





မြန်မာအမည် – ပိတောက်
အင်္ဂလိပ်အမည် – Burma padauk, Rosewood
ရုက္ခဗေဒအမည် – 𝘗𝘵𝘦𝘳𝘰𝘤𝘢𝘳𝘱𝘶𝘴 𝘮𝘢𝘤𝘳𝘰𝘤𝘢𝘳𝘱𝘶𝘴 𝘒𝘶𝘳𝘻
မျိုးရင်း – Fabaceae
ပြန်နှံ့ပေါက်ရောက်ပုံ – အပူပိုင်းနှင့်နွေးသမပိုင်းဒေသရာသီဥတုများတွင် ကောင်းမွန်စွာပေါက် ရောက်သည်။ ခြောက်သွေ့တော၊ အင်တိုင်းတော၊ ရွက်ပြတ်ရောနှောတောများတွင် ပေါက်ရောက်လေ့ရှိသည်။ အရှေ့တောင်အာရှ နိုင်ငံမျာ; ဖြစ်သည့် မြန်မာ၊ လာအို၊ ကမ္ဘောဒီယား၊ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံများတွင် ပျံ့နှံ့ပေါက်ရောက်သည်။
အပင်သရုပ် – ရွက်ကြွေအပင်လတ်မျိုးဖြစ်ပြီးအပင်အမြင့် ၂၀-၃၀ မီတာရှိသည်။ ပင်စည်အချင်း ၁.၇ မီတာအထိရှိသည်။
အခေါက် – အခေါက်သည် မီးခိုးရောင်သန်းသည့်အညိုရောင်ရှိပြီးပြားချပ်သောအကြေးခွံများရှိသည်။ အတွင်းအခေါက်သည် အမျှင်များပြီးအသားထူ ၍ နီညိုရောင်ရှိသည်။ အခေါက်ဒဏ်ရာရပါကအနီရောင်အစေးများထွက် သည်။
အရွက် – ငှက်မွေးရွက်ပေါင်းအမျိုးအစားဖြစ်ပြီး၊ ရွက်လွှဲထွက်သည်။ အရွက် ၈-၁၂ စင်တီမီတာရှည်ပြီး၊ ရွက်ညှာ ၃-၅ စင်တီမီတာရှည်သည်။ ရွက်နားညီသည့်ရွက်မွှာများ ၇-၁၃ ရွက်ပါရှိပြီးကျဉ်းမြောင်းသောဘဲဥပုံရှိသည်။ ရွက်မွှာပြားများရွက်ရင်းဝိုင်း၍ ထိပ်အနည်းငယ် ချွန်သည်။ နုစဉ်တွင် အရွက်မျက်နှာပြင်တွင် အမွေးနုများရှိပြီးအစိမ်းနုရောင်ရှိကာရင့်လာပါကရွက်သားကြမ်းလာပြီးမှိန်ဖျော့သောအစိမ်းရောင်ပြောင်းလဲသွားသည်။
ပန်းခိုင် – ကိုင်းမဖြာသည့် ကြားထွက် အဆုံးမရှိပန်းခိုင်အမျိုးအစားဖြစ်ပြီး ၁၀-၁၅ စင်တီမီတာရှည်သည်။ ပွင့်ခံရွက်များသည်ကြွေလွယ်သည်။
ပန်းပွင့် – နှစ်ခြမ်းညီပန်းပွင့်အမျိုးအစားဖြစ်ပြီးအဝါရောင်ရှိသည်။ ပွင့်ဖတ်အုံသည် ခေါင်းလောင်ပုံရှိပြီး ၅-၆ မီလီမီတာရှည်သည်။ ပွင့်ချပ် ၅ ခုပါရှိသည်။ Standard ပွင့်ချပ်သည်ဘဲဥရှည်သွယ်ပုံရှိပြီးအရွယ်မှာ ၁၁-၁၃ x ၉-၁၂ မီလီမီတာရှိသည်။ Claw ပွင့်ချပ်သည် ၄-၅ မီလီမီတာရှိသည်။ Keel ပွင့်ချပ်များသည် နားရွက်ပုံရှိပြီး ၉-၁၀ x ၄-၅ မီလီမီတာအရွယ်ရှိသည်။ ဝတ်ဆံဖိုတိုင် ၁၀ ခုရှိပြီးတစ်စုစည်း (သို့) နှစ်စုစည်းရှိသည်။
အသီး– အသီးသည် အသီအတောင်ပံပါအသီးအမျိုးအစားဖြစ်ပြီးပြားချပ်၍ ဝိုင်းသောပုံသဏ္ဍာန်ရှိသည်။ အချင်း ၄-၆ စင်တီမီတာရှိသည်။ အတောင်ပံသည် လှိုင်းတွန့်များဖြစ်နေသည်။ အသီးညှာသည် တောင့် တင်းပြီး ၅-၁၀ မီလီမီတာရှည်သည်။
အစေ့ – အစေ့သည် ဘဲဥပုံ (သို့) ကျောက်ကပ်ပုံရှိကာပြားချပ်သည်။ အညိုရောင်ရှိပြီးပြောင်ချောသည်။
ပွင့်သီးချိန် – မတ်လနှင့်ဧပြီလသည် အပွင့်ပွင်ချိန်ဖြစ်ပြီး၊ မေလနှင့်ဇွန်လသည် အသီးသီးချိန်ဖြစ်သည်။
အသုံးဝင်မှု – သစ်သားသည် တာရှည်ခံပြီးခြစားဒဏ်ခံနိုင်ရည်ရှိသဖြင့် ပရိဘောဂများ၊ အဆောက်အဦဆောက်လုပ်ခြင်း၊ လှည်းဘီးများ၊ ကိရိယာလက်ကိုင်များ၊ တိုင်များအဖြစ်အသုံးပြုကြသည်။






