





မြန်မာအမည် – ပိတောက်နက်/ပျဉ်းပိတောက်
အင်္ဂလိပ်အမည် – Makha tree
ရုက္ခဗေဒအမည် – Afzelia xylocarpa (Kurz.)Craib.
မျိုးရင်း – Fabaceae
ပြန်နှံ့ပေါက်ရောက်ပုံ – အရှေ့တောင်အာရှ၊ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာ နိုင်ငံတို့တွင် မူရင်းဇာတိဖြစ်သည်။
အပင်သရုပ် – အမြင့် ၂၅ မီတာမှ ၃၀ မီတာအထိမြင့်မားနိုင်၍ ရွက်ကြွေသစ်ပင်ကြီး ဖြစ်သည်။ ရင်စို့လုံးပတ် ၁ မီတာအထိ ရှိနိုင်သည်။
အခေါက် – မီးခိုးရောင်မှ အနက်ရောင်အထိရှိပြီး အသက်ရင့်လာသည်နှင့်အမျှ အခေါက်သည် ပိုထူလာ၍ ကြမ်းတမ်းသောအခေါက်များဖြစ်လာသည်။
အရွက် – တစ်ဆင့်ငှက်မွှေးရွက်ပေါင်း ဖြစ်ပြီး ရွက်လွှဲထွက်သည်။ ရွက်မွှာ ၅ – ၇ ခုပါရှိပြီး ရွက်မွှာများသည် ဘဲဥပုံဏ္ဍာန်ရှိကာ ပြောင်လက်နေကြသည်။
ပန်းခိုင် – အဆုံးမရှိ ပန်းခိုင်အမျိုးအစားဖြစ်သည်။ အကိုင်းများ၏ ထိပ်မှအစု လိုက်ထွက်သော ပန်းခိုင်ပေါင်းဖြစ်သည်။
ပန်းပွင့် – လိင်စုံပန်းပွင့် အမျိုးအစားဖြစ်၍ ပွင့်ချပ် ၅ ခုပါသော်လည်း တခုကသာ တောက်ပသော ပန်းခရမ်းရောင်ဖြစ်သည်၊ ကျန်သော လေးခုမှာ အစိမ်း ရောင်ဖြစ်နေသည်၊ အပြင်ဖက်ကို ထိုးထွက်ပြီး ကွေးနေသော ဝတ်ဆံဖို အစုကို ထင်ရှားစွာ တွေ့နိုင်သည်။
အသီးနှင့်အစေ့ – အသီးများက ပျဥ်းကတိုးအသီး ကဲသို့ မာသော အခွံ ၂ ခုက ဖုံးထားသည်၊ အရွယ် ၆ လက်မခန့် အသီးတောင့်သည့် ရင့်မှည့်သော အခါ အက်ကွဲပြီး အတွင်းမှာ အစေ့ ၄ စေ့ကို ထင်ရှားစွာတွေ့ရသည်။ ရင်မှည့်သော အစေ့များမှာ ဆီ ၂၉% ခန့် ပါပြီးစားလို့ရသည်။
ပွင့်သီးချိန် – ဖေဖော်ဝါရီလမှ ဧပြီလအထိ ပန်းပွင်ပြီး မေလမှ ဇူလှိုင်လ အထိ အသီးသီးချိန်ဖြစ်သည်။
အသုံးဝင်မှု – ပရိဘောဂများ၊ ကြမ်းခင်းများနှင့် အလှဆင်ခြင်းများတွင် အသုံးပြု သည်။ တိုင်းရင်းဆေးပညာတွင် အအေးမိခြင်း၊ ဝမ်းလျှောခြင်းနှင့် ရောင်ရမ်းခြင်းကို ကုသရာတွင်အသုံးပြု သည်။






Myanmar Name – Padauknet
Common Name – Makha tree
Botanical Name – Afzelia xylocarpa (Kurz.) Craib.
Family Name – Fabaceae
Habitat – Native to Souteast asia, Thiland, Vietnam, Cambodia, Laos and Myanmar.
Habit – A large deciduous tree with a spreading crown, typically reaching heights of 25 to 30 meters. It has a straight trunk with a diameter of up to 1 meter.
Bark – Typically dark brown to grayish-black in color and has a rough, deeply furrowed texture. As the tree matures, the bark becomes thicker and more deeply ridged.
Leaves – Pinnate, 5 to 7 pairs of leaflets, although this can vary slightly. The leaflets are arranged alternately along the rachis and are oblong or elliptical in shape, with pointed tips and smooth margins. Dark green on the upper surface and lighter green on the underside.
Inflorescence – Racemose, consists of small, yellowish flowers that are arranged in dense clusters.
Flower – Bisexual, small yellowish flowers that are arranged in dense clusters and typically has five petals.
Fruit and Seed– Pods are typically elongated and somewhat flattened, with a reddish-brown coloration.
Flowering and Fruiting Time – Flowering time from February to April and fruiting time from May to July.
Usage – Used in furniture, flooring, and decorative veneers. In traditional medicine practices, with extracts utilized for their antipyretic, antidiarrheal, and anti-inflammatory properties.