စန္ဒကူး

အပင်သရုပ်
အခေါက်
ပန်းခိုင် နှင့် ပန်းပွင့်
အရွက်
အသီး
အစေ့

မြန်မာအမည် – စန္ဒကူး

အင်္ဂလိပ်အမည် – Indian sandalwood

ရုက္ခဗေဒအမည် Santalum album L.

မျိုးရင်း – Santalaceae

ပြန်နှံ့ပေါက်ရောက်ပုံ – အိန္ဒိယ၊ သီရိလင်္ကာ၊ အင်ဒိုနီးရှား နှင့် အရှေ့တောင်အာရှမှ မူရင်းဇာတိဖြစ်ပြီးမြန်မာနိုင်ငံအနှံ့အပြားတွင်လည်းပေါက် ရောက် သည်။

အပင်သရုပ် – အမြဲစိမ်းသစ်ပင်အမျိုးအစားဖြစ်ပြီး၊ ၅ – ၁၀ မီတာခန့် အထိရှိ၍ အပင် အလတ် အမျိုးအစားဖြစ်သည်။ ပြန့်ကျဲကာအကိုင်းအခက်များရှိသည်။

အခေါက် – အပင်ငယ်စဉ်တွင် အညိုရောင်သန်းသည့် မီးခိုးရောင်ရှိပြီး၊ အသက်ရင့်လာသည်နှင့်အမျှ အခေါက်သည် ထွန်သွားပုံအကြေးခွံပုံသဏ္ဍာန်များဖြစ်လာပြီးအရောင်သည် မီးခိုးရောင် ပြောင်းလာသည်။

အရွက် – ရွက်ထီး၊ ရွက်ဆိုင်ထွက်၍ ဘဲဥပုံသဏ္ဍာန်ရှိပြီး ၂ မှ ၄ လက်မခန့်အထိရှည်လျားပြီးတောက်ပပြီးအစိမ်းရောင် အသွင် အပြင်ရှိသည်။

ပန်းခိုင် – အဆုံးရှိပန်းခိုင်အမျိုးအစားဖြစ်ပြီး၊လိင်စုံသောပန်းခိုင်ဖြစ်သည်။

ပန်းပွင့် – ထိပ်ထွက်၍ နီညိုရောင် ဖြစ်ပြီးပွင့်ဖတ်၊ ပွင့်ချပ် ကွဲကွဲပြားပြားမရှိ၍ နှစ်ခြမ်းညီပန်းပွင့်ဖြစ်သည်။

အသီးနှင့်အစေ့ – အတွင်းအခွံမာသီးအမျိုးအစားဖြစ်သည်။

ပွင့်သီးချိန် – ဒီဇင်ဘာလမှ ဧပြီလအထိပန်းပွင့်ပြီး၊ ဧပြီလမှ ဇူလှိုင်လအထိအသီးသီးချိန်ဖြစ်သည်။

အသုံးဝင်မှု – ရေမွှေး၊ ရနံ့ကုထုံးနှင့် အသားအရေထိန်းသိမ်းမှုထုတ် ကုန်များတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြပြီး၊ အရေပြားရောဂါများ၊အသက်ရှုလမ်းကြောင်းဆိုင်ရာပြဿနာများကုသရန်အတွက် အသုံးပြုသည်။

Habitat
Bark 
Inflorescence And Flower
Leaf
Fruits
Seeds

Myanmar Name – စန္ဒကူး

Common Name – Indian sandalwood

Botanical Name – Santalum album L.

Family Name – Santalaceae

Habitat – Native to India Sri Lanka, Indonesia and Southeast Asia, it also grows in Myanmar.

Habit – Small to medium-sized evergreen tree, typically growing up to 10 meters in height.

Bark –  Brownish-gray and rough in texture.

Leaves –  Leathery, opposite, elliptic to ovate in shape, and around 5-10 centimeters long. They are shiny dark green on the upper surface and paler beneath.

Inflorescence –  Axillary, panicles of small, inconspicuous flowers.

Flower – Small, white to purplish in color, and typically have a sweet fragrance. They are often arranged in clusters on the inflorescence.

Fruit And Seed – A drupe, round to ellipsoid in shape, and about 1 centimeter in diameter. It turns purple-black when ripe and contains a single seed.

Flowering and Fruiting Time – Flowering time from December to April and fruiting time from April to July.

 Usage – Widely used in perfume, aromatherapy and skin care products. skin diseases.It is used to treat respiratory problems.

FD-APFNet (IFEM) Project

Scroll to Top