သင်္ကန်း

အပင်သရုပ်
အခေါက်
ပန်းခိုင်နှင့် အပွင့်
အရွက်
အသီး
အစေ့

မြန်မာအမည် – သင်္ကန်း

အင်္ဂလိပ်အမည် – White Meranti

ရုက္ခဗေဒအမည် Hopea odorata Roxb.

မျိုးရင်း – Dipterocarpaceae

ပြန်နှံ့ပေါက်ရောက်ပုံ – မူရင်းဇာတိအဖြစ် အရှေ့တောင်အာရှတွင် အထူးသဖြင့် မလေးရှား၊ အင်ဒိုနီးရှား၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့တွင် ပေါက်ရောက်သည်။

အပင်သရုပ် – အပင်အမြင့် ၅၀ မီတာ အထိမြင့်သောအပင်ကြီးမျိုး ဖြစ်သည်။ ပင်စည် ဖြောင့်တန်းတောင့်တင်းမှုရှိသည်။

အခေါက် – အပင်ငယ်ရွယ်စဉ်တွင် ချောမွတ်ပြီး မီးခိုးရောင်ရှိ၍ သစ်ပင်ကြီးရင့် လာသည်နှင့်အမျှ ကြမ်းတမ်းသော အက်ကွဲမှုကြောင်းများ ဖြစ်ပေါ်လာ သည်။

အရွက် – ရွက်လွှဲထွက်သည့် ရွက်ထီးအမျိုးအစားဖြစ်သည်။ လှံစွပ်ရှည်သွယ် ပုံ သဏ္ဍာန်ရှိ၍ ရွက်နားညီသည်။ အရွက်အပေါ်မျက်နှာပြင်သည် အစိမ်းရင့်ရောင်ရှိပြီး ချောမွေ့ပြောင်လက်ကာ အောက်မျက်နှာပြင်မှာ အစိမ်းဖျော့ရောင် ရှိသည်။ အရွယ်အားဖြင့် ၈-၂၀ စင်တီမီတာအရှည်ရှိသည်။

ပန်းခိုင် – အဆုံးရှိပန်းခိုင်ဖြစ်၍ ပန်းခိုင်ပေါင်းအမျိုးအစားဖြစ်သည်။

ပန်းပွင့် – ပန်းပွင့်သားသည်သေးငယ်၍ ထင်းရှားမှုမရှိပါ။ ပွင့်ချပ် ၅ ခုရှိ၍ နို့နှစ် ရောင်သန်းသည်။

အသီးနှင့်အစေ့ – တောင်ပံပါ အက်ကွဲသီးအမျိုးအစားဖြစ်သည်။

ပွင့်သီးချိန် –  မေလမှ သြဂုတ်လအထိပန်းပွင့်ပြီး နိုဝင်ဘာလမှ ဖေဖော်ဝါရီလအထိ အသီးသီးချိန်ဖြစ်သည်။

အသုံးဝင်မှု – သစ်သားကို အိမ်ဆောက်ခြင်း၊ တံတားများနှင့် လှေများအပါအဝင် ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် အသုံးပြု ပြီးပရိဘောဂ၊ အခင်း နှင့်အလှဆင်ပစ္စည်းများ ပြုလုပ်ရာတွင်လည်း အသုံးပြုသည်။ တိုင်းရင်း ဆေးတွင် ရောင်ရမ်းခြင်း၊ အဖျားတက်ခြင်း၊ အစာအိမ်နှင့်အူလမ်း ကြောင်းဆိုင်ရာ ရောဂါများကဲ့သို့သော ဝေဒနာများကို ကုသရန်အသုံး ပြုကြသည်။

Habitat
Bark
Inflorescence and flowers
Leaf
Fruit
Seed

Myanmar Name – Thingan

Common Name –  White Meranti

Botanical Name – Hopea odorata Roxb.

Family Name – Dipterocarpaceae

Habitat – Native to Southeast Asia, particularly found in countries like Malaysia, Indonesia, Myanmar and Thailand.

Habit – A large tree that can reach heights of up to 50 meters (164 feet). It typically has a straight.

Bark – Smooth and gray when young, becoming rougher and darker with age. It often cracks and develops fissures as the tree matures.

Leaves – Simple, alternate, and oblong to lanceolate in shape. They are typically dark green and glossy on the upper surface and lighter green underneath. The leaves can range from 8 to 20 centimeters in length.

Inflorescence – Typically, a panicle, which is a branched cluster of flowers. The flowers are small, white to cream-colored, and often fragrant.

Flower – Small and inconspicuous. They have five petals and are arranged in clusters on the inflorescence.

Fruit – A woody capsule that is usually ovoid or ellipsoid in shape.

Seed – Small and winged,

Flowering and Fruiting Time – Flowering time from May to August and fruiting time from November to February.

Usage – Used in various construction applications, including building houses, bridges, and boats. The timber is also used for making furniture, flooring, and decorative items. In traditional medicine, various parts of Hopea odorata are used to treat ailments such as inflammation, fever, and gastrointestinal disorders.

FD-APFNet (IFEM) Project

Scroll to Top