ရှောက်

အပင်သရုပ်
အခေါက်
ပန်းခိုင်နှင့် ပန်းပွင့်
အရွက်
အသီး
အစေ့

မြန်မာအမည် – ရှောက်

အင်္ဂလိပ်အမည် – Lemon

ရုက္ခဗေဒအမည် Citrus  limon(L.) Osbeck

မျိုးရင်း – Rutaceae

ပြန်နှံ့ပေါက်ရောက်ပုံ – မူရင်းဒေသ အဖြစ်  မြန်မာ၊ တရုတ်၊ အိန္ဒိယနိုင်ငံ မြောက်ပိုင်း တွင်တွေ့ရပြီး ဥရောပတိုက်နှင့် အီတလီနိုင်ငံ တောင်ပိုင်းတွင်လည်း ပေါက်ရောက်သည်။

အပင်သရုပ် – အမြင့် ၆ မီတာခန့်မထိမြင့်၍ အပင်လတ်အမျိုးအစားပြီး အမြဲစိမ်းဖြစ်သည်။ ချွန်ထက်သော ဆူးများ ရှိသည်။

အခေါက် – အခေါက်သည် အပင်ငယ်စဉ်တွင် ချောမွှေ့၍ အညိုရောင် သန်းပြီး အသက်ရင့်လာသည်နှင့်အမျှ ကြမ်းတမ်း၍ ညိုမည်း သောအရောင်ရှိသည်။

အရွက် – ရွက်လွှဲ ထွက်ပြီး ရွက်ထီးအမျိုးအစားဖြစ်သည်။ ဘဲဥပုံရှိပြီး ရွက်ထိပ် ချွန်၍ ရွက်ရင်း သွယ်သည်။ ရွက်ပြား ထူ၍ ချောသည်။ ရွက်ညှာတွင် အတောင်ပါသည်။

ပန်းခိုင် – အဆုံးရှိပန်းခိုင်ဖြစ်၍ ကြားထွက်ပန်းခိုင်အမျိုးအစားဖြစ်သည်။

ပန်းပွင့် – သေးငယ်ပြီး နှစ်ခြမ်းညီပန်းခိုင်အမျိုးအစားဖြစ်သည်။ အဖြူ ရောင်ရှိ၍ ပွင့်ဖတ် ကျောဘက် တွင် အညိုရောင် သန်းပြီး သင်းပျံ့သော အနံ့ ရှိသည်။

အသီးနှင့်အစေ့ – အစေ့များ ခွံပျော့ သီး ဖြစ်သည်။ အသီးမှာ အလတ်စား အသီးမျိုး ဖြစ်၍ လုံးဝိုင်းပြီး အစိမ်းရောင် ရှိသည်။ အရည် ရွှမ်းသည်။ အသီးခွံ ထူ၍ အဆီ အိတ်ကလေး များ ရှိသည်။ အစေ့ သေးငယ်ပြီး အဖြူရောင် ရှိသည်။

ပွင့်သီးချိန် – မတ်လမှ မေလအထိပန်းပွင့်၍ ဇွန်လမှ စက်တင်ဘာလ အထိအသီးသီးချိန်ဖြစ်သည်။

အသုံးဝင်မှု – စားသောက်ကုန်တွင် အသုံးပြုပြီး၊ မြန်မာ ဆေးကျမ်း များတွင် ရှောက်သီးသည် ချဉ်၍ နှလုံးကို ကြည်လင်ပြီး ၊ သွေးသားကို သန့်ရှင်း စေသည်။

Habit
Bark
Inflorescence and Flowers
Leaf
Fruits
Seeds

Myanmar Name – ရှောက်

Common Name – Lemon

Botanical Name – Citrus  limon(L.) Osbeck

Family Name – Rutaceae

Habitat – Native to Burma, although it is also prevalent in northern India. Moreover, it has found suitable cultivation conditions in various regions, including China and parts of Europe, notably southern Italy.

Habit – Height up to 6 meters, medium type of plant, evergreen. There are many branches and sharp thorns all over the tree.

Bark – The bark is smooth and dark brown when the tree is young, and becomes rough and dark brown as it ages.

Leaves – Simple, alternate, ovate to elliptical in shape, and typically grow in an alternate arrangement on the branches. They have a glossy texture, with a leathery feel, and emit a citrusy aroma when crushed.

Inflorescence and Flower – Clusters of white, fragrant flowers. These flowers are typically solitary or in small clusters at the leaf axils. Each flower has five petals and numerous stamens.

Fruit and  seed – Oval or elliptical in shape and typically yellow when ripe and contain several seeds within their pulp. These seeds are typically small, ovoid, and light brown in color

Flowering and Fruiting Time – Flowering  time from March to May and Fruiting from June to September.

Usage – In Burmese medicine books, the gourd is sour and clears the heart. Purifies the blood.

FD-APFNet (IFEM) Project

Scroll to Top