တပေဘူတ

အပင်သရုပ်
အခေါက်
ပန်းပွင့်
ပန်းခိုင်နှင့်အပွင့်
အသီး
အစေ့

မြန်မာအမည် – တပေဘူတ

အင်္ဂလိပ်အမည် – Golden trumpet tree,Yellow tabebuia

ရုက္ခဗေဒအမည် Tabebuia aurea Benth. & Hook.f. ex S.Moore

မျိုးရင်း – Bignoniaceae

ပြန်နှံ့ပေါက်ရောက်ပုံ – အထူးသဖြင့် ဘရာဇီး၊ ဘိုလီးဗီးယားနှင့် ပီရူးနိုင်ငံမှ တောင် အမေရိက တိုက်ရှိ မျိုးစိတ်တစ်ခုဖြစ်သည်။

အပင်သရုပ် – အမြင့် ပေ  ၂၅  မှ  ၃၅ ပေ အထိ မြင့်ပြီး၊ ပင်စည်၏ အရောင် သည် မီးခိုးရောင်ရှိ၍ ရွက်အုပ်ကျယ်ပြန့်ပြီး အချင်း ၂၅  မှ  ၃၅ ပေ အထိ ရှိသည်။

အခေါက် – အခေါက်သည် မီးခိုးရောင်ဖျော့ဖျော့၊ ချောမွေ့ပြီး အနည်းငယ် ထွန်သွားပုံ အကြေးခွံများဖြစ်သည်။

အရွက် – လက်ဝါးပုံ ရွက်ပေါင်း ဖြစ်ပြီး ရွက်မွှာ ၅ မှ ၇ ခု အထိ ပါရှိ သည်။ ရွက်မွှာများ၏ အပေါ်မျက်နှာပြင်နှင့် အောက်မျက်နှာပြင်တို့မှာ  အဖြူရောင်သန်းသည့်အစိမ်းရောင်ဖြစ်၍ပြောင်လက်နေပြီး မာကျော ကြသည်။ အရွက်များမှာလည်း မျက်နှာခြင်းဆိုင်ထွက်ကြပြီး ရွက်မွှာ များသည်  ၄ မှ ၇ လက်မ အထိ  ရှည်သည်။

ပန်းခိုင် – ပန်းများသည် အဖိုပွင့်နှင့် အမပွင့် နှစ်မျိုးစလုံး ပွင့်ကြသည်။ အလွန် လှပသော အဝါရာင် ဝတ်ဆံများပါ ရှိသည်။

ပန်းပွင့် – ပန်းများသည်  ၃  လက်မခန့်  ရှည်ပြီး ထိပ်ဝမှာ၂ လက်မခန့် ကျယ် သည်။ အရွက်ဟောင်းများ ကြွေကျသည်နှင့် တစ်ပြိုင် နက်တည်း ပန်းများသည် ထိပ်ဖျားများ၌ ပွင့်ကြသည်။ ပန်းများမှာလည်း အနံ့ မွှေးကြိုင် ပါသည်။

အသီးနှင့်အစေ့– ပဲသီးတောင့် ပုံသဏ္ဍာန် ဖြစ်၍ တွဲလောင်းသီးပြီး အလျှား ၆ လက်မခန့်ရှိသည်။ အစေ့များတွင် စက္ကူကဲ့သို့ ပါးလွှာသည့် အတောင်များ ပါရှိသည်။

ပွင့်သီးချိန် – ဖေဖော်ဝါရီလ မှ ဧပြီလအထိပန်းပွင့်ပြီး၊ မေလ မှ ဇွန်လ အထိ အသီးသီးချိန်ဖြစ်ပါသည်။

အသုံးဝင်မှု – အလှစိုက်ပင် အဖြစ်စိုက်ပျိုးကြသည်။

Habit
Bark
Flower
Inflorescence and flowers
Fruit
Seed

Myanmar Name –  Tabebuta

Common Name – Caribbean trumpet tree, silver trumpet tree, tree of gold

Botanical Name – Tabebuia aurea (Silva Manso) Benth.& Hook.f. ex S.Moore

Family Name – Bignoniaceae

Habitat – Native to South America in Suriname, Brazil, eastern Bolivia, Peru, Paraguay and northern Argentina.

Habit – Small tree to 10 m tall; branches nearly cylindrical or angular, densely covered with dotlike scales. 

Bark – silvery bark on picturesque, contorted branches and trunk. The crown is usually asymmetrical with two or three major trunks or branches dominating the crown. 

Leaves – Leaves digitate-compound, with (3-)5-7, long-petioluled leaflets; leaflets 5.5-14 x 1.5-2.7 cm, oblong, narrowly elliptic or oblanceolate, chartaceous to coriaceous, densely covered with dotlike scales on both surfaces, midvein prominent on lower side, the apex obtuse or acute, the base obtuse or rounded, sometimes oblique, the margins entire and strongly revolute; petioles and petiolules furrowed on upper surface; the petiolules 1-4.5 cm long, swollen at apex, the petiole 4.5-9 cm long, swollen at base

Inflorescence – Terminal clusters on leafless branches.

Flower – The flowers are bright yellow, up to 6.5 cm diameter, produced several together in a loose panicle. Flowers on short terminal racemes. Calyx bell-shaped with 5 irregular lobes, ca. 1.5 cm long, densely covered with dotlike scales; corolla yellow, 5-6 cm long, funnel-shaped, the lobes ca. 1.5 cm long, rounded; stamens included; ovary oblong, lepidote, the style solitary, the stigma peltate

Fruit – The fruit is a slender 10 cm long capsule. Fruit 10-12 x 1-1.2 cm, grayish, oblong, beaked at apex. Seeds oblong, 2 cm long, with membranous hyaline whitish wings.

Seed – Fruit 3-10 seeded, Seeds ovoid to rounded in outline, Seed surface smooth, Seed surface with resinous dots, Seeds olive, brown, or black.

Flowering and Fruiting Time – March – April

Usage – used in traditional medicine, as infusion or maceration with alcohol or chewing of stem bark during the day, to treat snake bites 

FD-APFNet (IFEM) Project

Scroll to Top