





မြန်မာအမည် – ကင်ပလင်း
အင်္ဂလိပ်အမည် – Sour Currant Shrub.
ရုက္ခဗေဒအမည် – Antidesma acidum Rezt.
မျိုးရင်း – Phyllanthaceae
ပြန်နှံ့ပေါက်ရောက်ပုံ – အိန္ဒိယ (ကပ္ပလီနှင့် နီကိုဘာကျွန်းများအပါအဝင်) နီပေါ၊ တရုတ် (ယူနန်)၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ထိုင်း၊ အင်ဒိုနီးရှား တို့တွင် ပေါက်ရောက် ရှင်သန်သည်။
အပင်သရုပ် – ချုံပင် (သို့မဟုတ်) အပင်ငယ်ဖြစ်ပြီး များသောအားဖြင့် အမြင့် ၆ မီတာမှ ၁၀ မီတာအထိ ရှိသည်။
အခေါက် – အရွက်သည် သေးသွယ်ရှည်လျားပြီး ထိပ်ချွန်သည်။ ရွက်ညှာတိုပြီး ရွက်လွှဲထွက်ပြီး ပြောင်ချောရှိသည်။ အရွက်သည် ၃ လက်မှ မှ ၇ လက်မ အထိ ရှည်ပြီး ၁ လက်မခွဲမှ ၆ လက်မခန့်အထိ ကျယ်သည်။
အရွက် – အရွက်သည် သေးသွယ်ရှည်လျားပြီး ထိပ်ချွန်သည်။ ရွက်ညှာတိုပြီး ရွက်လွှဲထွက်ပြီး ပြောင်ချောရှိသည်။ အရွက်သည် ၃ လက်မှ မှ ၇ လက်မ အထိ ရှည်ပြီး ၁ လက်မခွဲမှ ၆ လက်မခန့်အထိ ကျယ်သည်။
ပန်းခိုင် – ပန်းခိုင်သည် ထီးတည်းကြားထွက် ပန်းခိုင်ဖြစ်ပါသည်။ ပန်းပွင့်များ သည် အကိုင်းအခက်များကြားမှ စုပြုံ၍ ထွက်ရှိပြီး အလျား ၀.၅ – ၃၅ စင်တီမီတာအထိ ရှည်လျားသည်။
ပန်းပွင့် – ပန်းပွင့်များသည် နုစဉ်အခါတွင် စိမ်းဝါရောင်ဖြစ်ပြီး ရင့်လာသော အချိန် တွင် အနီရောင်အဖြစ်သို့ ပြောင်းလဲသွားတတ်သည်။ ရွက်ညှာတိုပြီး ပွင့်ဖတ် ၃-၈ခုထိ ပါရှိတတ်သည်။
အသီးနှင့်အစေ့– အသီးသည် ငြုတ်ကောင်းစေ့ သာသာခန့်သာရှိပြီး သီးခါစတွင် အစိမ်းရောင်ရှိ၍ ရင့်မှည့်လာပါက နီညိုရောင်သို့ ပြောင်းသွားသည်။
ပွင့်သီးချိန် – မေလမှ ဇူလိုင်လအထိ အပွင့်ပွင့်၍ ဇွန်လမှ နိုဝင်ဘာလအထိ အသီးသီး သည်။
အသုံးဝင်မှု – အစားအစားများ ပြုလုပ်၍လည်းကောင်း၊ တိုင်းရင်းဆေးဝါးများအဖြစ်လည်းကောင်း အသုံးပြုနိုင်သော အပင်မျိုးဖြစ်သည်။






Myanmar Name – Kinbalin
Common Name – Sour Currant Shrub.
Botanical Name – Antidesma acidum Rezt.
Family Name – Phyllanthaceae
Habitat – Tropical plant native to various parts of Southeast Asia, including countries like India, Sri Lanka, Thailand, and Malaysia.
Habit – Medium-sized evergreen tree that can grow up to 15 meters in height, Perennial, dioecious; stems much branched, terete, brownish finely pubescent.
Bark – smooth and brownish-grey, not deeply furrowed or rough like the bark of some other tree species
Leaves – Leaves simple, alternate, stipulate, petiolate; stipules linear; blades ovate-lanceolate, 5-11 by 1.0-2.5 cm, obtuse at the base, entire along the margin, acute at the apex, lower surfaces covered with reddish-brown tomentose on the nerves, upper surfaces glabrous.
Inflorescence – Axillary or terminal panicles, which are clusters of small flowers.
Flower – Flowers light yellow, unisexual, actinomorphic, 4-merous, hypogynous, apetalous, ebracteate, sessile, ebracteolate. Sepals free, shortly 4-lobed. Stamens 2, free, exerted; anthers dithecous, basifixed, longitudinally dehiscent; disk cushion-like, glabrous. Ovary ellipsoid, superior, monocarpellary, unilocular with 2-ovules in the locule on the pendulous placentae; style very short; stigma bifid.
Fruit – Small, ovoid to ellipsoid drupe, which is initially green and turns reddish to black when ripe. The fruit is about 1 to 1.5 centimeters long and contains a single seed.
Seed – A single, relatively large, and somewhat flattened structure within the fruit.
Flowering and Fruiting Time – Flowering time from January to March and fruiting time from May to July.
Usage – reatment of stomachache of children, digestion related issues and diabetes.