Myanmar Name – Padauk
Common Name – Burma padauk, Rosewood
Botanical Name – 𝘗𝘵𝘦𝘳𝘰𝘤𝘢𝘳𝘱𝘶𝘴 𝘮𝘢𝘤𝘳𝘰𝘤𝘢𝘳𝘱𝘶𝘴 𝘒𝘶𝘳𝘻
Family Name – Fabaceae
Habitat – It is well adapted to tropical and subtropical climates. Typically grows in dry dipterocarp forests and mixed deciduous forests. Native to the seasonal tropical forests of southeastern Asia: in Myanmar, Laos, Cambodia, Thailand, and Vietnam.
Habit – Medium-sized deciduous tree growing to 10–30 m (rarely to 39 m) tall, with a trunk up to 1.7 m diameter; it is deciduous in the dry season.
Bark – The bark is flaky, grey-brown; if cut, it secretes a red gum, pale brown or grey, thickened, slightly fissured, becoming darker or blackish and scaly with age; inner bark fibrous, red brown in color.
Leaves – Pinnately compound leaf, alternate, 8-20 cm long, petiole 3-5 cm long, rhachis 5-15 cm long, densely hairy, glabrescent. Leaflets 7-13, alternate or rarely subopposite, narrowly elliptic, 3-9 by 2-4 cm, base rounded or obtuse, apex acute or acuminate-obtuse, emarginate, young leaves densely hairy, mature leaves bright or dark green and smooth above, usually dull green with scattered brown hairs.
Inflorescence – Inflorescences usually axillary racemes, 10-15 cm long. Bracts early caducous. Bracteoles linear, 2-3 by 1 mm, caducous. Pedicels 10 mm long, pubescent.
Flower – Flowers bright yellow. Calyx bell-shaped, 5-6 mm long, hairy, all the lobes hairy on both sides towards the top. Standard obovate-elliptic, 11-13 by 9-12 mm, claw 4-5 mm long. Wings falcate, obovate, auriculate, 10-15 by 5-7 mm, claw 4-5 mm long. Keel petals auriculate, 9-10 by 4-5 mm, claw 3-5 mm long. Stamens 10, monadelphous or diadelphous.
Fruit – Fruits orbicular or semi-orbicular, 4-6 cm in diameter, wing wavy, stalk 5-10 mm long.
Seed – Seeds ovoid to rounded in outline, 1 or 2, 9 mm long ,reniform, surface smooth, brown, or black.
Flowering and Fruiting Time – Flowering from March to April and fruiting time May to June.
Usage – The wood is durable and resistant to termites; it is important, used for furniture, construction timber, cart wheels, tool handles, and posts.