သစ်တို

အပင်သရုပ်
အခေါက်
အရွက်
ပန်းခိုင် နှင့် အပွင့်
ပန်းခိုင် နှင့် အသီး 
အသီး
အစေ့

မြန်မာအမည် – သစ်တို

အင်္ဂလိပ်အမည် – Santol, Sentul or Cotton fruit

ရုက္ခဗေဒအမည် Sandoricum koetjape (Burm.f.) Merr.

မျိုးရင်း – Meliaceae

ပြန်နှံ့ပေါက်ရောက်ပုံ – အရှေ့တောင်အာရှနိုင်ငံများ၊ မလေးရှားတို့တွင် မူရင်းဒေသများ အဖြစ်ပေါက်ရောက်ပြီး၊ အင်ဒိုချိုင်းနား၊ သီရိလင်္ကာ၊ အိန္ဒိယ၊ ဩစတေးလျမြောက်ပိုင်းတို့တွင် စိုက်ပျိုးလေ့ရှိသည်။

အပင်သရုပ် – ကျဉ်းမြောင်းသော ဘဲဥပုံရွက်အုပ်ရှိပြီး ကြီးမားသော အမြဲစိမ်းအပင် ကြီးမျိုးဖြစ်သည်။ အမြင့် ၂၅ မီတာဝန်းကျင်တွင် ပေါက်သော်လည်း အချို့သောအပင်များသည် မီတာ ၅၀ အထိမြင့်သည်။ ပင်စည်သည် တစ်ခါတစ်ရံ ဖြောင့်သော်လည်း၊ အောက်ခြေတွင် အရှိုက်များရှိတတ် သည်။

အခေါက် – အခေါက်မျက်နှာပြင်သည် ချောမွေ့သော သို့မဟုတ် တခါတရံ အကြေးခွံအဖတ်များကဲ့သို့လန်နေတတ်သည်။ အခေါက်မျက်နှာပြင် တွင် အပွေးကွက်များရှိတတ်သည်။ အရောင်မှာ ပန်းရောင်ဖျော့မှ အညိုဖျော့မှ မီးခိုးရောင်ရှိပြီး၊ အတွင်းအခေါက်သည် အညိုဖျော့ဖျော့ သို့မဟုတ် နီညိုရောင်မှ ပန်းရောင်အထိရှိပြီး နို့စေးများထွက်သည်။

အရွက် – အရွက်များသည် ငှက်မွေးရွက်ပေါင်းအမျိုးအစားဖြစ်ပြီး ရွက်လွှဲ ထွက်သည်။ အရွက်တစ်ခရွက်စီတွင် အဖျောချွန်၍ အခြေဝိုင်းသည့် ဘဲဥပုံ ရွက်မွှာ ၃ ရွက်ပါရှိပြီး ရွက်နားသည် လှိုင်းတွန့်များ (သို့) ရွက်နားညီများဖြစ်သည်။ ထိပ်ရွက်မွှာသည် ၆-၂၆ x ၃-၁၆ စင်တီမီ တာရှိပြီး ဘေးဘက်ရှိ အရွက်နှစ်ရွက်သည် အရွယ်ပိုသေးကာ ၄-၂၀ x ၂-၂၅ စင်တီမီတာရှိသော ရွက်မွှာများတွင် မညီမညာသော ရွက်ကြောများရှိကြသည်။

ပန်းခိုင် – ပန်းပွင့်များသည် ၁၅-၃၀ စင်တီမီတာအရှည်ရှိသည့် ကြားထွက် အဆုံးရှိပန်းခိုင်ပေါ်တွင် ခပ်ကျဲကျဲဖူးပွင့်ကြသည်။

ပန်းပွင့် – ပန်းပွင့်များသည် လိင်စုံပန်းပွင်းများဖြစ်ကြပြီး၊ ပန်းရောင်၊ အဝါ ရောင်၊ အစိမ်းဖျော့ရောင် သို့မဟုတ် ဖြူဝါရောင်ရှိကြကာ၊ မွှေးကြိုင် သောရနံ့ရှိကြသည်။ အရွယ်အားဖြင့် ၁ x ၁.၃ စင်တီမီတာခန့်ရှိပြီး၊ ပွင့်ချပ် ၅ ခုစီပါရှိသည်။

