





မြန်မာအမည် – ယုဇန
အင်္ဂလိပ်အမည် – Orange jasmine
ရုက္ခဗေဒအမည် – Murraya paniculata (L.) Jack
မျိုးရင်း – Rutaceae
ပြန်နှံ့ပေါက်ရောက်ပုံ – တောင်အာရှ၊ အရှေ့တောင်အာရှနှင့် သြစတြေးလျနိုင်ငံ၊ ပါကစ္စတန်၊ အိန္ဒိယ၊ သီရိလင်္ကာ၊ တရုတ်နှင့် ဖိလစ်ပိုင်တို့မှာ မူရင်းဇာတိဖြစ်သည်။
အပင်သရုပ် – အပင်အမြင့် ၂-၇ မီတာခန့်မြင့်၍ အမြဲစိမ်းသော ချုံပင် သို့မဟုတ် အပင်ငယ်များဖြစ်သည်။
အခေါက် – အပင်ငယ်စဉ်တွင် အညိုရင့်ရောင် ချောမွတ်ပြီး အသက်ကြီးလာသည် နှင့်အမျှ ပိုမိုကြမ်းတမ်းလာပြီး ညိုမဲလာ၍ အက်ကြောင်းများ ဖြစ်ပေါ် လာနိုင်သည်။
အရွက် – ရွက်လွှဲထွက်သည့် ရွက်ထီးအမျိုးအစား ဖြစ်သည်။ ရွက်မွှာ ၃ -၉ ရွက် ပါရှိသည်။ အရွက်သည် ဘဲဉပုံသဏ္ဍာန် ရှိ၍ ရွက်နားညီ၍ ချောမွေ့ သည်။
ပန်းခိုင် – အဆုံးရှိပန်းခိုင်အမျိုးအစားဖြစ်၍ ကြားထွက်/ထိပ်ထွက် ပန်းခိုင်အမျိုး အစားဖြစ်သည်။
ပန်းပွင့် – လိင်စုံပန်းပွင့်အမျိုးအစားဖြစ် သေးငယ်သော အဖြူရောင် ပွင့်ချပ်များ ၅ခုပါရှိပြီး နှစ်ခြမ်းညီပန်းပွင့်အမျိုးအစား ဖြစ်သည်။
အသီးနှင့်အစေ့– လုံးဝန်း၍ ဘယ်ရီသီးကဲ့သို့ဖြစ်ပြီး အစေ့များသည် သေးငယ်ပြီး ဘဲဥပုံ သဏ္ဍာန်ရှိပြီး အညိုရောင်ရှိသည်။
ပွင့်သီးချိန် – မေလမှ ဇွန်လအထိပန်းပွင့်ချိန်ဖြစ်၍ ဩဂုတ်လမှ အောက်တိုဘာလ အထိ အသီးသီးချိန်ဖြစ်သည်။
အသုံးဝင်မှု – အလှစိုက်အပင်အဖြစ် စိုက်ပျိုးကြပြီး တိုင်းရင်းဆေးဝါးတွင် အရွက်နှင့် အခေါက်တို့မှ အစာအိမ်ရောဂါများ၊ အရေပြားရောဂါနှင့် အသက်ရှူ လမ်းကြောင်းဆိုင်ရာ အမျိုးမျိုးသော ဝေဒနာများကို ကုသရာတွင် အသုံးပြုကြသည်။






Myanmar Name – Yuzana
Common Name – Orange jasmine
Botanical Name – Murraya paniculata (L.) Jack
Family Name – Rutaceae
Habitat – Native to South and Southeast Asia, China and Australasia, while the distribution area extends from Pakistan via India, Sri Lanka and southern China to Taiwan, the Philippines.
Habit – Evergreen shrub or small tree that typically grows to a height of about 2-7 meters (6.5-23 feet). Its habit is generally bushy and rounded, with dense foliage.
Bark – Smooth and grayish-brown when young, becoming rougher and darker with age. It may develop small cracks or fissures as the plant matures.
Leaves – Compound, alternate, and glossy green. Each leaf is composed of 3-9 leaflets, which are lanceolate to ovate in shape, with pointed tips and smooth margins. The leaflets are arranged in an opposite pattern along the leaf axis, giving the appearance of pinnate leaves.
Inflorescence – Clusters of small, white flowers. These flowers are typically arranged in terminal or axillary cymes, which are branched clusters where the central flower opens first, followed by the lateral ones.
Flower – Small, white, and highly fragrant. Each flower has five petals and a central cluster of stamens with yellow anthers.
Fruit – Small, round berry that turns from green to orange-red when ripe. The berries are fleshy and contain one to two seeds.
Seed – Small, oval-shaped, and brown in color. Each fruit typically contains one to two seeds.
Flowering and Fruiting Time – Flowering time from May to July and fruiting time from August to October.
Usage – Cultivated as an ornamental tree. In traditional medicine used to treat skin diseases, stomach diseases and various respiratory ailments.