





မြန်မာအမည် – တမာ
အင်္ဂလိပ်အမည် – Neem tree, mkilifi, mwarubaini kamili (Kiswahili)
ရုက္ခဗေဒအမည် – Azadirachtaindica A.Juss
မျိုးရင်း – Meliaceae
ပြန်နှံ့ပေါက်ရောက်ပုံ – အိန္ဒိယနိုင်ငံ၊ သီရိလင်္ကာ ၊ ပါကစ္စတန်၊ အရှေ့ တောင်အာရှ၊ အထူးသဖြင့်မြန်မာနိုင်ငံ အပူပိုင်းဒေသများတွင် မူရင်းဒေသအဖြစ် ပေါက်ရောက်သည်။
အပင်သရုပ် – အမြဲစိမ်း၍ အမြင့် ၁၅ မီတာခန့်မြင့်ပြီး အပင်လတ်အမျိုး အစားဖြစ်ပြီး အုပ်ရွက်ကြီးမားသည်။
အခေါက် – အပင်ငယ်စဉ်တွင် အညိုရောင်သန်း၍ အသက်ရင့်လာသည်နှင့် အမျှ ထွန်သွားကဲ့သို့ အကြေးခွံပုံသဏ္ဍာန်များ ဒေါင်လိုက်အစင်း ကြောင်းများ ဖြစ်ပေါ်လာသည်။
အရွက် – ရွက်ဆိုင်ထွက်သည့် ငှက်မွေးပုံ ရွက်ပေါင်းအမျိုးအစားဖြစ် သည်။ ရွက်တံတစ်ခုတွင် အစိမ်းရောင်ရှိသော ရွက်မြွှာများ ၄ မှ ၆ စုံ အထိ ပါရှိသည်။ ရွက်မြွှာများ၌ ရွက်ရင်း မှာ တစ်ဖတ် စောင်းနေပြီး၊ ခွေးသွားစိတ်ကဲ့သို့ အနားများပါရှိ၍ ထိပ်ဖျား ချွန်ပါသည်။
ပန်းခိုင် – ကြားထွက် အဆုံးမရှိပန်းခိုင်အမျိုးအစားဖြစ်သည်။
ပန်းပွင့် – လိင်စုံ၍ လေးခြမ်းညီ ပန်းပွင့်အမျိုးအစားဖြစ်ပြီး၊ အဝါဖျော့ ဖျော့အရောင်ရှိသည်။
အသီးနှင့်အစေ့ – အတွင်းခွံမာသီးအမျိုးအစားဖြစ်သည်။ ရင့်မှည့် လာသည့်အခါ စိမ်းဝါရောင် ဖြစ်လာသည်။ အခွံအတွင်း၌ အစေ့တစ်စေ့သာ ပါရှိတတ်သည်။
ပွင့်သီးချိန် – ဖေဖော်ဝါရီလမှ မတ်လအထိ ပန်းပွင့်ပြီး စက်တင်ဘာလ အထိအသီးသီးချိန်ဖြစ်သည်။
အသုံးဝင်မှု – အစိတ်အပိုင်းအားလုံးကို ရောင်ရမ်းခြင်း၊ ရောဂါပိုးဝင်ခြင်း၊ အဖျားတက်ခြင်း၊ အရေပြားရောဂါများနှင့် သွားဘက်ဆိုင်ရာ ရောဂါများကို ကုသရာတွင် ရှေးယခင်ကတည်းက အသုံးပြုခဲ့ကြ သည်။






Myanmar Name – Tama
Common Name – Neem tree, mkilifi, mwarubaini kamili (Kiswahili)
Botanical Name – Azadirachtaindica A.Juss
Family Name – Meliaceae
Habitat – native to the Indian subcontinent and to parts of Southeast Asia, but is naturalized and grown around the world in tropical and subtropical areas.
Habit – a small to medium-sized tree, usually evergreen, up to 15 (30 max.) m tall, with a round, large crown up to 10 (20 max.) m in diameter; branches spreading; bole branchless for up to 7.5 m, up to 90 cm in diameter, sometimes fluted at base
Bark – bark moderately thick, with small, scattered tubercles, deeply fissured and flaking in old trees, dark grey outside and reddish inside, with colourless, sticky foetid sap.
Leaves – Leaves alternate, crowded near the end of branches, simply pinnate, 20- 40 cm long, exstipulate, light green, with 2 pairs of glands at the base, otherwise glabrous; petiole 2-7 cm long, subglabrous; rachis channelled above; leaflets 8-19, very short petioluled, alternate proximally.
Inflorescence – Inflorescence an axillary, many-flowered thyrsus, up to 30 cm long; bracts minute and caducous.
Flower – flowers bisexual or male on same tree, actinomorphic, small, pentamerous, white or pale yellow, slightly sweet scented; calyx lobes imbricate, broadly ovate and thin, puberulous inside; petals free, imbricate, spathulate, spreading, ciliolate inside.
Fruit – Fruit 1 (max. 2)-seeded drupe, ellipsoidal, 1-2 cm long, greenish, greenishyellow to yellow .
Seed – seed ovoid or spherical; apex pointed; testa thin, composed of a shell and a kernel (sometimes 2 or 3 kernels), each about half of the seed’s weight.
Flowering and Fruiting Time – Flowering and fruiting: February-September
Usage – All parts of the neem tree have been used traditionally for the treatment of inflammation, infections, fever, skin diseases and dental disorders. The medicinal utilities have been described especially for neem leaf.