အသီး – အသီးသည် အမျိုးအစားပေါ်မူတည်၍ အရွယ်အစားနှင့် ပုံသဏ္ဍာန် ကွဲပြားကြပြီး ယေဘုယျအားဖြင့် ပျမ်းမျှအားဖြင့် အချင်း ၄ မှ ၇ စင်တီမီတာအထိရှိပြီး အဝိုင်းပုံ၊ ဘဲဥပုံ သို့မဟုတ် အလုံးပုံ သဏ္ဍာန်ရှိ သည်။ အသီး၏ မျက်နှာပြင်သည် ပါးလွှာသည်မှ အသားထူအထိ ရှိတတ်သည်။

အစေ့– အသီးသည် လုံးဝိုင်းပြီး ပန်းသီးကြီးတစ်လုံးကဲ့သို့ ကြီးမားသည်။ အသီးအတွင်းတွင် အညိုရောင်အစေ့ ၃ မှ ၅ ပတ်ပတ်လည်တွင် အဖြူရောင်အရည်ရွှမ်းသောပျော့ဖတ်ရှိသည်။

ပွင့်သီးချိန် – မေလမှဇွန်လတွင်ပန်းပွင့်ပြီးဇူလိုင်လမှစက်တင်ဘာလအတွင်း အသီးသီးသည်။

အသုံးဝင်မှု – အရွက်နှင့် အခေါက်တို့ကို ဆေးဖက်ဝင် လိမ်းဆေးအဖြစ် အသုံးပြု ကြသည်။ အပင်၏ အစိတ်အပိုင်း အများအပြားသည် ရောင်ရမ်းမှုကို ဆန့်ကျင်သည့် အာနိသင်များ ရှိနိုင်ပြီး အချို့သော ဓာတု ဓာတ်ပေါင်းများသည် vitro တွင် ကင်ဆာကို ဆန့်ကျင်သည့် ဂုဏ်သတ္တိရှိကြသည်။ အစေ့မှ ထုတ်ယူထားသော အရည်သည် ပိုးသတ်ဆေး သတ္တိရှိသည်။

Habit
Bark
Leaf
Inflorescence And Flower
Fruit
Inflorescence And Fruit
Seeds

Myanmar Name – Thitto

Common Name – Santol, Sentul or Cotton fruit

Botanical Name – Sandoricum koetjape (Burm.f.) Merr.

Family Name – Meliaceae

Habitat – Native to South east Asia countries, Malaysia, but it has been introduced to Indochina, Sri Lanka, India, northern Australia, Seychelles.

Habit – A large, ornamental evergreen tree with a dense, narrowly oval crown; it usually grows around 25 m tall but with some specimens up to 50 m. The bole, which is sometimes straight but often crooked or fluted,

Bark – Bark surface smooth or sometimes flaky or fissured, lenticillate, greyish to pale pinkish-brown, inner bark pale brown or red-brown to pink, exuding a milky latex.

Leaves – Leaves are pinnately compound and alternate in position. Each leaf has 3 leaflets that are elliptic to oblong-ovate with pointed tips and rounded bases, and entire or wavy leaf margins. The apical leaflets are 6–26 by 3–16 cm, and the lateral leaflets are smaller, 4–20 by 2–15 cm Leaflets have sunken veins that create an uneven leaf texture.

Inflorescence – Flowers are loosely arranged in axillary branched panicle infloresences, 15-30 cm.

Flower – Bisexual flowers that are pinkish yellow, yellowish green, or white-yellow, fragrant, about 1 by 1.3 cm, possessing five free petals.

Fruit – Fruits vary in size and shape, depending on the variety, and generally average 4 to 7 centimeters in diameter with a round, oval, or oblate shape. The fruit’s surface is textured, semi-rough, leathery, tough, and wrinkled, ranging from thin to thick.

Seed – Fruit is round and as big as a big apple. Inside the fruit, there is a white juicy pulp around 3 to 5 brown seeds.

Flowering and Fruiting Time – Flowering in May-Jun and fruiting in July-September.

Usage – The leaves and bark have been used medicinally as a poultice. Several parts of the plant may have anti-inflammatory effects, and some chemical extracts from santol stems have shown anti-cancer properties in vitro. Extracts from santol seeds have insecticidal properties.

FD-APFNet (IFEM) Project

Scroll to Top