လက်ပံခါး/တောင်မဲအုပ်
အင်္ဂလိပ်အမည် – Devil Tree, Dita bark Tree
ရုက္ခဗေဒအမည် – Alstonia scholaris (L.)R.Br.
မျိုးရင်း – Apocynaceae
ပြန်နှံ့ပေါက်ရောက်ပုံ – မူရင်းဒေသအဖြစ်အိန္ဒိယတိုက်ငယ်၊ အရှေ့တောင်အာရှနှင့် ဩစတေး လျတိုတွင်ပေါက်သည်။ မြန်မာနိုင်ငံတွင် မြေနိမ့်ပိုင်း မိုးသစ်တောများ တွင် ပေါက်ရောက်သည်။
အပင်သရုပ် – အပင်အမြင့် ၃၀ မီတာခန့်အထိမြင့်မား၍ အပင်ကြီး မျိုးဖြစ်သည်။
အခေါက် – အခေါက် ၁၀-၁၅ မီလီမီတာ အထူ၊ မျက်နှာပြင် မီးခိုးရောင်ရှိသည်။ ကြမ်းတမ်းသော အက်ကွဲမှုရှိပြီး၊ ခရင်မ်အဝါရောင်၊ အပြင်အလွှာပါးလွှာ သောဖော့သော၊ အတွင်းလွှာကြွပ်ဆတ်၊ နို့စေးရည်အဖြူများထွက်၍ အကိုင်းအခက်များ ပြန့်ကျဲနေသည်။
အရွက် – ရွက်ထီး အမျိုးအစားဖြစ်၍ အဆစ်တစ်ခုမှ အရွက်များ စက်ဝိုင်းပတ် ထွက်သည့်အမျိုးအစားဖြစ်သည်။ အရွက်များသည် ဘဲဥရှည်သွယ်ပုံ သဏ္ဍာန်ရှိသည်။
ပန်းခိုင် – အဆုံးရှိပန်းခိုင် အမျိုးအစားဖြစ်၍ အစုလိုက်ဖြစ်ပွင့်ပြီး အဖြူရောင် ရှိသည်။
ပန်းပွင့် – လိင်စုံပန်းပွင့်အမျိုးအစားဖြစ်၍ ၁၀-၁၂ မီလီမီတာ ရှည်သည်။ ပွင့်ချပ်အုံ corolla အဖြူရောင်ဖြစ်ပြီး အဝိုက်တွေက ဘဲဥပုံစံ တခုအပေါ်တခု ထပ်လျက် လိမ်နေကြပြီး အစေ့အိမ်မှာ အမွှေးတွေရှိသည်။
အသီးနှင့်အစေ့– ဆလင်ဒါပုံ အသီးတောင့်ရှည်များ တွဲလောင်းကျကာ သီးလေ့ရှိကြပြီး ၃၀ – ၄၀ စင်တီမိတာရှည်သည်။
ပွင့်သီးချိန် – ပန်းပွင့်ချိန်သည် ဧပြီလမှ ဇွန်လအထိဖြစ်ပြီး ဇူလိုင်လမှ အောက်တိုဘာ လအထိ အသီးသီးသည်။
အသုံးဝင်မှု – အခေါက်၏ခါးသောအရသာကြောင့် အရှေ့တောင်အာရှနိုင်ငံများ၏ တိုင်းရင်းဆေးများတွင် တွင်ကျယ်စွာအသုံးပြုခဲ့ကြသည်။ အဖျား ပျောက်ဆေးအဖြစ် အခေါက်ကို သံဓာတ်၊ အသည်း၊ ပန်းနာရင်ကျပ်၊ ပန်းနာရင်ကျပ်၊ အရေပြားရောဂါ၊ အဖျားရောဂါနှင့် မီးယပ်ရောဂါများ အတွက်လည်း အသုံးပြုသည်။






Myanmar Name – Letpan-kha/Taung-meoak
Common Name – Devil Tree, Dita bark Tree
Botanical Name – Alstonia scholaris (L.)R.Br.
Family Name – Apocynaceae
Habitat – Native to the Indian subcontinent, Southeast Asia, and parts of Australia. It is found throughout the country, thriving in various habitats from lowland rainforests to montane woodlands in Myanmar
Habit – Large trees; height to 30 m.
Bark – bark 10-15 mm thick, surface grey-brown, irregularly cracked and shallowly fissured, subverrucose, lenticellate; blaze creamy yellow, outer layer thin, corky, inner layer brittle; latex milky white; branchlets whorled.
Leaves – Leaves simple, whorled, estipulate, obovate, oblanceolate or obovate-oblong; base cuneate or attenuate; apex obtuse or emarginate; margin entire, glabrous, lance-shaped, glossy, and arranged in whorls of 4-12 leaves per node. They are dark green on the upper surface and lighter green beneath.
Inflorescence – Clusters of small, white, fragrant flowers. These flowers are usually arranged in cymes, which are flat-topped or convex flower clusters.
Flower – Flower bisexual, 10-12 mm long, greenish-white in terminal umbellate cymes; calyx cupular, lobes 5, ovate, unequal, obtuse, puberulous, eglandular; corolla salver shaped, 4 mm across, lobes 5, obovate to orbicular, creamy yellow, spreading; stamens 5, included; anthers narrowly cordate; disc obscure; carpels 2, free, ovules many; style filiform; stigma obconic.
Fruit – Fruit of two linear, narrow, pendulous follicular mericarps, green, 30-40 cm long.
Seed – Seeds 5-6 mm long, flat, with a fringe of long hairs at both ends.
Flowering and Fruiting Time – Flowering time from April to June and fruiting time from July to October.
Usage – Due to the bitter taste of the bark, it has been widely used in the traditional medicine of Southeast Asian countries. With a bitter taste. As a medicine for fever, the bark is also used as a medicine for iron, diseases caused by the liver, asthma, asthma, skin diseases, fever, and gynecological diseases.