ဂျပန်ကုက္ကိုလ်

အပင်သရုပ်
အခေါက်
ပန်းပွင့်
Inflorescence and flowers
အသီး
အစေ့

မြန်မာအမည် – ဂျပန်ကုက္ကိုလ်

အင်္ဂလိပ်အမည် – Dwarf powder puff

ရုက္ခဗေဒအမည် Calliandra tergemina (L.) Benth.

မျိုးရင်း – Fabaceae

ပြန်နှံ့ပေါက်ရောက်ပုံ – အပူပိုင်းဒေသများတွင် ပျံ့နှံ့ပေါက်ရောက်လေ့ရှိသော်လည်း မူရင်း ဒေသ များအဖြစ် အမေရိကန်နိုင်ငံ(အလယ်ပိုင်း) မက္ကဆီကို၊ ကိုလံဘီယာနှင့် ဗန်နီဇွဲလားနိုင်ငံတို့တွင်လည်း ပေါက်ရောက်ရှင်သန်ကြသည်။

အပင်သရုပ် – ၁-၃ မီတာခန့်ရှိသည့် ခြုံပင် (သို့မဟုတ်) အပင်ငယ်မျိုးဖြစ်ပြီး ရွက်အုပ် သဖွယ် ကိုင်းဖြာထွက်မှု နည်းပါ၍ ပင်စည်မှာ ဆလင်ဒါ ပုံသဏ္ဍာန် ရှိသည်။

အခေါက် – မီးခိုးရောင်ဖြစ်၍ မျက်နှာပြင် ချောမွတ်သည်။

အရွက် – အရွက်များသည် အစိမ်းရောင်ဖြစ်ပြီး ကျောက်ကပ် သို့မဟုတ် အဆုတ် ကဲ့သို့ ပုံသဏ္ဍာန်ရှိ၍ ရွက်ညှာတစ်ခုလျှင် အရွယ်အစား တူညီသည့် အရွက်နှစ်စုံနှင့် အနည်းငယ်သေးသော အရွက်တစ်စုံတို့ ပူးတွဲ ထွက်ရှိသည်။ အရွက်နုချိန်တွင် လိမ္မော်ရောင်ရှိပြီး ရင့်လာသည့်အခါ အစိမ်းရောင်သို့ ပြောင်းသွားသည်။ ရွက်မွှာများနှင့်  ရွက်ညှာတို့သည်  အနည်းငယ် ပျော့ပျောင်းကာ မျက်နှာပြင်တွင်  အမွှေးများပါရှိသည်။ အရွက်များသည် နေ့အချိန်တွင် ပြန့်ကားစွာ တည်ရှိနေပြီး ညအချိန်တွင် အရွက်များသည် ပြန်လည်စုပေါင်း သွားကြသည်။

ပန်းခိုင် – ဦးခေါင်းငယ် အဆုံးရှိပန်းခိုင်အမျိုးအစား အမျိုးအစားဖြစ်သည်။

ပန်းပွင့် – ပန်းပွင့်များသည် အလျား ၂.၅ မှ ၆စင်တီမီတာ၊ အနီရောင် သို့မဟုတ် ပန်းနီရောင်ဖြစ်သည်။ မပွင့်သေးသော ပန်းဖူးပွင့်များသည် အနီရောင် ဘယ်ရီသီးစည်းများနှင့် ဆင်တူသည်။

အသီးနှင့်အစေ့– အသီးသည် ပြားသော ပုံသဏ္ဍာန်ရှိပြီး အရည်ရွှမ်း၍ အသားထူ ခွံပျော့ကာ အက်ကွဲလွယ်သော အသီးတောင့် အမျိုးအစားဖြစ်သည်။ရင့်မှည့်ချိန်တွင် အစိမ်းရောင်၊ အဝါ ရောင်မှ အညိုရောင်သို့ ပြောင်းလဲသွားသည်။
အသီးတောင့် တစ်တောင့်လျှင့် အစေ့ ၃-၁၀ စေ့ခန့်ထိ ပါရှိတတ် သည်။ အစေ့သည် အဝိုင်း(သို့) ဘဲဥပုံသဏ္ဍာန်ဖြစ်ပြီး အစေ့ မျက်နှာပြင်သည် ချောမွေ့၍ အညိုရောင် သို့မဟုတ် အနက်ရောင်ဖြစ်သည်။

ပွင့်သီးချိန် – ပန်းပွင့်ချိန်မှာ တစ်နှစ်ပတ်လုံးဖြစ်သည်။

အသုံးဝင်မှု – အိမ်တွင်းအလှဆင်ပင်အဖြစ်လည်းကောင်း၊ လမ်းဘေးဝဲယာ အလှစိုက် ပင်များ အဖြစ်လည်းကောင်း စိုက်ပျိုးကြသည်။

Habit
Bark
Seed
Inflorescence and flowers
Fruit
Flower

Myanmar Name –  Japan- kokko

Common Name – Dwarf powder puff

Botanical Name – Calliandra tergemina (L.) Benth.

Family Name – Fabaceae

Habitat – Mexico, Central America, Venezuela, Colombia

Habit – Shrubs or small trees, usually unarmed,1-3 m tall with rather thin cylindrical stems.

Bark – Bark is gray in color and has a smooth surface.

Leaves – Leaves compound, opposite, leaflets shaped like kidneys or lungs, light to medium green, with 3 leaflets (2 paired terminal ones, 1 lone and smaller) per petiole. Young leaves orangey, maturing to green. Leaflets and petiole somewhat velvety due to fine surface hairs. Leaves droop and fold up at night.

Inflorescence – Inflorescence is Globular Mimosa-like powderpuff.

Flower – Flowers grow up to 2.5 to 6 cm across, with numerous red or pinkish-red filamentous stamens, lasting 2-3 days before wilting. Unopened flowers buds resemble a bunch of red berries.

Fruit – Fruits are flattened dehiscent seedpods. ripening from green to brown, with thickened margin,

Seed – Fruit 3-10 seeded, Seeds ovoid to rounded in outline, Seed surface smooth, Seed surface with resinous dots, Seeds olive, brown, or black.

Flowering and Fruiting Time – bloom throughout the year

Usage – It is used as Indoor Plant, Container Planting.

FD-APFNet (IFEM) Project

Scroll to Top