ရေပိတုန်း

အပင်သရုပ်
အခေါက်
ပန်းခိုင်နှင့် အပွင့်
အရွက်
အသီး
အစေ့

မြန်မာအမည် – ရေပိတုန်း

အင်္ဂလိပ်အမည် – Bishop wood

ရုက္ခဗေဒအမည် Bischofia javanica Blume

မျိုးရင်း – Phyllanthaceae

ပြန်နှံ့ပေါက်ရောက်ပုံ – မူရင်းဒေသအိန္ဒိယ၊ တရုတ်၊ ဂျပန်၊ အရှေ့တောင် အာရှနှင့် ပစိဖိတ်ကျွန်းစုများ အပိုင်းဒေသများတွင် ပေါက်ရောက်သည်။

အပင်သရုပ် – ရွက်ကြွေပင်အမျိုးအစားဖြစ်ပြီး အမြဲစိမ်း၍ အပင်အမြင့် ၃၀ မီတာ အထိ ကြီးထွားနိုင်ပြီး ဖြောင့်စင်းသော ပင်စည်နှင့် ကျယ်ပြန့်၍ လုံးဝန်း သော ရွက်အုပ်ရှိသည်။ ကြီးထွားမှုမြန်သော အပင်အဖြစ်လည်း လူသိများသည်။

အခေါက် – ကြမ်းတမ်းပြီး အညိုရင့်ရောင်မှ နီညိုရောင်အထိရှိပြီး  အကြေးခွံများရှိ၍ ခွာကျတတ်သည်။

အရွက် – သုံးဆင့်ငှက်မွှေးရွက်ပေါင်းအမျိုးအစားဖြစ်သည်။ ရွက်မွှာသည် ဥဖျား  သွယ်၍ ရွက်နားချောပြီး ၅ မှ ၁၅ စင်တီမီတာထိရှည်သည်။

ပန်းခိုင် – ပန်းခိုင်ပေါင်းအမျိုးအစားဖြစ်၍ ၃၀ စင်တီမီတာထိရှည်သည်။

ပန်းပွင့် – သေးငယ်သော ပန်းပွင့်လေးများသည် အစိမ်းရောင်မှ အဝါရောင် သန်းပြီး လိင်မစုံသောအမျိုးအစားဖြစ်သည်။ အဖိုပွင့်တွင် ဝတ်ဆံတိုင် ၅ မှ ၆ ခုထိရှိပြီး အမပန်း ပွင့်တွင် အစေ့အိမ်သည် အထက်တည်မ ဖြစ် သည်။

အသီးနှင့်အစေ့ – အချင်း ၁-၂ စင်တီမီတာ ခန့်ရှိသော သေးငယ်သော၊ အသီးများသည် ငယ်ရွယ်စဉ်တွင် အစိမ်းရောင်ရှိပြီး မှည့်သောအခါတွင် နီညိုရောင် ပြောင်းသွားပါသည်။ အစေ့တစ်ခုစီတွင် အစေ့တစ်စေ့မှ သုံးစေ့ပါရှိ သည်။ အစေ့များသည် သေးငယ်ပြီး အညိုရောင်ရှိသည်။

ပွင့်သီးချိန် – ပန်းပွင့်ချိန်သည် မတ်လမှ မေလအထိဖြစ်ပြီး သြဂုတ်လမှ အောက်တို ဘာလအထိ အသီးသီးချိန် ဖြစ်သည်။

အသုံးဝင်မှု – သစ်သားသည် တာရှည်ခံပြီး ပိုးမွှားများကို ခံနိုင်ရည်ရှိပြီး ဆောက်လုပ် ရေး၊ ပရိဘောဂများနှင့် အခင်းများအတွက် အသုံးပြုသည်။ ထင်းနှင့် မီးသွေးထုတ်လုပ်ရာတွင်လည်းလောင်ကျွမ်းမှုအားကောင်းသောကြောင့် အသုံးပြုသည်။

Habitat
Bark
Inflorescence and flowers
Leaf
Fruit
Seed

Myanmar Name – Yepadone

Common Name – Bishop wood

Botanical Name – Bischofia javanica Blume

Family Name – Phyllanthaceae

Habitat – Native to tropical and subtropical regions of Asia, including India, China, Japan, Southeast Asia, and the Pacific Islands.

Habit – A deciduous or semi-evergreen tree that can grow up to 30 meters (about 98 feet) tall, with a straight trunk and a broad, rounded canopy. The tree is known for its fast-growing nature.

Bark – Rough, dark brown to reddish-brown, and tends to peel off in irregular scales. When cut, the inner bark reveals a reddish color.

Leaves – Compound and trifoliate (composed of three leaflets). The leaflets are ovate to elliptic, with a smooth margin, and range from 5 to 15 cm in length. They are glossy green on the upper surface and paler underneath.

Inflorescence – A panicle, which can be up to 30 cm long. These panicles are often found in the axils of leaves or at the ends of branches.

Flower – Small, unisexual, and dioecious, male flowers are found in clusters and have 5-6 stamens, while female flowers are usually solitary or in small groups with a superior ovary.

Fruit and Seed – Small, round, berry-like drupe, about 1-2 cm in diameter. The fruits are green when young and turn purplish-black when ripe. Each drupe contains one to three seeds. The seeds are small, brown.

Flowering and Fruiting Time – Flowering time from March to May and fruiting time from August to October.

Usage – The wood of Bischofia javanica is durable and resistant to termites, making it suitable for construction, furniture, and flooring. Also used for firewood and charcoal production due to its good burning qualities.

FD-APFNet (IFEM) Project

Scroll to Top