





မြန်မာအမည် – ခရေ
အင်္ဂလိပ်အမည် – Asian bullet wood, Bakul tree, Bullet wood, Spanish cherry
ရုက္ခဗေဒအမည် – 𝘔𝘪𝘮𝘰𝘴𝘰𝘱𝘴 𝘦𝘭𝘦𝘯𝘨𝘪 𝘓.
မျိုးရင်း – Sapotaceae
ပြန်နှံ့ပေါက်ရောက်ပုံ – အမြဲစိမ်းပင်လတ်အမျိုးအစားဖြစ်ပြီးတောင်အာရှ၊ အရှေ့တောင်အာရှ, ဩစတြေလျမြောက်ပိုင်းအထိမူရင်းဒေသအဖြစ်ပေါက်ရောက်ကြပြီးအိန္ဒိယ၊ သီရိလင်္ကာ၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံများအထိ လွှမ်းခြုံပေါက်ရောက်သည်။
အပင်သရုပ် – ရွက်အုပ်ပြန့်ကားသည့် ပင်လတတ်အမျိုးအစားဖြစ်ကာအမြင့် ၁၆ မှ ၂၀ မီတာထိရှိသည်။
အခေါက် – အခေါက်သည် မီးခိုးရောင်ရှိပြီး၊ ကွဲအက်နေသော (သို့) အလျားလိုက် အက်ကြွကြောင်းများနှင့် အကြေးခွံပါရှိပြီး၊ ဒေါက်လိုက် အစင်းကြောင်းများရှိသည်။ အခေါက်ကိုခုတ်ကြည့်ပါကအတွင်းခေါက်သည် ပန်းရောင်ရှိပြီး၊ အစေးဖြူထွက်ရှိသည်။ အပင်ငယ်စဉ်တွင် အကိုင်းအခက်များသည် အညိုနုရောင်ရှိသည်။
အရွက် – ရွက်ထီးအမျိုးအစားဖြစ်ပြီးရွက်လွှဲထွက်သည်။ တောက်ပြောင်သောအစိမ်းရောင်အဆင်းရှိပြီး၊ ဘဲဥပုံသဏ္ဍာန်ရှိကာရွက်နားညီသည်။ အရွယ်အစားမှာအရှည် ၅-၁၄ စင်တီမီတာနှင့် အကျယ် ၂.၅-၆စင်တီမီတာရှိသည်။
ပန်းခိုင် – ထိပ်ထွက် ထီးတည်းပန်းခိုင်အမျိုးအစားဖြစ်ပြီး မွှေးရနံ့ရှိကာ၊ အဖြူရောင် (သို့) အဝါနုရောင်ရှိပန်းပွင့် ၂-၆ ပွင့်ပါရှိသည်။
ပန်းပွင့် – ပန်းပွင့်သည် အရွယ်သေးငယ်ပြီး ၁-၂ စင်တီမီတာအချင်းရှိပြီးခေါင်းလောင်းပုံရှိကာသင်းပြန့်သည့် ရနံ့ရှိသည်။ ပွင့်ဖတ် ၅ ခုနှင့် ပွင့်ချပ် ၅ ခုပါရှိသည်။ ပွင့်ချပ်သည် အဖြူရောင် (သို့) အဝါနုရောင်ရှိပြ်း ပြားချပ်၍ တံပိုးပုံရှိသည်။
အသီး – ခွံပျော့သီးအမျိုးအစားဖြစ်ပြီးအဝါရောင်ရှိကာဘဲဥပုံ (သို့) အီလစ်ပုံရှိပြီး ၂.၅ စင်တီမီတာရှည်၍၊ အချင်း ၁.၅ စင်တီမီတာရှိသည်။ အသားထူအရည် ရွှမ်းကာအပြင်ခွံပါးလွှာသည်။ အသီးတွင် ဘေးနှစ်ဖက်ပြားချပ်ပြီးရှည်သွယ် သောအီလစ်ပုံရှိအစေ့တစ်စေ့ပါသည်။
အစေ့ – အညိုရောင်ရှိပြီးတစ်ခါတစ်ရံအညိုရင့်ရောင် (သို့) အညိုနုရောင်ရှိပြီးဘေးနှစ်ဖက်ပြားချပ်ပြီးရှည်သွယ်သောအီလစ်ပုံရှိသည်။ အစေ့ခွံသည် ပြောင်ချောမာတင်းသည်။
ပွင့်သီးချိန် – မတ်လမှ ဇွန်လအထိပန်းပွင့်ပြီး၊ ဇွန်လမှ စက်တင်ဘာလအထိ အသီးသီးလေ့ရှိသည်။
အသုံးဝင်မှု – အခေါက်၊ ပန်းပွင့်၊ အသီးနှင့်အစေ့များကိုတိုင်းရင်းဆေးများဖော်စပ်ရာတွင် အသုံးပြုကြသည်။ ချုပ်ဆေး၊ အပူကျဆေး၊ ပိုးသတ်ဆေး၊ ဆီးဆေးနှင့် သွားဖုံးရောဂါအမျိုးမျိုးတို့တွင် အသုံးပြုကြသည်။ သစ်သားသည် သိပ်သည်းမာကျော၍ အနက်ရောင်အဆင်းရှိသည့်အတွက် အထက်တန်းစားပရိဘောဂများပြုလုပ်ရာတွင် အသုံးပြုသည်။






Myanmar Name – Khaye
Common Name – Asian bullet wood, Bakul tree, Bullet wood, Spanish cherry
Botanical Name – 𝘔𝘪𝘮𝘰𝘴𝘰𝘱𝘴 𝘦𝘭𝘦𝘯𝘨𝘪 𝘓.
Family Name – Sapotaceae
Habitat – A medium-sized evergreen tree found in tropical forests in South Asia, Southeast Asia and northern Australia, with a distribution range encompassing countries such as India, Sri Lanka, Myanmar, Thailand, Cambodia, Laos, Vietnam, Malaysia, and Indonesia.
Habit – Medium-sized evergreen trees, 16 to 20 m high with spreading crown.
Bark – Bark dark grey, cracked or fissured longitudinally, scaly, rough; lenticels vertical; blaze pink with red streaks; exudation white; young branches brown pubescent.
Leaves – The simple leaf, alternate in arrangement, glossy, dark green in color, oval in shaped, margin entire, 5–14 cm (2.0–5.5 in) long, and 2.5–6 cm (0.98–2.36 in) wide.
Inflorescence – Terminal solitary inflorescence with 2-6 fragrant, white, or pale yellow flowers.
Flower – Small, about 1-2 cm in diameter, bell-shaped and have a pleasant, sweet fragrance. Flowers with five sepals and five petals. The flowers are and have The petals are white, or pale yellow color and a tubular, trumpet-like in shape.
Fruit – Fruit a berry, yellow, ovoid, 2.5 cm long, 1.5 cm across, fleshy, epicarp thin; seeds usually 1, oblong-ellipsoid, laterally compressed.
Seed – Brown in color, often a dark brown or light brown, round or spherical, resembling a oblong-ellipsoid, laterally compressed. It has a smooth and hard texture.
Flowering and Fruiting Time – Flowering time from March to June and fruiting time from June to September.
Usage -The bark, flowers, fruits, and seeds are used in traditional medicine in which it is purported to be astringent, cooling, anthelmintic, tonic and febrifuge It is mainly used for dental ailments such as bleeding gums, pyorrhea, dental caries, and loose teeth. The wood is a luxurious wood that is extremely hard, strong and tough, and rich deep red in color.